Browsing: News

မြန်မာနိုင်ငံသားတစ်ဦး ထိုးကြိတ်ခံရတဲ့ ဗီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် နစ်နာသူ အမျိုးသားအတွက် MHAC မဟာမိတ်အဖွဲ့က ကူညီပေးနေပြီး ဒီကနေ့ ရဲစခန်းမှာ စစ်ချက်ရယူလိုက်တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က ကျူးလွန်သူအမျိုးသားကို ဆင့်ခေါ်ပြီး ဆက်လက်စစ်ဆေးစုံစမ်းမယ်လို့ ပြောပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ပထုန်ဋ္ဌာနီမှ သားညီ ဆိုတဲ့…

မယ်ဆိုင်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဇူလိုင်လ ၂၈ ရက်နေ့က မယ်ဆိုင်မြစ်ရေ မြင့်တက်လာပြီး အနီးနားက အိမ်တွေအများအပြား ရေနစ်မြုပ်ခဲ့တာကြောင့် ဖာမောင်းတပ်ဖွဲ့ဝင်တွေက ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် ဒုက္ခရောက်နေတဲ့ ဒေသခံပြည်သူတွေကို သွားရောက်ကူညီခဲ့ရတယ်လို့ သိရပါတယ်။ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့တာကြောင့် မြစ်ရေ မြင့်တက်လာပြီး ကမ်းပါးဘောင် (big black) ကို…

အယုဒ္ဓယပြည်နယ် မဟာရတ်ခရိုင်အတွင်း ဟင်းသီးဟင်းရွက်တင်သည့် ကားအသွင်နှင့် မသင်္ကာစရာအဖြူရောင်ပစ်ကပ်ကားတစ်စီးကို ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ မြန်မာလုပ်သား ၃၀ ဦးကိုဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ယာဉ်မောင်းအနေနဲ့ ယခင်အလုပ်ရှင်ရဲ့ ကျေးဇူးကိုဆပ်ဖို့ အခုလို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ကားကို စစ်ဆေးကြည့်ရာမှာ ၄၅ နှစ်အရွယ်ယာဉ်မောင်း နဲ့ ၎င်းအလုပ်ရှင်ရဲ့ လက်ထောက်ဖြစ်သူတို့ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ကားအတွင်းပိုင်းကိုစစ်ဆေးရာမှာတော့…

ထောင်ဒဏ် ၂ နှစ်အထိ ရှိ  ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) က ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကို တိုက်ခိုက်သူမှန်သမျှ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူခံရမယ်လို့ သတိပေးလိုက်ပါတယ်။ ဒီသတိပေးချက်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား တင်းမာမှုတွေ မြင့်တက်လာပြီးနောက် ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကို တိုက်ခိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာလို့…

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ ပိုက်လိုင်းတပ်ဆင်တဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၁၈ ဦးအား ၎င်းတို့ရဲ့ သူဌေးဖြစ်သူမှ လုပ်ခလစာ ၄လခွဲစာ မပေးပဲ အလုပ်တွေ ဆက်လက်ခိုင်းစေနေတယ်လို့ သိရပါတယ်။  အလုပ်သမားတွေအနေနဲ့ လုပ်အားခများရရှိရန် အလုပ်ရှင်ထံ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိဘူးလို့ ဆိုပါတယ်။ ဇွန်လ ၂၂…

နယ်စပ်ခရိုင် ငါးခု အန္တရာယ်ရှိဟု သတ်မှတ်  နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်သားတွေကြား ပစ်ခတ်မှုတွေက  ဆက်ဖြစ်နေတာကြောင့် ကမ္ဘောဒီးယားမှ လက်နက်များနဲ့ ပစ်ခတ်နိုင်တဲ့အကွာအဝေးအတွင်း နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ရွေ့ပြောင်းကြဖို့ ထိုင်းဘုရင့်တပ်မတော်က သတိပေးလိုက်ပါတယ်။ နယ်စပ်က ခရိုင် ငါးခုကိုလည်း လုံခြုံရေးအန္တရာယ်ရှိတဲ့ နေရာတွေအဖြစ် သတ်မှတ်ထားပါတယ်။ ကမ္ဘောဒီးယားရဲ့ BM-21…

ထိုင်းနိုင်ငံရဲ့ မိုးလေဝသဌာန (TMD) က နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။ အထူးသဖြင့် ဘန်ကောက်မြို့တွင် အဆိုးဆုံးသက်ရောက်မှုရှိနိုင်ပြီး ပြည်နယ် ၂၄ ခုမှာ ရုတ်တရက်ရေကြီးမှု၊ မြစ်ရေလျှံမှုနဲ့ မုန်တိုင်းထန်တဲ့ ပင်လယ်ပြင်အန္တရာယ်တွေ ကြုံတွေ့နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းအပေါ်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးအများဆုံးရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။…

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ ဖန်မြို့နယ်မှာ ဇူလိုင်လ ၂၃ ရက်နေ့က ခွင့်ပြုချက်မရှိပဲ ဒူးရင်းသီးရောင်းတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်လူဝင်မှု ကြီးကြပ်ရေးမှ တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသားဟာ ဖန်မြို့နယ်ခွဲ ဝိယန်မြို့နယ်ခွဲမှာ ဆိုင်ကယ်တွဲယာဉ်နဲ့ ဒူးရင်းသီး လှည့်လည်ရောင်းချနေတာဖြစ်ပြီး စစ်ဆေးရေးအဖွဲ့က လှည့်လည်စစ်ဆေးနေချိန်မှာ တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။၎င်းအား အလုပ်လုပ်ခွင့်…

ဇူလိုင် ၂၄ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဈေးတစ်ခုမှာ မြန်မာလုပ်သားနှစ်ဦးကို ထိုင်းအမျိုးသားတစ်စုက ကမ္ဘောဒီးယားလူမျိုးအထင်နဲ့ ရိုက်နှက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ရဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် ထိုင်းအွန်လိုင်း အသုံးပြုသူတွေကြားမှာ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ Facebook စာမျက်နှာတစ်ခုကနေ ဒီဖြစ်စဉ်ရဲ့ ဓာတ်ပုံနဲ့…

ယနေ့မနက် ဇူလိုင် ၂၄ ရက်နေ့မှာ တာမွန်ထုမ် ဘုရားကျောင်းအနီး ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ နှစ်နိုင်ငံတပ်တွေ ပစ်ခတ်မှု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်ဖြတ်ကျော် ဝင်ရောက်တာတွေနဲ့ ခရီးသွားလာတာတွေကို ပိတ်ဖို့ အမိန့်ထုတ်ပြီးနောက်ပိုင်းမှာ အခုလို ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်အရ မနက် ၇ နာရီ ၃၅ မိနစ်လောက်မှာ ဆူရာနာရီ တပ်မဟာက…