Browsing: News

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အသက် ၅၃ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦး ဒုတိယထပ်က ပြုတ်ကျတာကြောင့် ဆေးရုံမှာ ဆုံးပါးသွားခဲ့ပြီး ဒီကိစ္စနဲ့ပတ်သတ်လို့ အလုပ်ရှင်ဖြစ်သူက တာဝန်မယူဘူးလို့ သိရပါတယ်။ ကွယ်လွန်သူ အလုပ်သမားရဲ့ ဇနီးသည် ပြောပြချက်အရ အလုပ်ရှင်ဟာ နာရေးကို တစ်ကြိမ်ပဲ လာရောက်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ထပ်မံလာရောက်တွေ့ဆုံတာ၊ စုံစမ်းမေးမြန်းတာ၊…

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှာ ထိုင်းပါလီမန်က မစ္စတာ ရန်စီမန်ရုန်း ဦးဆောင်တဲ့ လုံခြုံရေးကော်မတီအနေနဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် အကူအညီပေးဖို့ နယ်စပ်ဒေသ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်ကို လက်ခံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘာတွေဖြစ်နေလဲ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒပြောင်းလဲမှုကြောင့် စစ်ဘေးရှောင်တွေ နေတဲ့ စခန်းတွေမှာ အကူအညီတွေ ဖြတ်တောက်ခံနေရတယ်လို့ ဆိုပါတယ်။…

ချင်းမိုင်မြို့ထဲက မြန်မာဈေးတစ်ခုထဲမှာ မြန်မာနိုင်ငံသားတွေ အများအပြား နေထိုင်အလုပ်လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းပေးချက်အရ အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၆ ရက်နေ့မှာ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး ဈေးထဲမှာ …

ချင်းမိုင်မှာ မြစ်ရေ မြင့်တက်မှု စောင့်ကြည့်နေ ထိုင်းနိုင်ငံတစ်ဝန်း ဒီတစ်ပတ်အတွင်း မိုးအလွန်ကြီးပြီး၊ လေပြင်းမုန်တိုင်းများတိုက်ခတ်နိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနက သတိပေးထားပါတယ်။ လေဖိအားနည်းရပ်ဝန်းကြောင့် ဘန်ကောက်နဲ့ အနီးတစ်ဝိုက်ဒေသတွေအပါအဝင် မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ နေရာကွက်ကျား မိုးကြီးနိုင်ပြီး ထိုင်းတစ်နိုင်ငံလုံး မိုးထစ်ချုန်းရွာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ မြစ်ကမ်း၊တောင်ခြေနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ ရုတ်တရက်ရေကြီးတာ၊ ရေလျှံတာတွေအတွက် သတိထားကြဖို့…

ထိုင်းအိမ်ထောင်စုတွေရဲ့ ကြွေးမြီပမာဏတွေ အလွန်မြင့်မားနေတဲ့အတွက် အိမ်ခြေမြေဈေးကွက် ပြိုလဲမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ အိမ်ထောင်စု ကြွေးမြီပမာဏဟာ GDP ရဲ့ ၉၀% အထိ ရောက်နေတာ ဖြစ်ပါတယ်။ ၂၀၂၅ခုနှစ် ပထမသုံးလပတ်မှာ အိမ်ရာချေးငွေက ဘတ်ငွေ ၆ ထရီလီယံနီးပါး ရှိနေပြီး မဆပ်နိုင်တဲ့ချေးငွေ…

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ လူမှုဖူလုံရေးရန်ပုံငွေ (SSF) ကနေ အကျိုးခံစားခွင့်တချို့ ထောက်ပံ့ပေးပါတယ်။ ဒီအကျိုးခံစားခွင့်တွေက အလုပ်ပြုတ်သွားတာ ဒါမှမဟုတ် ကိုယ်တိုင်နုတ်ထွက်တာကြောင့် ဝင်ငွေအခက်အခဲရှိသူတွေကို ကူညီဖို့ ရည်ရွယ်တာပါ။ ဘယ်လိုလူတွေ ရနိုင်လဲ၊ ဘယ်လောက်ရမလဲ ဒီအကျိုးခံစားခွင့်တွေ ရဖို့ဆိုရင် အလုပ်လက်မဲ့မဖြစ်ခင် ၁၅ လအတွင်း အနည်းဆုံး ၆ လ လူမှုဖူလုံရေးရန်ပုံငွေ…

ဇူလိုင်လ ၁၅ ရက်နေ့ ညနေပိုင်းက ဘန်ခဲခရိုင်၊ ကန်လာပါဖရာ့လမ်းပေါ်ရှိ နေအိမ်တစ်လုံးတွင် တရားမဝင်လောင်းကစားလုပ်နေတဲ့နေရာကို ရဲအဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၇ ဦးအပါအဝင် နိုင်ငံခြားသား ၂၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ဖမ်းဆီးခံရသူများအနက် တရုတ်နိုင်ငံသား ၃ ဦး၊ ထိုင်းနိုင်ငံသား ၁၀ ဦးနဲ့ မြန်မာနိုင်ငံသား ၇…

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖော့ဖ်ဖရာမြို့နယ်မှာ ဇူလိုင်လ ၁၅ ရက်နေ့က တရားမဝင် ဝင်ရောက်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက စုံစမ်းစစ်ဆေးရေးအရာရှိတွေနဲ့ ဖော့ဖ်ဖရာရဲစခန်းက အရာရှိတွေ ပူးပေါင်းပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှ ဖော့ဖ်ဖရာမြို့နယ်၊ ချောင်းခဲပ်ဒေသ၊ ဒွန်ချဒီကျေးရွာရဲ့ အနောက်ဘက်မှာရှိတဲ့…

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်မြို့နယ်ရှိ တာ့ဆိုင်းလွတ်ရပ်ကွက်၊ဘန်ယိုချရွန် ဧရိယာတွင် ဇူလိုင်လ ၁၅ ရက်နေ့က မြန်မာနိုင်ငံသားအမျိုးသား ၃ ဦးကို တရားမဝင်နေထိုင်မှုနဲ့ မူးယစ်ဆေးမှုတို့ဖြင့် ဖမ်းဆီးလိုက်တယ်လို့ တာခ့်လူဝင်မှုကြီးကြပ်ရေး သတင်းအရ သိရပါတယ်။ ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိများက ပူးပေါင်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီး ခံရသူများမှာ အသက် ၂၀…

ထိုင်းနိုင်ငံ ပတ္တရားမှာ နိုင်ငံခြားသားခရီးသည်တစ်ဦးက တက္ကစီခကို ပိုက်ဆံအစား ဆေးခြောက်နဲ့ ပေးချေဖို့ ကြိုးပမ်းခဲ့တာကြောင့် အသက် ၅၄ နှစ်အရွယ် တက္ကစီယာဉ်မောင်းက ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ အင်္ဂါနေ့ မနက်ပိုင်းက နိုင်ငံခြားသား ဧည့်သည်တစ်ဦးကို သုဝဏ္ဏဘူမိလေဆိပ်ကနေ ပတ္တရားကဟိုတယ်တစ်ခုကို ပို့ဆောင်ပေးဖို့ တက်စီခ ဘတ် ၂၀၀၀…