Browsing: Lifestyle

မြန်မာနိုင်ငံက ထိုင်းစာရောင်းတဲ့စားသောက်ဆိုင်တွေမှာ ထိုင်းအနီရောင်ချက်လို့ မီနျူးထဲ ရေးထားတာတွေ့ရလေ့ရှိပါတယ်။ တချို့ဆိုင်တွေက မီနျူးထဲ ရေးထားပေမယ့်လည်း မှာလိုက်ရင် မရဘူးလို့ ပြောတာများပါတယ်။ ဒါပေမယ့် ထိုင်းစာသီးသန့်ရောင်းတဲ့ဆိုင်တွေနဲ့ တခြားစားသောက်ဆိုင်တွေက အနီရောင်ဟင်းဟာ အနံ့ရော၊အရသာရောပါ တော်တော်ကွာခြားပါတယ်။ ထိုင်းအနီရောင်ဟင်းကောင်းကောင်းတစ်ခွက်ဖြစ်ဖို့ သူ့မှာသုံးတဲ့ ပါဝင်ပစ္စည်းစစ်စစ်တွေရဖို့ လိုပါတယ်။ အနီရောင်ဟင်းရဲ့ အနှစ်ကိုလုပ်ဖို့ အဓိကဟာ ငရုတ်သီးအနီရောင်အခြောက်တောင့် ဖြစ်ပါတယ်။…

ပုံမှန်ထိုင်းလူမျိုးတွေစားတဲ့ မနက်စာရယ်လို့ သီးသန့်ပြောရတာခက်ပါတယ်။ တော်တော်များများက မနက်စာအဖြစ်စားတဲ့ အစားအသောက်တွေကို နေ့လယ်ဘက်ရော၊ ညဘက်မှာပါ စားကြပါတယ်။ ဝက်သားပြားကင်လို အကင်မျိုးကိုပါ မနက်ဘက်စားကြတာတွေ့ရပါတယ်။ ဒါပေမယ့် မနက်ပိုင်းအစားဆုံး အစားအစာတွေတော့ ရှိပါတယ်။ ဂျို့ ဆန်ကိုကြေသွားအောင် ပြုတ်ထားတဲ့ဆန်ပြုတ်မျိုးပါ။ တွဲဖက်စားတာတွေက စုံပါတယ်။ ဆားဘဲဥ၊ အီကြာကွေး၊ ဆေးဘဲဥ၊ကင်းမွန်ကင်၊ စတာတွေနဲ့ တွဲစားတတ်ကြပါတယ်။…