Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: News
ဆူရတ်ဌာနီခရိုင်၊ ကော့ဖငန်ကျွန်းမှာ မြန်မာလူငယ် ၆ ဦးပါဝင်တဲ့ မူးယစ်ဆေးသုံးစွဲတဲ့အဖွဲ့တစ်ဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။ ဒီအဖွဲ့ဟာ သူတို့မူးယစ်ဆေးသုံးစွဲနေတဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ်မှာ တင်ပြီး ဥပဒေကို စိန်ခေါ်ခဲ့တာကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီအဖွဲ့အနေနဲ့ မူးယစ်ဆေးသုံးနေတဲ့ ဗီဒီယိုတွေကို မြန်မာလူမှုကွန်ရက်တွေမှာ မကြာခဏ တင်လေ့ရှိတာကို တွေ့ရှိခဲ့ပြီး ဩဂုတ်လ…
ထိုင်းနိုင်ငံ၊ ကမ်ဖိုင်ဖက် ခရိုင်မှာ ခရီးသည်တင်ဘတ်စ်ကားမောင်းသူတစ်ဦးဟာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၁ ဦးနဲ့ တရုတ် ၅ ဦးကို မှောင်ခိုပို့ဆောင်ဖို့ ကြိုးစားခဲ့လို့ ယာဉ်မောင်းအပါအဝင် နိုင်ငံခြားသားအလုပ်သမား ၁၁ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီးဟာ သတ်မှတ်နေရာမဟုတ်တဲ့ အခြားနေရာနှစ်ခုမှာ ရပ်တန့်ပြီး လူတွေတင်ဆောင်နေတာကိုဘတ်စ်ကားပေါ်ပါ ခရီးသည်တစ်ဦးက…
ထိုင်းနိုင်ငံ၊ နခွန်ပထုံမှာရှိတဲ့ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးကို ထိုင်းအမျိုးသား တစ်ဦးက ဓားကိုင်ဆောင်ကာ အခန်းထဲ ခိုးဝင်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂ ရက်နေ့က မြန်မာအမျိုးသားနဲ့ အမျိုးသမီးဇနီးမောင်နှံဟာ လစာထုတ်ဖို့ သွားရင်းနဲ့ စက်ရုံမှာ နေခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် ရုံးဖွင့်ရက်အထိ…
ပရာချင်ဘူရီခရိုင်၊ သီမဟာဖိုမြို့နယ်မှာရှိတဲ့ သံရည်ကျိုစက်ရုံတစ်ခုမှာ ဩဂုတ် ၁၂ ရက် မနက် ၃ နာရီက သံရည်ကျိုမီးဖိုပေါက်ကွဲမှုဖြစ်ပွါးခဲ့တာကြောင့်မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စက်ရုံရဲ့ ဒုတိယထပ်မှာရှိတဲ့ သံရည်ကျိုမီးဖို ပေါက်ကွဲပြီး အရည်ကျိုထားတဲ့သံရည်တွေ ပန်းထွက်ခဲ့တာပါ။ သေဆုံးသူ မြန်မာအမျိုးသားလုပ်သားရဲ့ ခန္ဓာကိုယ်ဟာ ထွက်လာတဲ့သံရည်ပူတွေနဲ့ လောင်ကျွမ်းခဲ့တာကြောင့် မီးလောင်ကျွမ်း…
ပတ္တယားက ခရီးသွားလုပ်ငန်းနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေမှာ အလုပ်လုပ်နေတဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေဟာ ၎င်းတို့ရဲ့ ဇာတိနိုင်ငံတွေဆီ ပြန်ဖို့ ဖိအားပေးခံရတာကြောင့် လုပ်သားအင်အား ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရခဲ့ပေမယ့်လည်း ကောလာဟလတွေကတော့ ဆက်ရှိနေဆဲပါ။ ဆောက်လုပ်ရေးကန်ထရိုက်တာ ချစ်တိဖတ် ချန်ထောင်းက နယ်စပ်တင်းမာမှုတွေဖြစ်ပြီးနောက်ပိုင်း သူ့လုပ်သားအများစု ပြန်သွားကြကြောင်း ပြောပါတယ်။တစ်ဖက်မှာလည်း အကြွေးတွေကြောင့် ပြန်မသွားနိုင်ဘဲ…
