Browsing: ဥပဒေရေးရာ

၇ ဦးအဖမ်းခံရပြီး နိုင်ငံပြန်ပို့ခံရမည်  ဘန်ကောက်မြို့ ၊ ဘန်ကပိခရိုင် ရမ်ခမ်ဟဲင် လမ်း ၅၀ တစ်ဝိုက်မှာ နိုင်ငံခြားသားတွေက စားသောက်ဆိုင်တွေ၊ အလှပြင်ဆိုင်တွေကို ဖွင့်ပြီး အလုပ်လုပ်နေတယ်ဆိုပြီး ပြည်သူတွေဆီကနေ တိုင်ကြားမှုတွေတိုင်ကြားမှု ရလို့ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ အလုပ်အကိုင်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေကို နိုင်ငံခြားသားတွေက မလုပ်ကိုင်နိုင်အောင်နဲံ နိုင်ငံခြားသားလုပ်သားတွေဟာ…

ချင်းမိုင်ပြည်နယ်၊ ဖန်မြို့နယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးဟာ နိုင်ငံသားအဖြစ် လျှောက်ထားလိုတဲ့ ရွာသားတွေဆီကနေ လာဘ်ငွေတောင်းခံခဲ့တာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြင်းထန်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဖန်မြို့နယ်က ရွာသားနှစ်ဦးဟာ အစိုးရရဲ့ မူဝါဒအသစ်အရ နိုင်ငံသား လျှောက်ထားဖို့အတွက် ရွာသူကြီးကို အကူအညီတောင်းခဲ့ရာ ရွာသူကြီးက တစ်ဦးကို ဘတ် ၄,၀၀၀စီ တောင်းခံခဲ့တာကြောင့် ရွာသားတွေက ဘတ်ငွေတွေကိုဓာတ်ပုံရိုက်ပြီး…

ထိုင်းနိုင်ငံမှာ ညပိုင်း သတ်မှတ်ချိန်ကို ကျော်လွန်ပြီး အရက်သောက်သုံးသူတွေဟာ ဒဏ်ကြေးငွေ ဘတ် ၁၀,၀၀၀ အထိ ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။ ဒီစည်းကမ်းအသစ်ကို နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး အတည်ပြုကျင့်သုံးမှာပါ။ အရင်တုန်းကဆိုရင် သတ်မှတ်ချိန်ပြင်ပမှာ အရက်ရောင်းချတဲ့ဆိုင်တွေကိုသာ အဓိကအရေးယူခဲ့တာပါ။ အခုတော့ အရက်သောက်သုံးတဲ့သူတွေကိုပါ တိုက်ရိုက်အရေးယူဖို့ ဥပဒေကို ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။…

မြန်မာနိုင်ငံမှ မဟုတ်ဘူး။ ထိုင်းမှာလည်း အွန်လိုင်းက လိမ်တာတွေ အရမ်းကိုမှ များပါတယ်။ အလုပ်ရမယ်လို့ လိမ်တာ၊ ဘဏ်အကောင့်လိမ်တာ၊ ထီပေါက်တယ်၊ ကံစမ်းမဲ ပေါက်တယ်ဆိုပြီး လိမ်တာ အစုံရှိပါတယ်။ ၁။ အလုပ်ရမယ်လို့ လိမ်တာ ၂။ ဘဏ်အကောင့် ခိုးယူတာ သင့်ဘဏ်အကောင့်ထဲက ပိုက်ဆံတွေကို ခိုးယူဖို့အတွက် လိမ်လည်သူတွေက နည်းအမျိုးမျိုးသုံးကြပါတယ်။…

ထိုင်းနိုင်ငံမှာခရီးသည်တင်ယာဉ်အငှားဝန်ဆောင်မှုတွေအတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ စတင်အသက်ဝင်မယ့် ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းလိုက်ပါတယ်။ ဒီဥပဒေကြောင့် ခရီးသည်တွေဟာ အရင်ကထက် ပိုပြီး ဘေးကင်းလုံခြုံတဲ့ ဝန်ဆောင်မှုတွေကို ရရှိခံစားနိုင်မှာဖြစ်သလို အ​ထောက်အထားပြရမယ့် အဆင့်တွေလည်း ရှိလာမှာ ဖြစ်ပါတယ်။ ကိုယ်ရေးအချက်အလက် အတည်ပြုခြင်း ယာဉ်မောင်းတဲ့သူရော၊ ခရီးသည်တွေပါ ကိုယ်ရေးအချက်အလက် အပြည့်အစုံနဲ့ မှတ်ပုံတင်အချက်အလက်တွေကို ပလက်ဖောင်းမှာ…

