Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: အလုပ်သမားရေးရာ
ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အခြေအနေအမျိုးမျိုးနဲ့ အခွင့်အရေး ချိုးဖောက်ခံရတာမျိုးတွေ ရှိနိုင်ပါတယ်။ ဥပမာ- လုပ်ခလစာ အပြည့်မရတာ၊ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ လုပ်ရတာ၊ အဓမ္မခိုင်းစေခံရတာ ဒါမှမဟုတ် ခွဲခြားဆက်ဆံခံရတာ မျိုးတွေပါ။ ဒီလို အခွင့်အရေးတွေ ချိုးဖောက်ခံနေရပြီလို့ ခံစားရရင် အကူအညီရယူဖို့ အတွက် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ချိုးဖောက်ခံရရင်ဘာလုပ်ရမလဲ သက်သေစုဆောင်းပါ…
ထိုင်းနိုင်ငံ ၊ စမွတ်ဆာခွန်ခရိုင် ၊ မဟာချိုင်နယ်မြေက ကော်ဇွန်းစက်ရုံ မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၅၀ ဦးအနေနဲ့ အချိန်ကာလ ၂ နှစ်နီးပါးလောက်ကြာအောင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာကြောင့် စားဝတ်နေရေးအဆင်မပြေတဲ့အထိ နစ်နာမှုတွေရှိလာတယ်လို့ သိရပါတယ်။ စက်ရုံဘက်က အလုပ်သမားတွေကို အလုပ်ချိန်တွေပိုခိုင်းတဲ့အပြင် ပိုခိုင်းတဲ့အချိန်တွေအတွက် လုပ်ခလစာမပေးတာ ၊လုပ်နိုင်စွမ်းထက်ပိုခိုင်းတာ ၊…
ထိုင်းနိုင်ငံ ချွန်ပူရီမြို့နယ်၊ ဘန်းဘဲခရိုင်ရှိ ကားအပိုပစ္စည်းထုတ်လုပ်သော စက်ရုံတစ်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၇ ဦးအား ကြိုတင်အသိပေးခြင်းမရှိဘဲ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှစ၍ စက်ရုံပိတ်သိမ်းမယ်လို့ဆိုကာ အလုပ်ထုတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ အလုပ်သမားတွေအနေနဲ့ ၎င်း စက်ရုံမှာ လုပ်သက် ၇ နှစ်ကနေ ၁၃ နှစ်အထိကြာအောင် လုပ်ကိုင်ခဲ့ကြသူတွေဖြစ်ပြီး…
ထိုင်းမှာ အလုပ်လုပ်ခွင့်ပါမစ်သက်တမ်းတိုးထားသူတွေနဲ့ ပန်းရောင်ကတ် ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်လုပ်ခွင့်ကာလ ၆ လထပ်မံ တိုးပေးဖို့ စီစဉ်နေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ ဖုန်ကဝင်က ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းက ပြောကြားလိုက်ပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထိုင်းအစိုးရ ဆုံးဖြတ်ချက်အရ သက်တမ်းတိုးစောင့်နေတဲ့…
တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ယခုရက်ပိုင်း အထောက်အထား မရှိသူတွေ ဆက်တိုက် ဖမ်းဆီးခံနေရပါတယ်။ ဇူလိုင်လ ၇ ရက်နေ့ တစ်ရက်တည်းမှာပဲ မဲဆောက်မှာ မြန်မာနိုင်ငံသား ၄ ဦးကို အထောက်အထားမရှိတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးလိုက်ကြောင်း လူမှုဝင်ကြီးကြပ်ရေးသတင်းက ဖော်ပြထားပါတယ်။ ဖမ်းဆီးခံရသူတွေက မြန်မာနိုင်ငံသား အသက် ၁၈ နှစ်အရွယ် အမျိုးသား…
ထိုင်း-မြန်မာနယ်စပ် ကန်ချနာဘူရီမှာ ဒီကနေ့မနက်ပိုင်းက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၆ ဦးကို တင်ဆောင်လာတဲ့ ဗန်ကားတစ်စီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ၁၅ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၄ ရက် မနက် ၈…
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၊ စန်ကမ်ဖိုင်ခရိုင်မှာ ဇူလိုင်လ ၃ ရက်နေ့က တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၂ ဦးနဲ့ အလုပ်ပေးသူထိုင်းလူမျိုးတစ်ဦးကို လူဝင်မှုကြီးကြပ်ရေးနဲ့ရဲတပ်ဖွဲ့က ပူးပေါင်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ဆေးရာမှာ အလုပ်ရှင်အနေနဲ့ မြန်မာအလုပ်သမား ၂ ဦးကို အိမ်အကူနဲ့ ဥယျာဉ်စောင့်အဖြစ် အလုပ်လုပ်ကိုင်ရန်အတွက် ၆ လခန့်ငှါးရမ်းခဲ့တာဖြစ်ပြီး တစ်ဦးလျှင်…
ရွှေ့ပြောင်းနဲ့ နိုင်ငံခြား အလုပ်သမား အားလုံးအတွက် Work permit လျှောက်တာတွေ အားလုံးကို အွန်လိုင်းစနစ်နဲ့ သွားဖို့ ထိုင်းနိုင်ငံ အလုပ်သမားဦးစီးဌာနက ဆောင်ရွက်နေပြီလို့ သိရပါတယ်။ ဘာတွေ ထူးခြားပြီး ပိုကောင်းလာမလဲ။ လုပ်ထုံးလုပ်နည်းများ ရိုးရှင်းမြန်ဆန်လာခြင်း အွန်လိုင်းမှ အချိန်မရွေး လျှောက်ထားနိုင်ခြင်း ဝန်ဆောင်မှုစင်တာများ တိုးချဲ့ဖွင့်လှစ်ခြင်း ပိုမိုတိကျမှန်ကန်ခြင်း ရရှိလာမယ့်…
၂၀၂၅ ၊ဇူလိုင် ၁ ရက်နေ့ကစပြီး ဘန်ကောက်မြို့နဲ့ ခရီးသွားလုပ်ငန်းတွေအချို့မှာ တနေ့လုပ်အားခ ၃၇၂ ဘတ်ကနေ ဘတ် ၄၀၀ ကို တိုးမြှင့်ဖို့ လုပ်ခလစာကော်မတီက တရားဝင် အတည်ပြုလိုက်ပါပြီ။ ဒီနှုန်းထားအသစ်တွေက၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့ ဆုံးဖြတ်ချက်ပေါ် အခြေခံထားတာဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့ကစပြီး…
ထိုင်းနိုင်ငံ ကားအပိုပစ္စည်းစက်ရုံနှစ်ခုက ဝန်ထမ်း ၂၉ ဦးရဲ့ အလုပ်ထုတ်ခံရမှု၊ အလုပ်ပြောင်းစာရွက်စာတမ်းတွေ မရခဲ့မှုကို MHAC နဲ့ NUG အလုပ်သမားရေးဌာနက လိုက်လံဆောင်ရွက်ပေးခဲ့ရာမှာ အားလုံးပြန်လည် အဆင်ပြေသွားခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ အယုဒ္ဓရာမြို့ရှိ ကားအပိုပစ္စည်းစက်ရုံမှာ တစ်နှစ်ကျော်တာဝန်ထမ်းဆောင်နေတဲ့ မြန်မာအလုပ်သမား ၁၈ ဦးအား မေလ ၂၀ ရက်နေ့က…