Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: အလုပ်သမားရေးရာ
ထိုင်းနိုင်ငံ၊ ချာချင်ဆောင်မြို့မှာ မြန်မာအလုပ်သမား ၁၂၂ ဦးဆီကနေ အလုပ်သွင်းပေးမယ်ဆိုပြီး စမတ်ကြေးတွေ ဘတ်သိန်းချီ ယူထားတဲ့ ပွဲစားအမျိုးသမီးတစ်ဦးကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ တရားရုံးကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။ အဆိုပါပွဲစားအမျိုးသမီးဟာ MOU၊ PJ, CI အလုပ်သမားတွေဆီကနေ တစ်ဦးကို ၇,၀၀၀ ဘတ်နှုန်းနဲ့ စုစုပေါင်း ၈၉၉,၀၀၀…
အလုပ်သမားဝန်ကြီး ထရီနုချ်သီယန်ထောင် က တောင်ပိုင်းဒေသ ရေဘေးသင့်ပြည်နယ် ၉ ခုက အလုပ်ရှင်နဲ့ အာမခံထားတဲ့ လုပ်သားတွေကို ကူညီဖို့အတွက် လူမှုဖူလုံရေးရုံး(SSO) ကို အရေးပေါ် အစီအမံတွေ ထပ်လုပ်ဖို့ တွန်းအားပေးလိုက်ပါတယ်။အဓိကကတော့ SSO အနေနဲ့ အစိုးရအဖွဲ့ ဆီကို အရေးပေါ် အစီအမံတစ်ခု တင်ပြခဲ့ပြီး ရေဘေးသင့်ဒေသက လုပ်သားတွေနဲ့…
ထိုင်းနိုင်ငံ အလုပ်သမားရေးရာဝန်ကြီး ထရီနုချ်သီယန်ထောင် က ရေဘေးဒဏ်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေအတွက် အရေးပေါ်အကူအညီအစီအမံတွေကို အပြင်းအထန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ပြောကြားလိုက်ပါတယ်။ အဓိက အထောက်အပံ့တွေအနေနဲ့ ရေဘေးလိုမျိုး သဘာဝဘေးအန္တရာယ်ကြောင့် အလုပ်မရှိဘဲ ဖြစ်သွားရင် လစာရဲ့ ၅၀% ကို ၆ လအထိ လျော်ကြေးငွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။…
လုပ်သားတစ်ဦး ဘတ် ၁,၀၀၀ သာ ကျမည် နိုင်ငံခြားသားလုပ်သား ခေါ်ယူတဲ့အခါ အလုပ်ရှင်တွေအနေနဲ့ ထားရတဲ့ အာမခံငွေကို ပြန်လည်ပြင်ဆင် လျှော့ချဖို့ ထိုင်းအစိုးရအဖွဲ့ (ကက်ဘိနက်) က သဘောတူလိုက်ကြောင်း အလုပ်သမားဝန်ကြီး ထရီနုချ် သီယန်ထောင်က ပြောကြားလိုက်ပါတယ်။ အာမခံငွေ အသစ် အနေနဲ့ နိုင်ငံခြားသားလုပ်သား တစ်ဦးကို ဘတ်…
အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ထရီနုချ်သီယန်ထောင်း က လက်ရှိ တောင်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေနဲ့ ပတ်သက်ပြီး အလုပ်သမားတွေနဲ့ လုပ်ငန်းရှင်တွေကို ကူညီဖို့အတွက် ဝန်ကြီးဌာနရဲ့ အရေးပေါ်အစီအစဉ်တွေကို ရှင်းပြခဲ့ပါတယ်။ ဝန်ကြီးက ရေဘေးသင့်တဲ့ ပြည်နယ် ၁၄ ခုလုံးမှာရှိတဲ့ အဓိကတာဝန်ရှိသူတွေကို ၂၄ နာရီပတ်လုံး အခြေအနေကို စောင့်ကြည့်ဖို့နဲ့ ထိခိုက်ပျက်စီးမှုတွေကို…