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ အရက်ရောင်းချခွင့်မရှိတဲ့အချိန်မှာ ဆိုင်ထဲမှာ အရက်သောက်နေရင် ဘတ် ၁၀,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်တဲ့ ဥပဒေသစ်ကြောင့် ဖျော်ဖြေရေးလုပ်ငန်းတွေ အခက်တွေ့နေရပါတယ်။ ပတ္တရားမှာရှိတဲ့ ညပိုင်းလုပ်ငန်းရှင်တွေက ဒီဥပဒေဟာ အခုအချိန်မှာ အဆိုးရွားဆုံးဖြစ်နေတဲ့ စီးပွားရေးအခြေအနေကို ပိုဆိုးစေနိုင်တယ်လို့ ပြောပါတယ်။ ပတ္တရားဟာ ကမ္ဘာလှည့်ခရီးသွားမြို့ဖြစ်ပြီး ဘားနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကနေ အဓိက ဝင်ငွေရှာကြပါတယ်။…

ဘတ်ငွေ ၅ သိန်းနီးပါး ဆုံးရှုံး ဘန်ကောက်မြို့က အသက် ၈၃ နှစ်အရွယ် အဖွားအိုတစ်ဦးဟာ ဖုန်းကနေ ငွေလိမ်လည်တဲ့ ဂိုဏ်းကို အကြိမ်ကြိမ်ငွေလွှဲပေးနေခဲ့တာကြောင့် ရဲတွေက သွားရောက်တားဆီးခဲ့ပေမဲ့ ရဲတွေကို မယုံကြည်ပဲ ငွေတွေထပ်လွှဲလိုက်တာကြောင့် အချည်းနှီး ဖြစ်ခဲ့ရပါတယ်။ ဖြစ်စဉ်အရ ဘဏ်တစ်ခုက အဖွားအိုရဲ့ ဘဏ်အကောင့်ထဲက ငွေတွေ ပုံမှန်မဟုတ်ဘဲ…

ငွေလိမ်ဂိုဏ်များနှင့် ဆက်စပ်မှု ရှိ၊မရှိ စစ်နေ ဒစ်ဂျစ်တယ် စီးပွါးရေးနှင့် လူ့အဖွဲ့အစည်းဝန်ကြီးဌာန (DES) ဟာ mule အကောင့်တွေနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိတာကြောင့် ယာယီရပ်ဆိုင်းခံထားရတဲ့ ဘဏ်အကောင့်တွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေကို အရေးပေါ် ဖြေရှင်းပေးဖို့အတွက် “အရေးပေါ်စောင့်ကြည့်ရေးဌာန” တစ်ခုကို ဖွင့်လှစ်လိုက်ပါတယ်။ ယာယီရပ်ဆိုင်းခြင်းသာဖြစ်ပြီး အပြီးတိုင် ရပ်ဆိုင်းခြင်း မဟုတ်…

စားသောက်ဆိုင်များ ဝင်ငွေပိုတိုးလာဖို့ မျှော်လင့် ထိုင်းနိုင်ငံမှာ နေ့လယ် ၂ နာရီကနေ ညနေ ၅ နာရီအတွင်း အရက်ရောင်းချခွင့်ပိတ်ပင်ထားတဲ့ ဥပဒေကို ရုပ်သိမ်းလိုက်ပြီး ဥပဒေကိုပြန်လည် ပြင်ဆင်ခွင့်ပြုလိုက်ပြီဖြစ်လို့ စားသောက်ဆိုင်လုပ်ငန်းရှင်တွေက ဝမ်းသာအားရ ကြိုဆိုကြပါတယ်။ ဒါဟာ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဘာတွေပြောင်းလဲသွားလဲ အရင်တုန်းက ၁၉၇၂…

ကိုယ့်ဆီက ငွေလိမ်ခံရမှ လိမ်လည်ခံရတယ်လို့ ခေါ်တာ မဟုတ်ပါဘူး။ ထိုင်းမှာ ကိုယ်တောင် မသိလိုက်ဘဲ အလိမ်ခံနေရတာတွေ ရှိပါတယ်။ အထူးသဖြင့် အွန်လိုင်းကနေ ငွေကြေးလိမ်လည်သူတွေ သုံးကြတဲ့ နည်းလမ်းပါ။အသုံးများတဲ့ နည်းလမ်းတစ်ခုကတော့ ကိုယ့်ရဲ့ဘဏ်အကောင့်ကို လိမ်လည်သူတွေက သူတို့အတွက် ငွေလက်ခံတဲ့ အကောင့်တခုအဖြစ် အသုံးချကြတာပါပဲ။ အဲဒီ Mule Account လို့ခေါ်တဲ့…