ရွှေ့ပြောင်းအလုပ်သမားဗီဇာ(Non-LA)ဟာ ထိုင်းနိုင်ငံမှာ နှစ်နှစ်ဆက်တိုက်နေထိုင်ခွင့် ရပါတယ်။

ဒါပေမယ့် သက်တမ်းကုန်ဆုံးတော့မယ်ဆိုရင်တော့ သက်တမ်းတိုးဖို့အတွက် ရက် ၃၀ ကြိုတင်ပြီး လျှောက်ထားမှုကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ သက်တမ်းကုန်သွားပြီး ဆက်နေနေမယ်ဆိုရင် ဒဏ်ကြေးဟာ ဘတ် ၅၀၀ ကနေ ၂၀၀၀၀ ထိ ရှိပါတယ်။

သက်တမ်းကျော်လွန် နေထိုင်မှုဟာ ရက် ၃၀ ထက်ပိုခဲ့မယ်ဆိုရင်တော့ သက်တမ်းတိုးခွင့်ပြုမှာ မဟုတ်တော့ပါဘူး။

အထက်ပါ အချက်အလက်တွေဟာ IOM(International Organization for Migration )ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများလမ်းညွှန်လက်စွဲစာအုပ်ကို အခြေခံရေးသားထားတာ ဖြစ်ပါတယ်။

Ref: IOM/ ရွှေ့ပြောင်းအလုပ်သမားလမ်းညွှန်လက်စွဲစာအုပ်

Share.
Leave A Reply

Exit mobile version