Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: ဥပဒေရေးရာ
ထောင်ဒဏ် ၂ နှစ်အထိ ရှိ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) က ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကို တိုက်ခိုက်သူမှန်သမျှ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူခံရမယ်လို့ သတိပေးလိုက်ပါတယ်။ ဒီသတိပေးချက်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား တင်းမာမှုတွေ မြင့်တက်လာပြီးနောက် ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကို တိုက်ခိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာလို့…
ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အခြေအနေအမျိုးမျိုးနဲ့ အခွင့်အရေး ချိုးဖောက်ခံရတာမျိုးတွေ ရှိနိုင်ပါတယ်။ ဥပမာ- လုပ်ခလစာ အပြည့်မရတာ၊ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ လုပ်ရတာ၊ အဓမ္မခိုင်းစေခံရတာ ဒါမှမဟုတ် ခွဲခြားဆက်ဆံခံရတာ မျိုးတွေပါ။ ဒီလို အခွင့်အရေးတွေ ချိုးဖောက်ခံနေရပြီလို့ ခံစားရရင် အကူအညီရယူဖို့ အတွက် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ချိုးဖောက်ခံရရင်ဘာလုပ်ရမလဲ သက်သေစုဆောင်းပါ…
အခုလိုကာလတွေက လူလိမ်တွေအနေနဲ့ နည်းပညာတွေကို အသုံးချပြီး ပိုပြီးအဆင်ပြေပြေ လှည့်စားလာနိုင်တဲ့အချိန် ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံမှာလည်း အွန်လိုင်းနဲ့ဖုန်းလိမ်လည်မှုတွေ တနေ့ထက်တနေ့ များလာနေပြီး တစ်ခါတလေ မထင်မှတ်ဘဲ အလိမ်ခံလိုက်ရပြီး ငွေကြေးဆုံးရှုံးနေရတာမျိုးတွေ ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။ အဖြစ်များဆုံး လိမ်လည်နည်းများ အွန်လိုင်းစျေးဝယ်လိမ်လည်ခြင်း (၅၇%) ဆုရရှိသည်ဟု လိမ်လည်ခြင်း (၁၃%) အလုပ်အကိုင်အတု (၁၁%) ချေးငွေလိမ်လည်မှု…
ဘန်ကောက် ဒါမှမဟုတ် ကိုယ်နေထိုင်တဲ့ ဒေသမှာ ဟိုနားဒီနားသွားဖို့ ဆိုင်ကယ် ကယ်ရီစီးရတော့မယ် ဆိုပါစို့။ grab မဟုတ်ဘဲ လမ်းထိပ်က ကယ်ရီတွေ စီးတဲ့အခါ ဈေးနှုန်းက ပုံသေမဟုတ်တာမျိုး ဈေးက များနေလားဆိုပြီး တွေးမိတတ်ကြမှာပါ။ အခုပြောမယ့် အချက်တွေသိထားရင် ကယ်ရီဈေးနှုန်း များ၊ မများ သတိထားလို့ ပါပြီ။ တရားဝင်…
နိုင်ငံခြားသားများ စီးပွားရေးကို သူဌေးအမည် ခံပေးသူများထောင်ချခံရမည်ဟု ထိုင်းအစိုးရ ခြိမ်းခြောက် ထိုင်းအစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အမည်ခံသူဌေး (နိုမီနီ) အဖြစ် လုပ်ကိုင်ခြင်းကို တင်းကျပ်စွာ သတိပေးလိုက်ပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ခရီးသွားလုပ်ငန်းလို ကဏ္ဍတွေမှာ နိုင်ငံခြားသားတွေအတွက် တရားမဝင် လုပ်ငန်းလုပ်ကိုင်ပေးတာကို တွေ့ရှိရင် ပြင်းထန်တဲ့ ဥပဒေကြောင်းအရ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့…
