နေရပ် ပြန်ပို့မည်
ချင်းမိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၅ ရက်နေ့မှာ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ရဲတွေဟာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ချင်းမိုင်မြို့နယ်၊ ချန်ဖောက်ရပ်ကွက်မှာ စစ်ဆေးမှုတွေ ပြုလုပ်နေစဉ် ဖမ်းမိခဲ့တာဖြစ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူ ၅ ဦးဟာ ထိုင်းနိုင်ငံထဲကိုဝင်ရောက်လာတာ ၅ရက်လောက်သာ ရှိသေးပြီး အလုပ်လာရှာရင်း တရားမဝင် ဝင်ရောက်လာတာလို့ ဝန်ခံခဲ့ပါတယ်။
အခုလို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံတော်အတွင်း ဝင်ရောက်နေထိုင်တဲ့ စွဲချက်နဲ့ အမှုဖွင့်ထားပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ၎င်းတို့ရဲ့ နိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ချင်းမိုင်လူဝင် ကြီးကြပ်ရေးသတင်းအရ သိရပါတယ်။