ကန်ချနာဘူရီခရိုင်၊ ဆိုင်းရို့ အဝေးပြေးရဲတွေဟာ လမ်းမပေါ်မှာ အလေးချိန်များစွာ တင်ဆောင်ထားပြီး အရှိန်နဲ့ မောင်းလာတဲ့ သံသယဖြစ်ဖွယ် ကားတစ်စီးကို တွေ့ရှိခဲ့တာကြောင့် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၁၁ ဦးနဲ့ ယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီကားဟာ လမ်းဆုံမီးပွိုင့်မှာ မီးနီမိလို့ ရပ်တန့်နေတုန်း ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးခဲ့တာပါ။ စစ်ဆေးကြည့်ရာမှာ အသက် ၄၄ နှစ်အရွယ် ယာဉ်မောင်းနဲ့အတူ ကားထဲမှာ မြန်မာလုပ်သား ၁၁ ဦးကို တွေ့ရှိခဲ့ရပြီး ၄ ဦးကတော့ ကားနောက်ဘက် ပစ်ကပ်ကားကြမ်းပြင်ပေါ်မှာ ပုဆိုးစနဲ့ ဖုံးအုပ်ပြီး လိုက်ပါလာတာပါ။ သူတို့အားလုံးမှာ တရားဝင် အစိုးရထုတ် စာရွက်စာတမ်းတွေနဲ့ နိုင်ငံကူးလက်မှတ်တွေ တစ်ခုမှ မရှိကြပါဘူး။

ယာဉ်မောင်းကို စစ်မေးကြည့်တော့ ကန်ချနာဘူရီခရိုင်၊ စန်ခလဘူရီမြို့နယ်ကနေ လုပ်သားတွေကို လာရောက်ခေါ်ယူခဲ့တာဖြစ်ပြီး သူတို့အားလုံးကို သတ်မှတ်နေရာကို ပို့ဆောင်ပေးနိုင်ရင် တစ်ဦးကို ၆,၀၀၀ ဘတ်နှုန်းနဲ့ စုစုပေါင်း ၉၀,၀၀၀ ဘတ် ရရှိမှာ ဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေကတော့ ကုန်းလမ်းကနေ ထိုင်းနိုင်ငံထဲ ဝင်လာပြီး စန်ခလဘူရီက အဲဒီကားကို စီးခဲ့တာဖြစ်ကြောင်းနဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ စမုစခွန်ခရိုင်၊ မဟာချိုင်ဈေး မှာ အလုပ်လုပ်ဖို့ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

ရဲတွေကတော့ ယာဉ်မောင်းနဲ့ မြန်မာလုပ်သားအားလုံးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ ကန်ချနာဘူရီမြို့မရဲစခန်းကို လွှဲပြောင်းပေးလိုက်ပြီ ဖြစ်တယ်လို့ highway police သတင်းက ဖော်ပြပါတယ်။ 

Share.
Leave A Reply

Exit mobile version