Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: News
ကမ္ဘောဒီးယားအလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားလုပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့ စွပ်စွဲပြီး ထိုင်းပစ္စည်းတွေကို နိုင်ငံတကာကနေ သပိတ်မှောက်ဖို့အထိ တောင်းဆိုခဲ့ပါတယ်။ ဒီအပေါ်မှာ ဝန်ကြီးဖုန်ကာဝင်က ဒီစွပ်စွဲချက်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်တာမဟုတ်ဘဲ လုပ်သားတွေအချင်းချင်း ရန်ဖြစ်တာ သာဖြစ်တယ်လို့ ရှင်းပြခဲ့ပြီး ဒီကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်စေဖို့ ILO ကို စာပို့ပြီး အခြေအနေမှန်ကို ရှင်းပြသွားမယ်လို့…
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနက အရေးကြီးတဲ့ အွန်လိုင်း ဝန်ဆောင်မှုအသစ်တစ်ခုကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ ဒါကတော့ ပုဂ္ဂလိကလုပ်ငန်းတွေကို အသုံးပြုပြီး အလုပ်လုပ်ကိုင်ခွင့်လိုင်စင်လုပ်ခြင်း နဲ့ လျှောက်လွှာလက်ခံခြင်းစနစ်ပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီစနစ်ကို စတင်ရတာလဲ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနက ပြောင်းလဲလာတဲ့ အလုပ်သမားကဏ္ဍနဲ့အညီ ဝန်ဆောင်မှုတွေကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ဖို့ လိုအပ်တယ်ဆိုတာကို နားလည်ထားပါတယ်။…
မဲဆောက်-တာ့ခ် အဝေးပြေးလမ်းမကြီးပေါ်က ကီလိုမီတာ ၂၄+၆၀၀က လမ်းပိုင်းတစ်ခုဟာ ၂.၅ မီတာလောက် ပြိုကျသွားလို့ လမ်းသွားလမ်းလာ ယာဉ်တွေအနေနဲ့ အန္တရာယ်ရှိကြောင်း တာ့ခ်ခရိုင် အဝေးပြေးလမ်းဦးစီးဌာနက သတိပေးလိုက်ပါတယ်။ဒီလမ်းပြိုကျတာက မဲဆောက်ကနေ တာ့ခ်ဘက်ကို သွားတဲ့လမ်း ဖာဝေါနတ်ကွန်းနားမှာပါ။ အဲ့ဒီနေရာကနေ ၂ ကီလိုမီတာလောက်ရှိတဲ့ လမ်းပိုင်းတစ်ခုလုံးကို ပိတ်ထားရပြီး ကားတွေကို မဲဆောက်ဘက်ကို ဝင်တဲ့လမ်းကနေပဲ…
နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ ကိုယ်ရောက်ရှိနေတဲ့နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့တွေကို နားလည်ထားဖို့က အရမ်းအရေးကြီးပါတယ်။ ကိုယ့်နိုင်ငံနဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေကြောင့် နားလည်မှုလွဲတာ၊ ပြဿနာဖြစ်တာမျိုး မဖြစ်ရလေအောင် ဒီအချက်လေးတွေကို သတိပြုသင့်ပါတယ်။ ၁။ ဓလေ့ထုံးတမ်းနှင့် လူမှုဆက်ဆံရေးပုံစံများကို လေ့လာပါ ဘယ်နိုင်ငံကိုပဲ ရောက်ရောက်၊ အဲဒီနိုင်ငံက လူတွေ ဘယ်လိုနှုတ်ဆက်ကြလဲ၊ စကားပြောတဲ့အခါ ဘယ်လိုပုံစံမျိုး…
ချင်းမိုင်မြို့မှာ တရုတ်လူမျိုးတွေကို လိမ်လည်နေတဲ့ ကြီးမားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ရာ နိုင်ငံခြားသား ၁၈ ဦး ဖမ်းမိခဲ့ပြီး တရုတ်လူမျိုး ၁၂ ဦးနဲ့ မြန်မာလူမျိုး ၆ ဦး ပါဝင်တယ်လို့ သိရပါတယ်။ချင်းမိုင်ခရိုင်တရားရုံးမှ ထုတ်ပေးထားတဲ့ ဖမ်းဝရမ်းအရ နည်းပညာရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့က ဇိမ်ခံအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့ရာမှ…
သီရိလင်္ကာ အလုပ်သမားများ ခေါ်ရန်ဆွေးနွေး ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား အလုပ်သမားတွေကြား ပြဿနာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး ရန်ပွဲ တစ်ခုသာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ ဖုန်ကဝင်က ဒီကနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ အလုပ်ရှင်နဲ့ အလုပ်သမားကြားက…
ထိုင်းအလံကိုင်ကာ ဆဲရေးတဲ့ လက်ဟန်အမူအရာပြုလုပ်ပြီး အလံကိုမြေပေါ်ချနင်းခဲ့တဲ့ ကမ္ဘောဒီးယားအမျိုးသမီးနှစ်ဦးရဲ့ TikTok ဗီဒီယို ပျံ့နှံ့လာပြီးနောက် ပရာချင်ဘူရီပြည်နယ် ရဲမှူးချုပ် ၎င်းတို့နှစ်ဦးကို အမြန်ဆုံး ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ ပရာချင်ဘူရီမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဖြစ်ခဲ့တာလို့ ယူဆထားကြပါတယ်။ TikTok မှာ ပျံ့နေတဲ့ ဗီဒီယိုထဲမှာ ကမ္ဘောဒီးယားအမျိုးသမီးနှစ်ဦးဟာ ဆောက်လုပ်ရေးလုပ်သားတွေလိုပဲ…
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်၊ သောင်ဖာပွန်မြို့နယ်မှာ မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ရန်အတွက် တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းတွေကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။ အာဏာပိုင်တွေဟာ သောင်ဖာပွန်ကို ဖြတ်သန်းသွားမယ့် တရားမဝင် မြန်မာလုပ်သားတွေရဲ့ သတင်းရရှိပြီးနောက် သံသယရှိတဲ့ လမ်းကြောင်းတွေတစ်လျှောက် ကင်းလှည့်ခဲ့ကြရာမှ တာခနွန်ရပ်ကွက်နားမှာ ဗန်ကားတစ်စီးကို သံသယရှိဖွယ် တွေ့ရှိခဲ့တာကြောင့်…
ဖူးခက်မြို့က ဖုန်းဆိုင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကတော့ ဖုန်းဆိုင်တွေသွားရင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ဓာတ်ပုံတွေကို ဘယ်လောက်အထိ သတိထားသင့်လဲဆိုတာကို သတိပေးလိုက်ပါပြီ။ အသက် ၂၂ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက Central Phuket မှာရှိတဲ့ ဖုန်းအရောင်းဆိုင်တစ်ခုမှာ သူ့ဖုန်းကို ပြင်ဖို့သွားခဲ့ရာကနေ ၎င်းရဲ့ ကိုယ်ပိုင်ဓာတ်ပုံတွေ အခိုးခံလိုက်ရတာလို့…
ထိုင်းနိုင်ငံ၊ ချွန်ပွန်ခရိုင်၊ ဖထီဝ်မြို့နယ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး “No Drugs No Dealers” စစ်ဆင်ရေးကို ပြုလုပ်ခဲ့ရာ မူးယစ်ဆေးရောင်းချသူ မြန်မာနိုင်ငံသား ၅ ဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒီစစ်ဆင်ရေးကို ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခြားအစိုးရဌာနတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး မူးယစ်ဆေးသုံးသူ ၆ ဦးအား…