Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: News
၁။ ဆေးလိပ်သောက်ဖို့ သတ်မှတ်ပေးထားတဲ့နေရာကလွဲပြီး ကျန်တဲ့နေရာတွေမှာ ဆေးလိပ်သောက်လို့ မရပါဘူး။ ၂။ လုပ်ငန်းခွင်ထဲမှာ ကွမ်းတံတွေးထွေးလို့မရပါဘူး။ တံတွေးလည်း ထွေးလို့မရပါဘူး။ ၃။ အမှိုက်ပစ်ဖို့ သတ်မှတ်ထားတဲ့နေရာမှာသာ အမှိုက်ပစ်ရပါမယ်။ ၄။ လုပ်ငန်းခွင်မှာ လုံလုံခြုံခြုံ ဝတ်ဆင်ရပါမယ်။ ၅။ လုပ်ငန်းခွင်မှာ စနောက်ကစားတာတွေ မလုပ်ရပါဘူး။ ၆။ စက်ပစ္စည်းတွေကို လုပ်ငန်းခွင်ပြင်ပကို…
ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ အလုပ်လုပ်ခွင့် လက်မှတ်လိုပါတယ်။ လက်မှတ်မရှိဘဲ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ကို ပြစ်ဒဏ်အဖြစ် ဘတ်ငွေ ၅၀၀၀ ကနေ ၅၀၀၀၀(ငါးသောင်း) ထိ ဒဏ်ငွေချမှတ်လို့ရပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားလုပ်ခွင့်မရှိတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ ဒီလုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်မိမယ်ဆိုရင်လည်း ပြစ်ဒဏ်အဖြစ် ဘတ်ငွေ ၅၀၀၀ ကနေ ၅၀၀၀၀(ငါးသောင်း)…
ထိုင်းနိုင်ငံရဲ့ အလုပ်သမားကာကွယ်ရေးဥပဒေက နိုင်ငံတွင်းမှာရှိတဲ့ အလုပ်သမားအားလုံးကို အကာအကွယ်ပေးထားပါတယ်။ ဒါကြောင့် တရားဝင်ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အနေနဲ့လည်း ဥပဒေက ပြဌာန်းထားတဲ့ ဒီအခွင့်အရေးတွေကို ခံစားခွင့်ရှိပါတယ်။ ဒီထဲကမှ IOM ကပြန်လည်ထုတ်ပြန်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားလက်စွဲစာအုပ်ပါ သိသင့်တဲ့အချက်အချို့ကို ဖော်ပြပေးပါမယ်။ အလုပ်ချိန် အလုပ်ချိန် တစ်နေ့ ၈ နာရီထက် မပိုရပါဘူး။ ကျန်းမာရေးနဲ့ လုံခြုံရေးထိခိုက်နိုင်တဲ့ နေရာတွေမှာတော့…
၁။ အလုပ်လုပ်ကိုင်ခွင့်မှတ်ပုံတင်ကို အမြဲဆောင်ထားရပါမယ်။ ၂။ အထောက်အထားတစ်ခုခုလုပ်ပေးမယ်၊ အလုပ်ရှာပေးမယ် စသဖြင့် ပြောဆို ဆက်ဆံလာတဲ့ ကြားပွဲစားတွေကို သတိထားပြီးဆက်ဆံသင့်ပါတယ်။ အလိမ်အညာတွေ ရှိတတ်ပါတယ်။ ၃။ ထိုင်းဘာသာစကားကို သင်ယူထားသင့်ပါတယ်။ အချိန်မရဘူးဆိုရင်တော့ လုပ်ငန်းခွင်သုံး စကားအနည်းငယ်နဲ့ ထမင်းစားရေသောက်လောက် တတ်ထားသင့်ပါတယ်။ ၄။ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း လိုက်နာရပါမယ်။ မီးနီဖြတ်တာ၊ ဆိုင်ကယ်…
ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အနေနဲ့ ထိုင်းမှာ အိမ်ငှားလို့ရပါတယ်။ ထိုင်းမှာ အိမ်ငှားတဲ့အခါ ကာလတိုနဲ့ ကာလရှည်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကာလတို ကာလတိုဆိုတာ သုံးနှစ်ထက်မပိုတဲ့ အချိန်ကိုဆိုလိုပါတယ်။ ဒီလို ကာလတို ငှားရမ်းတဲ့အခါ အစိုးရရုံးတစ်ခုမှာ မှတ်တမ်းတင်ရတာ၊ မှတ်ပုံတင်ရတာမျိုး မလိုပါဘူး။ အိမ်ရှင်၊ အိမ်ငှား နှစ်ဦးနှစ်ဘက်ကြားသာ စာချုပ် ချုပ်ဖို့လိုပါတယ်။ ကာလရှည် ကာလရှည်ဆိုတာကတော့…
