Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: ကျန်းမာရေး
ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မှတ်ပုံတင်စာရွက်စာတမ်းမရှိတဲ့သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ နည်းလမ်းသစ်တစ်ခုကို စတင်လိုက်ပါပြီ။ ဒီအစီအစဉ်ဟာ ရွှေ့ပြောင်းအလုပ်သမားတွေ၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ စစ်ဘေးရှောင်တွေကို အဓိကထားပြီး ရည်ရွယ်တာဖြစ်ပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား ၁ သန်းကျော်ရှိပြီး သူတို့ဟာ ကျန်းမာရေးအချက်အလက်တွေ စုစည်းထားတဲ့ အစိုးရစနစ်ထဲမှာ မပါဝင်တာကြောင့် ဆေးကုသမှုနဲ့ ကာကွယ်ဆေးလိုမျိုး…
တရားမဝင် ကျန်းမာရေးလက်မှတ်ရ ရွေ့ပြောင်းလုပ်သား ၃ သိန်းခန့် ဥပဒေနဲ့မညီတဲ့ လုပ်သားအဖြစ် သတ်မှတ်ခံနိုင်
ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ချိုင်ချနားက ရွှေ့ပြောင်းလုပ်သားတွေကို တကယ်တမ်း ကျန်းမာရေးစစ်ဆေးမှုမလုပ်ဘဲ လက်မှတ်အတုတွေ ထုတ်ပေးနေတဲ့ ဆေးရုံ ၄၁ ခုနဲ့ ဆရာဝန်တွေကို ဥပဒေအရ အရေးယူတော့မယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီလို ထုတ်ပေးထားတဲ့ လက်မှတ်ပေါင်း ၃ သိန်းလောက် ရှိနိုင်တယ်လို့ ခန့်မှန်းပြီး အဲဒီလက်မှတ်တွေ အားလုံးကို ပြန်ပြီး…
ထိုင်းနိုင်ငံသားတွေ မပျော်မရွှင် ဖြစ်နေကြရမှု အခြေအနေ ပိုပြီး ဆိုးရွားလာတယ်လို့ အစီခံစာ တခုကဆိုပါတယ်။ မပျော်ရွှင်ဆုံး အသက်အရွယ်တွေက အသက် အသက် ၄၉ ကနေ ၅၉ ကြား လူကြီးအုပ်စုတွေပါ။Thai Health Promotion Foundation နဲ့ Mahidol တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်တဲ့ ဒီအစံရင်ခံစာက အဲလို…
ထိုင်းနိုင်ငံမှာ မွေးကင်းစကလေးငယ်တွေရဲ့ အသက်ကို ကယ်တင်ပေးနေတဲ့ ခွဲစိတ်မှုနည်းပညာအသစ် ပေါ်ထွက်လာပါပြီ။ ဒီနည်းပညာက ခဲတံထိပ်ဖျားထက်တောင် သေးငယ်တဲ့ ကိရိယာတွေနဲ့ လုပ်ဆောင်ပြီး အမာရွတ်လုံးဝမကျန်ဘူးလို့ သိရပါတယ်။ Queen Sirikit အမျိုးသား ကလေးကျန်းမာရေးဌာနက ဒီလိုထိုးသွင်းမှုအနည်းဆုံး ခွဲစိတ်မှုကို ထိုင်းနိုင်ငံမှာ ပထမဆုံး စတင်လုပ်ဆောင်တဲ့ ဌာနဖြစ်လာပါတယ်။ တိုးတက်လာတဲ့ ခွဲစိတ်မှု ဒီဌာနအနေနဲ့…
ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော်က မိဘတွေအတွက် အလုပ်ခွင်မှာ ပိုမိုအထောက်အပံ့ပေးနိုင်မယ့် ဥပဒေအသစ်တစ်ရပ်ကို အတည်ပြုလိုက်ပါပြီ။ ဒီဥပဒေအရ အမျိုးသမီးဝန်ထမ်းတွေအတွက် မီးဖွားခွင့်ကို ၉၈ ရက်ကနေ ရက် ၁၂၀ အထိ တိုးမြှင့်ပေးလိုက်သလို ဖခင်တွေအတွက်ပါ ကလေးပြုစုစောင့်ရှောက်ဖို့ ခွင့်ရက်တွေ ရရှိတော့မှာပါ။ ဥပဒေအသစ်မှာ ဖခင်တွေအနေနဲ့ ကလေးစောင့်ရှောက်ဖို့အတွက် အလုပ်ရက် ၁၅ ရက်အထိ…
