ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်မြို့နယ်ရှိ တာ့ဆိုင်းလွတ်ရပ်ကွက်၊ဘန်ယိုချရွန် ဧရိယာတွင် ဇူလိုင်လ ၁၅ ရက်နေ့က  မြန်မာနိုင်ငံသားအမျိုးသား ၃ ဦးကို တရားမဝင်နေထိုင်မှုနဲ့ မူးယစ်ဆေးမှုတို့ဖြင့် ဖမ်းဆီးလိုက်တယ်လို့ တာခ့်လူဝင်မှုကြီးကြပ်ရေး သတင်းအရ သိရပါတယ်။ 

ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိများက ပူးပေါင်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီး ခံရသူများမှာ အသက် ၂၀ အရွယ်အမျိုးသားတစ်ဦး ၊ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသား တစ်ဦး တို့ပါဝင်တယ်လို့ သိရပါတယ်။ 

အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးကို စိတ်ကြွဆေးပြား လက်ဝယ်ထားရှိမှု နဲ့ သုံးစွဲမှု တို့ဖြင့် ဖမ်းဆီးခဲ့ပြီး အသက် ၃၃ နှစ်အရွယ် အမျိုးသား တစ်ဦးကိုလည်း စိတ်ကြွဆေးပြား သုံးစွဲမှု နဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၀ နှစ်အရွယ် အမျိုးသား တစ်ဦးကိုတော့ စိတ်ကြွဆေးပြား သုံးစွဲမှု အပြင် အထောက်အထားမရှိပဲ တရားမဝင်နေထိုင်မှု နဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူအားလုံးကို ၂၀၂၂ ခုနှစ် ညှဉ်းပန်းနှိပ်စက်မှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၂ အရ တရားဝင် အရေးယူ ဆောင်ရွက်ပြီး မဲဆောက်မြို့နယ် ရဲစခန်းကို ဥပဒေအရ ဆက်လက်အရေးယူဖို့ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ 

Share.
Leave A Reply

Exit mobile version