မနက်ဖြန် ဒုတိယအကြိမ် ညှိနှိုင်းမည် ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့၊ Daikin ကုမ္ပဏီက ဝန်ထမ်းတွေဟာ ၂၀၂၅ ခုနှစ် နှစ်ကုန်ဘောနပ်စ် မကျေနပ်မှုနဲ့ပတ်သက်လို့ ဆက်တိုက် ဆန္ဒပြနေကြတဲ့ ပြဿနာဟာ အတော်လေးကို ပြင်းထန်နေပါတယ်။ Daikin ဝန်ထမ်းတွေဟာ ကုမ္ပဏီဘက်က ကမ်းလှမ်းတဲ့ ၅ လစာ + ဘတ် ၁၂,၀၀၀…
စစ်ဘေးရှောင်တွေပါ ခေါ်ယူမည်ဟု ဝန်ကြီးထပ်ပြော အလုပ်သမားဝန်ကြီးက ထိုင်းနိုင်ငံသားတွေအတွက် အလုပ်အကိုင် ၁၅၀,၀၀၀ ဖန်တီးဖို့ ရည်မှန်းထားသလို စိုက်ပျိုးရေးကဏ္ဍ အလုပ်သမားပြတ်လပ်မှုကို ဖြည့်ဖို့ မြန်မာ၊ လာအို၊ ဗီယက်နမ် လုပ်သားတွေကို တရားဝင်ခေါ်ယူဖို့ပါ စီစဉ်ပြီးဖြစ်ကြောင်း ယမန်နေ့က ထပ်မံပြောကြားပါတယ်။ အလုပ်သမားဝန်ကြီး ထရီနုချ်သီယန်ထောင်ရဲ့ ပြောကြားချက်အရ ထိုင်းစိုက်ပျိုးရေးကဏ္ဍမှာ ရင်ဆိုင်နေရတဲ့ အလုပ်သမားရှားပါးမှုပြဿနာကို…
၂နှစ် လုပ်သက်ရှိသူများလည်း ပါဝင် ထိုင်းနိုင်ငံ၊ ရယောင် ပြည်နယ်ရှိ ကားအပိုပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂၇ ဦး လုပ်အားခ အပြည့်အဝ မရရှိဘဲ အလုပ်ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ လုပ်သားတွေဟာ လုပ်သက် ၅ လကနေ ၂ နှစ်အထိ ရှိကြတယ်လို့ ဆိုပါတယ်။ လုပ်သား ၂၇…
အလုပ်သမားဝန်ကြီးဌာနဟာ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ပြင်ဆင်ပြီး အလုပ်ချိန်လျှော့ချဖို့နဲ့ ဝန်ထမ်းတွေရဲ့ ခွင့်ရက်၊အားလပ်ရက် အခွင့်အရေးတွေ တိုးမြှင့်ဖို့ စီစဉ်နေတဲ့အပေါ် ထိုင်းစီးပွားရေးနဲ့စက်မှုလုပ်ငန်းရှင်အသင်း (Econ Thai) က စိုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ Econ Thai ဥက္ကဋ္ဌ ဒေါက်တာ နာဝရတ် စုန်စဝမ် ဦးဆောင်တဲ့ အဖွဲ့ဟာ နိုဝင်ဘာ…
စမူပကန်ခရိုင်က စားသောက်ကုန်စက်ရုံတစ်ရုံမှာ နေ့စားရှင်းစနစ်ကနေ အပြတ်ရှင်း(ပုတ်ပြတ်)စနစ်ကို ပြောင်းဖို့ လက်မခံတဲ့ မြန်မာအလုပ်သမား ၁၆၉ ဦးကို အလုပ်ထုတ်လိုက်တယ်လို့ သိရပါတယ်။ အမျိုးသား ၈၅ဦးနဲ့ အမျိုးသမီး ၈၄ ဦးပါဝင်တယ်လို့ သိရပြီး အဆိုပါ စက်ရုံမှာ အလုပ်လုပ်ကိုင်နေတာ ၆ နှစ်အထိ လုပ်သက်ရှိသူတွေလည်း ပါဝင်ပါတယ်။ နိုဝင်ဘာလ ၈…