Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: News
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အသေးစား စက်ချုပ်လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီး ၃ ဦးဟာသူတို့ရဲ့ နေထိုင်ခွင့်စာရွက်စာတမ်းတွေကို အလုပ်ရှင်မှ သိမ်းဆည်းခံထားရပြီး အလုပ်မှထွက်ခွင့်မပေးဘဲ ခြိမ်းခြောက်ခံရတယ်လို့ သိရပါတယ်။ အခက်အခဲကို ကူညီဖြေရှင်းပေးဖို့ အလုပ်သမား မဟာမိတ်အဖွဲ့ M.H.A.C ကို အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။ အလုပ်ရှင်ဖြစ်သူ မြန်မာလူမျိုးတစ်ဦးဟာ အလုပ်သမားတွေရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့…
ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝမ်ထရာ ရဲ့ ရာထူးကိစ္စကို အခြေခံဥပဒေခုံရုံးက ဒီကနေ့သောကြာနေ့မှာ အပြီးသတ်ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် နဲ့ ပြောဆိုခဲ့တဲ့ အသံဖိုင် ပေါက်ကြားမှုနဲ့ အတူ ဝန်ကြီးချုပ်ကို တာဝန်က ယာယီရပ်စဲထားတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်တစ်ယောက် လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို ပြင်းထန်စွာ ချိုးဖောက်တယ်ဆိုပြီး သူမကို စွပ်စွဲထားပြီး…
ဖူးခက်မြို့မှာ မြန်မာနိုင်ငံသားတစ်ဦး သေနတ်ပစ်လေ့ကျင့်နေတဲ့ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာမှ သူဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတစ်ဦးဖြစ်နေတာကို တွေ့ရှိခဲ့ပြီး သူနဲ့အတူ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ သေနတ်ပစ်လေ့ကျင့်နေတဲ့ပုံကို အွန်လိုင်းမှာ တင်ခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် မြန်မာနိုင်ငံသားကို သူ့ရဲ့နေအိမ်မှာ ဖူးခက်မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာပါ။…
ထိုင်းနိုင်ငံမှာ မကြာခင် ၅၀ဘတ် နဲ့ ၁၀၀ ဘတ်တန် ပေါ်လီမာ (polymer) ငွေစက္ကူအသစ်တွေ ထုတ်ဝေတော့မှာဖြစ်ပါတယ်။ ဒီငွေစက္ကူအသစ်တွေဟာ လက်ရှိသုံးနေတဲ့ စက္ကူပိုက်ဆံတွေထက် ပိုမိုခိုင်ခံ့ပြီး ရေနဲ့ဖုန်ကိုလည်း ခံနိုင်ရည်ရှိတယ်လို့ ထိုင်းဗဟိုဘဏ် (BOT) က ပြောပါတယ်။ဒီငွေစက္ကူ အသစ်တွေကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ…
ထိုင်းနိုင်ငံမှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၉ ခုက အလုပ်လုပ်ကိုင်နိုင်တဲ့ မြန်မာစစ်ဘေးရှောင် ၄၂,၀၀၀ ကို အလုပ်လုပ်ကိုင်ခွင့်ပြုဖို့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ပြည်ထဲရေးဝန်ကြီးဌာနလက်ထောက်ဝန်ကြီး နန်းဆာဝ် သီရရတ်က ထပ်ပြီး အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒီအစီအစဥ် လူသားချင်းစာနာထောက်ထားမှုနဲ့ လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ပြီး ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေကို ထိခိုက်စေမှာ မဟုတ်ဘူးလို့လည်း…
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဒေသ၊ ဆူရင်ခရိုင်မှာ အသက် ၁၃ နှစ်အရွယ် ကမ္ဘောဒီးယားကျောင်းသားလေးတစ်ဦးဟာ ကျောင်းမှာ အလံတင်အခမ်းအနားပြီးဆုံးလို့ ဝတ်စုံလဲနေတုန်း ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။ အကြောင်းရင်းကတော့ သူ့ရဲ့မိခင်နဲ့အတူ တရားမဝင် ဝင်ရောက်လာသူအဖြစ် ရွာသားတွေက တိုင်ကြားခဲ့လို့ပါ။ ကလေးငယ်ဟာ ကမ္ဘောဒီးယားနိုင်ငံသား မိခင်နဲ့ ထိုင်းနိုင်ငံသား ဖခင်တို့ကနေ မွေးဖွားခဲ့ပြီး ထိုင်းနိုင်ငံမှာပဲ…
မဲဆောက်မြို့၊ တာ့ခ်ခရိုင်မှာ ပစ်ကပ်ကား ၃ စီးနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၉ ဦးကို ထိုင်းနိုင်ငံသားယာဥ်မောင်း ၃ ဦးနဲ့အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၈ ရက်နေ့မှာ တာ့ခ်ခရိုင် မှုခင်းစုံစမ်းရေးရဲတပ်ဖွဲ့နဲ့ မဲဆောက်ရဲစခန်းတို့ဟာ မဲရီမြစ်ကမ်းနားတစ်ဝိုက်မှာ တရားမဝင် ဝင်ရောက်မှုတွေ ရှိတယ်ဆိုတဲ့…
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ့်ဂျမ်မြို့နယ်မှာရှိတဲ့ ဘန်ပန်အွန်ရွာမှာ အင်္ဂါနေ့ညက ရုတ်တရက် ရေကြီးရေလျှံမှုနဲ့ ရွှံ့မြေပြိုကျမှုတွေ ဖြစ်ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးပြီး ၆ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂ ဦးနဲ့ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်ပြီး ပျောက်ဆုံးသူနဲ့…
တရားမဝင် ကျန်းမာရေးလက်မှတ်ရ ရွေ့ပြောင်းလုပ်သား ၃ သိန်းခန့် ဥပဒေနဲ့မညီတဲ့ လုပ်သားအဖြစ် သတ်မှတ်ခံနိုင်
ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ချိုင်ချနားက ရွှေ့ပြောင်းလုပ်သားတွေကို တကယ်တမ်း ကျန်းမာရေးစစ်ဆေးမှုမလုပ်ဘဲ လက်မှတ်အတုတွေ ထုတ်ပေးနေတဲ့ ဆေးရုံ ၄၁ ခုနဲ့ ဆရာဝန်တွေကို ဥပဒေအရ အရေးယူတော့မယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီလို ထုတ်ပေးထားတဲ့ လက်မှတ်ပေါင်း ၃ သိန်းလောက် ရှိနိုင်တယ်လို့ ခန့်မှန်းပြီး အဲဒီလက်မှတ်တွေ အားလုံးကို ပြန်ပြီး…
ထိုင်းအစိုးရအဖွဲ့က မြန်မာနိုင်ငံကနေ စစ်ဘေးရှောင်လာပြီး ယာယီခိုလှုံရာစခန်းတွေမှာနေထိုင်သူတွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ ခွင့်ပြုလိုက်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ လူသားချင်းစာနာမှုအပြင် ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက်ပါ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ အလုပ်အကိုင်ဦးစားဌာနက အဆိုတင်သွင်းခဲ့ပြီးနောက် အစိုးရက သဘောတူခဲ့တာလည်း ဖြစ်ပါတယ်။ ဘာကြောင့် အလုပ်လုပ်ခွင့်ပြုတာလဲ တရားမဝင်လုပ်သား ပြဿနာကို ဖြေရှင်းဖို့ စီးပွားရေး…