တရားဝင်ရွှေ့ပြောင်းအလုပ်သမားအဖြစ်နဲ့ ထိုင်းမှာ နေထိုင်နေတဲ့အခါ တရားဝင်ဘဏ်အကောင့်ဖွင့်လို့ရပါတယ်။ နိုင်ငံကူးလက်မှတ်၊တရားဝင်အလုပ်လုပ်ခွင့်လက်မှတ်နဲ့ အထောက်အထားဆိုင်ရာစာရွက်စာတမ်းအချို့လိုအပ်ပါမယ်။ ကိုယ်သွားဖွင့်တဲ့ ဘဏ်ရဲ့ လက်ရှိမူဝါဒနဲ့ အခြေအနေပေါ်မူတည်ပါတယ်။ လူငှားပြီးဖွင့်တာ၊ အကောင့်ငှားပြီးသုံးတာတွေဟာ တရားမဝင်ငွေကြေးခဝါချမှု အက်ဥပဒေအောက်မှာ ရာဇဝတ်မှုမြောက်ပါတယ်။ ဘဏ်အကောင့်ဖွင့်တဲ့အခါ ဖုန်းဆင်းကတ်ဟာ မိမိနာမည်နဲ့ တရားဝင်မှတ်ပုံတင်သုံးစွဲနေတဲ့ ဖုန်းဆင်းကဒ်ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ Ref: ရွှေ့ပြောင်းအလုပ်သမားလက်စွဲစာအုပ်/IOM Thailand
လုပ်အားခဆိုတာမှာ ပုံမှန်လုပ်အားခ၊ အချိန်ပိုဆင်းခ၊ အလုပ်ပိတ်ရက်အလုပ်ဆင်းခ၊ ပိတ်ရက်အချိန်ပိုဆင်းခ ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒီအလုပ်သမားခတွေကို အလုပ်ရှင်က ဘယ်အချိန်မှာ ရှင်းပေးရမလဲ။ တစ်လလုပ်ခ၊ တစ်ရက်လုပ်ခ၊ တစ်နာရီလုပ်ခတွေကို အလုပ်ရှင်က တစ်လမှာ အနည်းဆုံးတစ်ကြိမ် ရှင်းပေးရမှာ ဖြစ်ပါတယ်။ ဒီအချက်ကလွဲပြီး တခြားပုံစံနဲ့ ငွေပေးချေမှုတွေမှာ အလုပ်ရှင်နဲ့အလုပ်သမားနှစ်ဦးနှစ်ဘက် သဘောတူညီချက်အတိုင်း စီစဉ်နိုင်ပါတယ်။ အချိန်ပိုဆင်းခ၊…
ထိုင်းသူဌေးက နိုင်ငံအတွင်းမှာ အလုပ်လာလုပ်ဖို့ လှမ်းခေါ်တယ်ဆိုရင် ဒီအချက်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ အလုပ်သမားဥပဒေမှာ သတ်မှတ်ထားတာ ရှိပါတယ်။ ဒီလိုလှမ်းခေါ်ခြင်းအတွက် အလုပ်သမားဆီကနေ အိမ်နဲ့ခြံလို ပိုင်ဆိုင်မှုအာမခံတောင်းတာ၊ ငွေကြေးတောင်းတာတွေ လုပ်လို့မရပါဘူး။ ခရီးစရိတ်နဲ့ ပြောင်းရွှေ့ကြေးအတွက် ကုန်ကျမှုကို အလုပ်သမားဘက်က ကျခံမယ်လို့ သဘောတူထားတယ်ဆိုရင်တော့ အလုပ်သမားဘက်က ကျခံပေးရမှာ ဖြစ်ပါတယ်။ ဒီစားရိတ်အတွက် သူဌေးက…
ထိုင်းဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အနေနဲ့ အလုပ်ရှင်က အပြစ်တစ်စုံတစ်ရာမရှိဘဲ အလုပ်ဖြုတ်ခဲ့မယ်ဆိုရင် လျော်ကြေးငွေခံစားခွင့်ရှိပါတယ်။ ဒါပေမယ့် ခြွင်းချက်တွေလည်း ရှိပါတယ်။ အောက်ပါအချက်တွေကို လုပ်မယ်ဆိုရင် လျော်ကြေးငွေ ခံစားခွင့်မရှိပါဘူး။ ၁ အလုပ်ရှင်အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်း ၂ အလုပ်ရှင်ထိခိုက်ပျက်စီးစေရန် တမင်ရည်ရွယ်၍ ပြုလုပ်ခြင်း ၃ လုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ အလုပ်ကို သုံးရက်ဆက်တိုက်…
ထိုင်းလုပ်ငန်းခွင်တွေမှာ သတိပေးဆိုင်းဘုတ်တွေရှိပါတယ်။ ဒီဆိုင်းဘုတ်သင်္ကေတတွေရဲ့အဓိပ္ပါယ်ကိုသိအောင် လေ့လာထားသင့်ပါတယ်။ အမြင့်ပေါ်တက်ပြီး လုပ်ရတဲ့ လုပ်ငန်းခွင်တွေမှာ ခါးပတ်နဲ့ အသက်ကယ်ကြိုးအမြဲတပ်ရပါမယ်။ မီးဘေးဖြစ်လာရင် ကိုယ်တိုင်ဘယ်လိုကာကွယ်ထားရမလဲလေ့လာထားရပါမယ်။ မီးသတ်ဘူးအသုံးပြုပုံကို မသိမဖြစ်လေ့လာထားရပါမယ်။ အလေးပစ္စည်းတွေ သယ်ယူတဲ့အခါ နည်းမှန်လမ်းမှန်နဲ့ သယ်ယူရပါမယ်။ စက်ကိရိယာသုံးရမယ်ဆိုရင် မသုံးမဖြစ်သုံးပေးရပါမယ်။ လျှပ်စစ်ကြောင့် ဖြစ်နိုင်တဲ့ အန္တရာယ်တွေကို လေ့လာထားရပါမယ်။ ခန္ဓာကိုယ် ရေစိုနေစဉ်မှာ လျှပ်စစ်ပစ္စည်းမသုံးသင့်ပါဘူး။…