အခုခေတ်မှာ လူတွေနဲ့ ဆက်သွယ်ဖို့ နည်းပညာတွေ အများကြီး ရှိနေပေမယ့်လည်း အထီးကျန်မှု ခံစားရသူတွေက ပိုများလာနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အထီးကျန်ခြင်းကို ကျန်းမာရေးခြိမ်းခြောက်မှု တစ်ခုအဖြစ် ကြေညာလိုက်တာပါ။ ဒီအခြေအနေကြောင့် တစ်နာရီကို လူ ၁၀၀ နီးပါး၊ တစ်နှစ်ကို ၈ သိန်းကျော် သေဆုံးနေရတယ်လို့လည်း ထုတန်ပြချက်မှာ…
ထိုင်းနိုင်ငံမှာ လူငယ်တွေကြား HIV ကူးစက်မှုနှုန်း ထိုးတက်လာတာကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အလေးအနက်ထား စိုးရိမ်နေပါတယ်။ ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖို့အတွက် ကျောင်းတွေမှာ လိင်ကျန်းမာရေးဆိုင်ရာ ပညာပေးမှုတွေ လုပ်ဆောင်ပြီး ကွန်ဒုံးတွေ ဖြန့်ဝေပေးသွားဖို့ စီစဉ်နေပြီဖြစ်ကြောင်း ဒုတိယ ပြည်သူ့ကျန်းမာရေးဝန်ကြီး ချိုင်းချနား ဒက်ချ်ဒေချို က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဘာကြောင့် အခုလို လုပ်ဆောင်ရတာလဲ…
ထိုင်းမှာ အလုပ်လုပ်ကိုင်နေပြီဆို ရွှေ့ပြောင်းအလုပ်သမားတွေအားလုံး ကျန်းမာရေး အာမခံ ရှိထားဖို့ လိုအပ်ပါတယ်။ ပကန်စခွန်ဖြစ်တဲ့ လူမှုဖူလုံရေး မလုပ်ရသေးသူတွေ ဒီသက်တမ်းအတောအတွင်းမှာ ကျန်းမာရေးကုသမှုရဖို့ အကာကွယ်ပေးပါတယ်။ ဒီစနစ်ကို ရွေ့ပြောင်းလုပ်သား ကျန်းမာရေး အာမခံ Migrant Health Insurance Scheme (MHIS) လို့ခေါ်ပြီး၊ ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာန( MOPH)က တာဝန်ယူပြီး…
ထိုင်းနိုင်ငံမှာ အလုပ်သမားအဖြစ် အလုပ်လုပ်နေတဲ့အခါ လူမှုဖူလုံရေးရန်ပုံငွေ (Social Security fund ) ကို လစဉ်အနေနဲ့ပေးသွင်းရပါတယ်။ ဒါကတော့ “ပကန်စခွန်” လို့လည်းခေါ်ကြပါတယ်။ ဒီစနစ်မှာ ပေးသွင်းထားသူတွေကို နာမကျန်းဖြစ်ချိန်၊ အလုပ်လက်မဲ့ဖြစ်ချိန်၊ အိုမင်းချိန်၊ သေဆုံးချိန် နဲ့ သားသမီးမွေးဖွားချိန်အထိ အထောက်အပံ့တွေ ပေးပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအနေနဲ့ ပကန်စခွန်…
နှစ်ရက်အတွင်း သုံးသောင်းနီးပါး ကူးစက်ခံရ ထိုင်းမှာ ဇွန်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ နှစ်ရက်အတွင်း ကိုဗစ်ဖြစ်ပွါးသူ အသစ်၂၈၂၉၄ ဦးရှိလာပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း ယခုချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူ ၆၉ ဦးအထိရှိလာပြီး ကိုဗစ်ကြောင့် သေဆုံးသူတွေထဲမှာ အသက်ကြီးသူတွေနဲ့ ရောဂါအခံရှိသူတွေအများဆုံးပါဝင်ပါတယ်။ အဓိကအနေနဲ့ လူနေထူထပ်တဲ့…