ထိုင်းဥပဒေအရတော့ အလုပ်ရှင်က လစာဖြတ်ခွင့်ရှိတဲ့ အခြေအနေတွေကို ကန့်သတ်ထားပါတယ်။ အ ဥပဒေအရ လစာထဲက ဖြတ်တောက်ဖို့ ခွင့်ပြုထားတဲ့ ဟာကလွဲရင် ကျန်တာတော့ အလုပ်သမား သဘောတူမှ လစာထဲက ဖြတ်ထားခွင့် ရှိမှာနော်။ လုပ်ရှင်တချို့ကတော့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လခထဲကနေ ခေါင်းစဉ်တချို့တပ်ပြီး နှုတ်ယူဖြတ်တောက်တာမျိုး ရှိပါတယ်။ လုပ်ခလစာထဲက ဥပဒေအရ နှုတ်ယူထားခွင့်ပြုတဲ့…
ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်လို့မရတဲ့ လုပ်ငန်းအမျိုးအစားတွေရှိပါတယ်။ ထိုင်းရိုးရာလက်မှုလုပ်ငန်းတွေအပါအဝင် ဆံပင်ညှပ်၊အလှပြင်လို လုပ်ငန်းမျိုးတွေလည်း ပါဝင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အစိုးရက အဆိုပါနေရာတွေမှာ ဝင်ရောက်လုပ်ကိုင်ခြင်းကို ဥပဒေပြဌာန်းကန့်သတ်ထားတာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားများ လုပ်လို့မရတဲ့ လုပ်ငန်းများ ရိုးရာ တူရိယာလုပ်ငန်း ရွှေထည်၊ငွေထည်လုပ်ငန်း ကြေးထည်လုပ်ငန်း ရိုးရာ အရုပ်ဖန်တီးခြင်းလုပ်ငန်း သပိတ်ပြုလုပ်ခြင်းလုပ်ငန်း ထီးလုပ်ငန်း ယက္ကန်းလုပ်ငန်း…
အချက် ၅ ချက်က လွဲပြီး အလုပ်သမားတစ်ယောက်ရဲ့ လုပ်ခလစာနဲ့ အချိန်ပိုကြေးထဲကနေ အလုပ်ရှင်က နှုတ်ယူဖြတ်တောက်မှုတွေ လုပ်လို့မရပါဘူး။ ဒါပေမယ့် ဥပဒေအရ သတ်မှတ်ထားတဲ့ အချက် ၅ ချက်တော့ ရှိပါတယ်။ ၁ ။ ဥပဒေအရ ပေးဆောင်စရာရှိတဲ့ ငွေကို ပေးဆောင်ခြင်း (သို့ )လုပ်ခလစာအရ ဝင်ငွေခွန်…
ဆိုင်ကယ် ဦးထုပ် ဥပဒေနဲ့ ပတ်သက်လို့ ဆိုင်ကယ်ကယ်ရီသမားတွေဆီက တုန့်ပြန်သံတွေ ထွက်လာနေပါပြီ။ဒီကြားထဲ ခရီးသည်ကပါ မဆောင်းရင် ဒဏ်ငွေနှစ်ဆ ဘတ် ၄၀၀၀ ဆိုတာက အတော်လေး အခက်တွေ့စေတဲ့ နှုန်းထားဖြစ်လို့ ယာဉ်မောင်းတွေ ညည်းတွားနေကြတာပါ။ သူတို့က ဒဏ်ရိုက်တာကို သဘောတူပေမယ့် ဒဏ်ကြေးကို သဘောမတူကြတာပါ။ ဘာလို့လဲဆိုတော့ ခရီးသည် တွေက…
နောက်ကစီးသူပါ မဆောင်းရင် နှစ်ဆ ဆိုင်ကယ် စီးနင်းသူရော၊ နောက်က လိုက်သူပါ ဆိုင်ကယ် ဦးထုပ်မဆောင်းရင် ခြွင်းချက်မရှိ ဒဏ်ရိုက်ခံရတော့မယ် စီမံချက်ကို ဇွန်လ ၁ ရက်နေ့ဆိုရင် စတင်တော့မှာပါ။ ပိုသတိထားရမှာက နောက်က လိုက်စီးသူပါ ဦးထုပ်မဆောင်းထားရင် ဒဏ်ငွေက နှစ်ဆ ဖြစ်သွားနိုင်ပါတယ်။ ဒဏ်ကြေး အခု ထိုင်းမှာ…