ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနပူရီခရိုင်၊ စန်ခလာပူရီမြို့နယ်မှာ အောက်တိုဘာလ ၂ ရက်နေ့ မနက်အစောပိုင်းက ချွန်ပူရီမှာ အလုပ်သွားလုပ်ဖို့အတွက် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၁၄ ဦး ကို အထူးတပ်ဖွဲ့ နဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က ကင်းလှည့်နေစဉ်အတွင်း နိုင်ငံခြားသားဟု ယူဆရတဲ့ လူအုပ်စုတစ်စုကို တွေ့ရှိရပြီး စစ်ဆေးရာမှ ဖမ်းမိခဲ့တာပါ။ ဖမ်းမိတဲ့အမျိုးသမီးတွေဟာ မြန်မာဘက်ခြမ်း ဘုရားသုံးဆူခရိုင်ကနေ လာခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ လုံခြုံရေးဂိတ်တွေကို ရှောင်ကွင်းပြီးဘန်ဘောဂျပန်ရွာ အနီးက သဘာဝလမ်းကြောင်းအတိုင်း ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပြီး ထိုင်းစကားလည်းမပြောတတ်ကြသလို တရားဝင်အထောက်အထား စာရွက်စာတမ်းတွေလည်း မရှိကြဘူးလို့ ဆိုပါတယ်။

စကားပြန်က တစ်ဆင့် စစ်ဆေးမေးမြန်းချက်အရ ဖမ်းမိသူတွေဟာ ချွန်ပူရီမှာ အလုပ်လုပ်ဖို့ ရည်ရွယ်ကာ ဝင်လာကြတာဖြစ်ပြီး အလုပ်ရှာပေးတဲ့ ပွဲစားကို သွားမယ့် နေရာရောက်မှ တစ်ဦးလျှင် ဘတ် ၁၂,၀၀၀ စီပေးချေဖို့ သဘောတူထားတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ နေရာမရောက်ခင်မှာပဲ စစ်ဆေးရေးအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။ လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ တရားမဝင် မြန်မာအမျိုးသမီး ၁၄ ဦးကို ဥပဒေအရ အရေးယူနိုင်ဖို့ စန်ခလာပူရီရဲစခန်း ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี

Share.
Leave A Reply

Exit mobile version