ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်မှာ မသင်္ကာစရာ အလုံပိတ်ဗင်ကားတစ်စီးကို ရဲတွေက ရပ်တန့်စစ်ဆေးရာမှ စာရွက်စာတမ်းမရှိတဲ့ မြန်မာလုပ်သား ၇ ဦးကို တွေရှိခဲ့ပြီး ဖမ်းဆီးခံခဲ့ရပြန်ပါတယ်။ မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ဖို့အတွက် ဝင်ရောက်ဖို့ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။
အဝေးပြေးလမ်းမကြီးပေါ်မှာ ဖြည်းဖြည်းနဲ့ မသင်္ကာဖွယ် မောင်းလာတဲ့ ဗင်ကားတစ်စီးကို ရဲတွေက သတိထားမိပြီး ရပ်တန့်စစ်ဆေးခဲ့တာပါ။ ကားမောင်းသူမှာ မြန်မာနိုင်ငံသားဖြစ်ပြီး ကားအတွင်း စုစုပေါင်း မြန်မာနိုင်ငံသား ၇ ဦးကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။အားလုံးမှာ နိုင်ငံကူးလက်မှတ်နဲ့ တခြားတရားဝင်စာရွက်စာတမ်းတွေ မရှိခဲ့ပါဘူး။
မြန်မာလုပ်သားတွေကို တာ့ခ်ခရိုင်ကနေ စူဖန်ပူရီကို သယ်လာပြီး အဲဒီကနေမှ ချွန်ပူရီအပါအဝင် တခြားခရိုင်တွေဆီ အလုပ်သွားလုပ်ရန်အတွက် ပို့ဆောင်ပေးဖို့စီစဉ်ထားတယ်လို့ ပြောပါတယ်။လက်ရှိမှာတော့ ဖမ်းမိထားတဲ့ လူတွေကို တရားဥပဒေအရ အရေးယူဖို့ သက်ဆိုင်ရာရဲစခန်းကို ပို့ဆောင်လိုက်ပြီလို့ highway police သတင်းအရ သိရပါတယ်။