Browsing: News

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်မှာ ဗုဒ္ဓဟူးနေ့က ၁၀ ဘီးကားတစ်စီးကနေ ပစ်ကပ်ကား၅စီးကို ဝင်တိုက်မိခဲ့တာကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေထဲမြန်မာနိုင်ငံသားအများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်မှာ ဆန်ခ်လာဘူရီမြို့လယ်ကနေ ၈ ကီလိုမီတာလောက်အကွာမှာရှိတဲ့ အဝေးပြေးလမ်းပေါ်က တောင်ဆင်းနေရာမှာ ၁၀ ဘီးကားတစ်စီးက ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ…

မဲဆောက်မြို့မှာ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက ခွင့်ပြုချက်မရှိဘဲ ဆိုင်ဖွင့်ကာ စားသောက်ကုန်များ ရောင်းချနေတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို မဲဆောက်ရဲစခန်းမှ ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။  ဖြစ်စဉ်မှာ မဲဆောက်ရဲစခန်းမှူး ရဲ့ ညွှန်ကြားမှုဖြင့် ဒုတိယရဲအုပ် ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့ဟာ မဲဆောက်မြို့တွင်း လှည့်ကင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး ထိုသို့…

 ချွန်ဘူရီပြည်နယ်၊ သီရာချာခရိုင်၊ ခေါဝ်ခန့်ဆောင်မြို့နယ်ရှိ ထုပ်ပိုးပစ္စည်းစက်ရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနက ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာအပါအဝင် တရားမဝင် နိုင်ငံခြားသားအလုပ်သမား ၅၅ ဦးနှဲ့ ၎င်းတို့ကို ငှါးရမ်းထားတဲ့ အလုပ်ရှင် ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။  ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ တရားမဝင်လုပ်သားတွေ ဝင်ရောက်လုပ်ကိုင်နေကြောင်း သတင်းရရှိခဲ့တာကြောင့် အာဏာပိုင်အဖွဲ့အစည်းတွေက ပူးပေါင်းစစ်ဆေးခဲ့ရာ တရုတ်နိုင်ငံသား…

ဇူလိုင်လ ၁၈ ရက်နေ့က ထိုင်းအလုပ်သမားဝန်ကြီး ဖုန်ကဝင်က ထိုင်းနိုင်ငံသားတွေအတွက် သီးသန့်သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေမှာ နိုင်ငံခြားသားအလုပ်သမားများ လုံးဝလုပ်ကိုင်ခွင့် မရှိစေဖို့ ပိုမိုတင်းကျပ်စွာ ကိုင်တွယ်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ၁၅ ဦးပါ ကော်မတီဖွဲ့၍ စစ်ဆေးမယ် တရားမဝင်လုပ်သား အသုံးပြုမှုတွေကို ကာကွယ်ဖို့နဲ့ နှိမ်နင်းဖို့အတွက် နိုင်ငံခြားသား အလုပ်သမားတွေရဲ့ အလုပ်အကိုင်တွေကို…

ရယောင်းပြည်နယ်၊ နီခွန်ဖတ်ထနာခရိုင်မှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အပါအဝင် တရုတ်နိုင်ငံသား၊ စုစုပေါင်း ၃၇ ဦးကို ထိုင်းခရီးသွားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ခရီးသွားရဲတပ်ဖွဲ့ ရဲမှူးချုပ်ရဲ့ ညွှန်ကြားချက်အရ ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်ပြီးနောက် ခရီးသွားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တရားရုံးခွင့်ပြုချက်နဲ့ ဝင်ရောက်ရှာဖွေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဇူလိုင်လ ၁၈…

ကန်ချနာဘူရီ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဟာ ကြိုတင်ရရှိတဲ့ သတင်းအရ တရားမဝင် မြန်မာလုပ်သားတွေကို သယ်ယူပို့ဆောင်နေတဲ့ ကားနှစ်စီးကို ဖမ်းမိခဲ့ပြီး မြန်မာအမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၂၀ ဦးတို့ကို ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဖမ်းမိတဲ့ကားတွေကတော့ ကန်ချနာဘူရီလိုင်စင်နံပါတ်ပါတဲ့ အဖြူရောင် တိုရိုတာ ရီဗို နဲ့…

ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော်က မိဘတွေအတွက် အလုပ်ခွင်မှာ ပိုမိုအထောက်အပံ့ပေးနိုင်မယ့် ဥပဒေအသစ်တစ်ရပ်ကို အတည်ပြုလိုက်ပါပြီ။ ဒီဥပဒေအရ အမျိုးသမီးဝန်ထမ်းတွေအတွက် မီးဖွားခွင့်ကို ၉၈ ရက်ကနေ ရက် ၁၂၀ အထိ တိုးမြှင့်ပေးလိုက်သလို ဖခင်တွေအတွက်ပါ ကလေးပြုစုစောင့်ရှောက်ဖို့ ခွင့်ရက်တွေ ရရှိတော့မှာပါ။ ဥပဒေအသစ်မှာ ဖခင်တွေအနေနဲ့ ကလေးစောင့်ရှောက်ဖို့အတွက် အလုပ်ရက် ၁၅ ရက်အထိ…

ကမ္ဘောဒီးယားဝန်ကြီးချုပ်က အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေကို နှိမ်နင်းဖို့ အမိန့်ထုတ်ပြန်ပြီး နှစ်ရက်အတွင်း သံသယရှိသူ ၈၀၀ ကျော်ကို ဖမ်းဆီးမိခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲ မြန်မာလူမျိုးတွေလဲ ပါဝင်တယ်လို့ သိရပါတယ်။ သတင်းအရ ဇူလိုင် ၁၆ ရက်နေ့မှာ ၇၄၆ ဦးကို ထိန်းသိမ်းခဲ့ပြီး ဇူလိုင် ၁၅ ရက်နေ့ကလည်း ဗီယက်နမ်နိုင်ငံသား ၆၃ ဦးကို…

ကန်ချနာဘူရီပြည်နယ်၊ ထောင်ဖာပွန်ခရိုင်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၄၈ ဦးကိုသယ်ဆောင်လာတဲ့ ကား ၃ စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ တရားမဝင်နိုင်ငံခြားသားတွေ ဝင်ရောက်လာတယ် ဆိုတဲ့သတင်းအရ အာဏာပိုင်တွေက သွားရောက်စစ်ဆေးခဲ့ရာ ဇူလိုင် ၁၇ ရက်နေ့ညမှာ ရာဘာခြံတစ်ခုအတွင်း မသင်္ကာဖွယ်ကား ၃ စီးကို တွေ့ရှိခဲ့ပြီး ကားအတွင်း အမျိုးသား…

ထိုင်းနိုင်ငံ၊ စတူးန်ပြည်နယ်၊ တန်ဘွန်ဂျေးဘီလန်ခရိုင်ရှိ ငါးဖမ်းဆိပ်ကမ်းအနီးမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုအတွက် သံသယရှိသူ မြန်မာအမျိုးသားတစ်ဦးကို ရေကြောင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ငါးဖမ်းလှေတွေကို မူးယစ်ဆေးရောင်းနေတယ်ဆိုတဲ့ သတင်းအရ ရေကြောင်းရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ဇူလိုင်လ၁၇ ရက်နေ့ နံနက်ပိုင်းမှာ “စင်းဒေချို” အမည်ရှိငါးဖမ်းလှေတစ်စင်း ငါးချရန် ဆိပ်ကမ်းသို့ဆိုက်ကပ်လာစဉ် ရေခဲစက်ဟောင်းအနီး ဆိုင်ကယ်နဲ့ ရပ်နေတဲ့…