Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: ဗီဇာ
ထိုင်းနိုင်ငံမှာ ခရီးသွားတွေကို ဝင်ခွင့်ငြင်းပယ်တာတွေ များလာတဲ့အတွက် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်တွေက အစိုးရကို အရေးပေါ် တောင်းဆိုနေပါတယ်။ အဓိကကတော့ ဗီဇာစည်းမျဉ်း အသစ်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့နဲ့ ရောက်မှ စစ်ဆေးတာထက် ကြိုတင်စစ်ဆေးတဲ့ စနစ်ကို ပိုသုံးဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ လတ်တလော ထွက်လာတဲ့ စည်းမျဉ်းအရ နိုင်ငံခြားသားတွေဟာ နေရပ်မပြန်ဘဲ…
သက်တမ်းတိုးရန် ရက် ၂၀ သာ ကျန်ရှိ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) သက်တမ်းတိုး ထုတ်ပေးရေးလုပ်ငန်းတွေကို ယခင်ကြေညာထားတဲ့အတိုင်း ယခု ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပိတ်သိမ်းတော့မယ်လို့ ထပ်မံကြေညာလိုက်ပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ မှာ နောက်ဆုံးလုပ်ပေးမှာ ဖြစ်တာကြောင့် CI…
ဒီဇင်ဘာ ၃၁ ထိ အကျုံးဝင်မည် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက တောင်ပိုင်းဒေသ ရေဘေးကြောင့် ပိတ်မိနေပြီး သတ်မှတ်ရက်အတွင်း နိုင်ငံပြင်ပကို မထွက်နိုင်တဲ့ နိုင်ငံခြားသားခရီးသွားတွေ အတွက် နေထိုင်ခွင့်ကျော်လွန်မှု (Overstay) ဒဏ်ကြေး တစ်ရက် ဘတ် ၅၀၀ ကောက်ခံခြင်းကို ကင်းလွတ်ခွင့် ပေးလိုက်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာ လက်ရှိကြုံနေရတဲ့…
အကြိမ်ကြိမ်ဝင်ရောက်ခွင့် ပိတ်ပင်မည် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဟာ ဗီဇာ ကင်းလွတ်ခွင့် အစီအစဉ်ကို အလွဲသုံးစားလုပ်ပြီး နိုင်ငံထဲမှာ နေထိုင်ခွင့်ကို အကြိမ်ကြိမ်ထပ်တိုးဖို့လုပ်နေသူတွေ၊ အထူးသဖြင့် လိမ်လည်သူ နိုင်ငံခြားသားတွေကို ပိတ်ဆို့အရေးယူဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။လူဝင်မှုကြီးကြပ်ရေးဗျူရိုရဲ့ ဒုတိယအကြီးအကဲ ရဲမှူးချုပ် ချောင်ရွန်ရင်မ်ပါဒီက လက်ရှိမှာ စစ်ဆေးရေးတွေ တင်းကြပ်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အတည်ပြု…
ဖူးခက်လူဝင်မှုကြီးကြပ်ရေးရုံးက မနေ့က နိုဝင်ဘာ ၁၂ရက်နေ့ မှာ ထုတ်ပြန်တဲ့ သတင်းအရ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဗျူရိုဟာ ဗီဇာကင်းလွတ်ခွင့်နဲ့ ခဏခဏ ဝင်/ထွက်လုပ်ပြီး ဗီဇာ အလွဲသုံးစားလုပ်နေတဲ့ နိုင်ငံခြားသားတွေကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်တော့မယ်လို့ သိရပါတယ်။ လူဝင်မှုကြီးကြပ်ရေး ပြောခွင့်ရသူ ဒုတိယရဲမှူးချုပ် က ခရီးသွားဟန်ဆောင်ပြီး ရာဇဝတ်မှုတွေ၊ အထူးသဖြင့် ဆိုက်ဘာမှုခင်း၊…
ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်ဖို့ မိတ်ဆက်ခဲ့တဲ့ ရေရှည်နေထိုင်ခွင့် ဗီဇာကြောင့် ထိုင်းစီးပွားရေး တိုးတက်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) အတွင်းရေးမှူးချုပ်က ကြေညာခဲ့ပါတယ်။ ဒီဗီဇာအစီအစဉ်ကြောင့် ထိုင်းဘတ် ၂၃ ဘီလျံအထိ ရရှိထားတယ်လို့ ခန့်မှန်းထားပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို တိုးတက်စေဖို့နဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေနဲ့ အရည်အချင်းရှိ…
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့က ဝေါ့ပါမစ် သက်တမ်းကုန်သွားတဲ့သူတွေ ရှိပါတယ်။ နောက်ဆုံး တိုးရမှာ ဘယ်ရက်လဲ၊ ဘယ်လောက်ကုန်မှာလဲ? သတ်မှတ်ရက်အတွင်း သက်တမ်းမတိုးရင်ရော ဘာဖြစ်မှာလဲ ဒါတွေ ဒီနေ့ ပြောပြပါမယ်။ သက်တမ်းတိုးဖို့ နောက်ဆုံးရက်နဲ့ အကျိုးခံစားခွင့် အချိန်မီ သက်တမ်းမတိုးရင် ဘာတွေ ကြုံတွေ့ရမလဲ သက်တမ်းတိုးမြှင့်ခြင်း ဆောင်ရွက်ပုံနှင့်…
လုပ်ငန်းခွင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးခဲ့တဲ့ မြန်မာအလုပ်သမားများ သက်တမ်းထပ်မံတိုးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အသိပေးလိုက်ပါတယ်။ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်း ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့မှာ ကုန်ဆုံးခဲ့သူတွေဟာ နောက်ထပ် ၆ လအထိ ဆက်လက်နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်နဲ့ နေထိုင်ခွင့်သက်တမ်းတိုးဖို့အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါတွေပြီးသွားရင်တော့…
ထိုင်းနိုင်ငံမှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၉ ခုက အလုပ်လုပ်ကိုင်နိုင်တဲ့ မြန်မာစစ်ဘေးရှောင် ၄၂,၀၀၀ ကို အလုပ်လုပ်ကိုင်ခွင့်ပြုဖို့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ပြည်ထဲရေးဝန်ကြီးဌာနလက်ထောက်ဝန်ကြီး နန်းဆာဝ် သီရရတ်က ထပ်ပြီး အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒီအစီအစဥ် လူသားချင်းစာနာထောက်ထားမှုနဲ့ လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ပြီး ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေကို ထိခိုက်စေမှာ မဟုတ်ဘူးလို့လည်း…
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေရဲ့ အလုပ်သမားပြတ်လပ်မှုပြဿနာကို ဖြေရှင်းဖို့အတွက် ထိုင်းအစိုးရက အထောက်အထားမရှိဘဲ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံသားတွေကို တရားဝင် အလုပ်လုပ်ခွင့်ပါမစ်ပြုလုပ်ဖို့ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီခွင့်ပြုချက်က နေထိုင်ခွင့် သက်တမ်း ၁နှစ် ရရှိမှာဖြစ်ပါတယ်။ လုပ်ဆောင်ရမယ့် အဓိကလုပ်ငန်းစဉ်များ ဒီလုပ်ငန်းစဉ်တွေက အလုပ်ရှင်နဲ့ အလုပ်သမားနှစ်ဖက်စလုံးက…