Browsing: News

“ကာဂျီကီ” မုန်တိုင်းဒဏ်ကို ရင်ဆိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေအားလုံးကို အသင့်ပြင်ဆင်ထားဖို့ ရဲချုပ်ကြီး ကစ်တိရတ် ပန်ဖစ်ချ်က အရေးပေါ် ညွှန်ကြားလိုက်ပါတယ်။ ဒီညွှန်ကြားချက်ဟာ အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ကမ်းရိုးတန်း ဒေသတွေမှာ ဝင်ရောက်လာနိုင်တဲ့ မုန်တိုင်းကြောင့် ဖြစ်ပေါ်လာမယ့် သက်ရောက်မှုတွေကို ကြိုတင်ပြင်ဆင်ဖို့ ရည်ရွယ်ပါတယ်။ အင်အားနဲ့ပစ္စည်းတွေ အသင့်ပြင်ထားရန် ရဲတပ်ဖွဲ့ဝင်များ၊…

၆ ဦး အဖမ်းခံရပြီး ကုန်များအသိမ်းခံရ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ဖာဂျရွန်းဈေးမှာ မြန်မာနိုင်ငံသား ဈေးသည်တွေအချင်းချင်း ခိုက်ရန်ဖြစ်ပွါးခဲ့တဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့ခဲ့ပြီးနောက် ဩဂုတ်လ ၂၅ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် နှစ်ရက်ဆက်တိုက် ဈေးဝယ်သူတွေနဲ့ ယာဉ်အသွားအလာအခက်အခဲများကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။အွန်လိုင်းမှာ…

ထိုင်းနိုင်ငံ၊ ချွန်ဖွန်ခရိုင်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၃ ဦးနဲ့ မြန်မာယာဉ်မောင်းတစ်ဦးကို ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ အဝေးပြေးရဲတပ်ဖွဲ့ဟာ ချွန်းဖွန်ခရိုင်၊ ဆဝီမြို့နယ်နားမှာ ပစ်ကပ်ကားတစ်စီးကို သံသယရှိလို့ တားဆီးစစ်ဆေးရာမှ ဖမ်းမိခဲ့တာပါ။ အဆိုပါယာဉ်ဟာ လမ်းမပေါ်မှာ ပုံမှန်မဟုတ်ဘဲ မောင်းနှင်နေပြီး ကားမှန်တွေမှာလည်း မှန်အမည်းတွေ တပ်ထားတာကြောင့် ရဲတွေက မသင်္ကာဖြစ်ခဲ့တာပါ။…

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်ရှိ အာဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်းပြီး ခေါင်လမ်အမျိုးသားဥယျာဉ်အတွင်း ခြေရာခံလိုက်လံရှာဖွေရာ တရားမဝင် မြန်မာအလုပ်သမား ၁၀၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအလုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်ဖို့အတွက် ၄ ရက်ကြာ ခရီးနှင်ခဲ့ပြီးမှ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဩဂုတ်လ ၂၅ ရက်နေ့က ခေါင်လမ်အမျိုးသားဥယျာဉ်က ကင်းလှည့်အဖွဲ့ဟာ ဝချီရာလုံကွန်ဆည်အနီးက တောအုပ်တစ်ခုမှာ…

ကိုယ့်ရဲ့လစာကို သူဌေးက ပေးမယ် ပေးမယ်နဲ့ နေ့ရွှေ့ရက်ရွှေ့လုပ်နေတာမျိုး လစာမပေးပဲ အလုပ်တွေဆက်ခိုင်းနေတာမျိုး ကြုံနေရလား။ ထိုင်းဥပဒေအရဆိုရင် တစ်လကို အနည်းဆုံးတစ်ကြိမ် လစာရှင်းကိုရှင်းပေးရမှာပါ။ အလုပ်သမားတွေဘက်ကလုပ်နိုင်မယ့် လုပ်ပိုင်ခွင့်တွေ၊ ဥပဒေတွေလည်းရှိပါတယ်။ လစာမရလို့အခက်အခဲကြုံနေရင် တိုင်ကြားဖို့အတွက် ကိုယ့်ဘက်က လုပ်ဆောင်လို့ရမယ့် အချက်တွေထဲ အရေးအကြီးဆုံးကတော့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ရှိဖို့ပါပဲ။ ဘာတွေလဲဆိုတော့ အလုပ်စာချုပ်မိတ္တူ …

ချင်းမိုင်မြို့မှာ မူလအလုပ်ကနေ ထွက်ပြီး အလုပ်ရှင်အသစ်ဆီအလုပ်ပြောင်းလုပ်တာကို အသိမပေးတာကြောင့် မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့မှာ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ က မူဟီဒွန်လမ်းပေါ်က လုပ်ငန်းတစ်ခုမှာ နိုင်ငံခြားသားတွေ တရားမဝင်အလုပ်လုပ်နေတယ်ဆိုတဲ့ သတင်းရလို့ သွားရောက်စစ်ဆေးခဲ့တာပါ။ အဲဒီမှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရှိပေမယ့် အလုပ်ရှင်အသစ်နဲ့ အလုပ်လုပ်ကိုင်ဖို့…

ဖူးခက်မြို့မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း (Immigration Detention Room) မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးဟာ သြဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားလိုက်ပါတယ်။ မထိုက်ဒါလီ လို့ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ ထိန်းသိမ်းရေးအခန်းထဲမှာရှိတဲ့ သံတိုင်တွေမှာ သူမရဲ့ဘောင်းဘီရှည်နဲ့…

ချင်းမိုင်မြို့မှာ မူပိုင်ခွင့်မရှိဘဲ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို တရားမဝင် ထုတ်လွှင့်ပြသနေတဲ့ ကွန်ရက်တွေကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ငွေကြေးတွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ဒီကွန်ရက်ဟာ အွန်လိုင်းလောင်းကစားတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒီစီမံချက်ကို အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (Amlo) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ tvsod.com,…

ထိုင်းနိုင်ငံအလုပ်သမားရေးဝန်ကြီး ဖုန်ကဝင်က အနိမ့်ဆုံးလစာ ၄၀၀ ဘတ်တိုးမြှင့်မှုအတွက် ထိုင်းဟိုတယ်အသင်းမှ အုပ်ချုပ်ရေးတရားရုံးသို့ တရားစွဲဆိုဖို့ ပြင်ဆင်နေမှုနဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနရဲ့ ရပ်တည်ချက်ကို ရှင်းပြခဲ့ပါတယ်။ ဝန်ကြီးက လုပ်ခလစာကို အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရပါဝင်တဲ့ သုံးဖက်ဆိုင်ရာဘုတ်အဖွဲ့က သေသေချာချာ စဉ်းစားပြီးမှ တိုးမြှင့်ခဲ့တာဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ဟာ…

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၄၆၁ ယောက်ဟာ သူတို့ရဲ့ ၂ လစာ လုပ်အားခတွေကို မရလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒီအလုပ်သမားတွေဟာ ပါဝါလိုင်း ခမ်းလ်ဒီ ဆောက်လုပ်ရေးကုမ္ပဏီ မှာ အလုပ်လုပ်နေကြတာပါ။ အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံ အနယ်နယ် အရပ်ရပ်က အလုပ်ဆိုဒ် ၁၅ ခုမှာ…