စမူပကန်မြို့က အသီးစက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေကြတဲ့အလုပ်သမား ၁၂၀ ဦးဟာ လစာနဲ့ အချိန်ပိုကြေးတွေ မရရှိပဲ အလုပ်ဆက်လုပ်ဖို့ ဖိအားပေးခံခဲ့ရတယ်လို့ သိရပါတယ်။ ဇူလိုင်လအတွက် လစာကို ဘတ် ၃၀၀၀ ပဲထုတ်ပေးပြီး အချိန်ပိုကြေး ၁လခွဲစာကိုလည်း လုံးဝမပေးတာကြောင့် အလုပ်သမားတွေအနေနဲ့ အခတ်အခဲတွေကြုံတွေ့ရခဲ့ပြီး MHAC ကိုအကူအညီတောင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် MHAC…
စမွတ်စခွန်၊ ကရထွန်ဘာအန်း မြို့နယ်မှာ အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ ပစ်ကပ်ထရပ်ကားတစ်စီးဟာ လမ်းဘေးမှာ လမ်းလျှောက်နေတဲ့ မြန်မာဇနီးမောင်နှံကို ဝင်တိုက်မိခဲ့တာကြောင့် နှစ်ဦးစလုံး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ အဖြူရောင် ပစ်ကပ်ကားတစ်စီးဟာ အရှိန်လွန်ပြီး လမ်းဘေးကို ချော်ထွက်သွားရာကနေ အဆိုပါ ဇနီးမောင်နှံကို တိုက်မိခဲ့တာလို့ ကားရှေ့ကင်မရာမှတ်တမ်းတွေအရ သိရပါတယ်။ အဲဒီနောက်မှာလည်း ကားက…
ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ထဲက စက်မှုဇုန်တစ်ခုမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွါးခဲ့ပြီး မြန်မာ ၄၃ အပါအဝင် နိုင်ငံခြားသားအလုပ်သမား ၅၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒီစစ်ဆင်ရေးဟာ နိုင်ငံတစ်ဝန်း တရားမဝင် အလုပ်သမားတွေကို နှိမ်နင်းဖို့ ရဲချုပ်ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။သြဂုတ်လ…
ဒီကနေ့ ဩဂုတ်လ ၈ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေနဲ့ နိုင်ငံထဲမှာ အလုပ်သမားပြတ်လပ်နေတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းအသစ်တွေ စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။ လက်ရှိမှာတော့ လုပ်ငန်းရှင်တွေဆီကနေ နိုင်ငံခြားသား အလုပ်သမား ဘယ်လောက် လိုအပ်တယ်ဆိုတာကို စာရင်းကောက်ခံနေပါတယ်။ ဒီအချက်အလက်တွေရရင်တော့ အလုပ်သမားအသစ် ၄၂,၀၀၀ ခန့်ကို လက်ခံနိုင်မယ်လို့ ခန့်မှန်းထားကြောင်း…
ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့နယ်က နေအိမ်တစ်ခုမှာ အွန်လိုင်းမှတစ်ဆင့် လိမ်လည်ပြီး ငွေကြေးခဝါချမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦးပါဝင်တဲ့ ဂိုဏ်းတစ်ခုကို ဗဟိုစုံစမ်းစစ်ဆေးရေးရုံး (CIB) က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးမှုအတွင်း ၎င်းတို့ရဲ့ နေအိမ်ကနေ ငွေသား ၄၆ သန်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ဒီအဖွဲ့ဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ…