Author: william

ပုံမှန်ထိုင်းလူမျိုးတွေစားတဲ့ မနက်စာရယ်လို့ သီးသန့်ပြောရတာခက်ပါတယ်။ တော်တော်များများက မနက်စာအဖြစ်စားတဲ့ အစားအသောက်တွေကို နေ့လယ်ဘက်ရော၊ ညဘက်မှာပါ စားကြပါတယ်။ ဝက်သားပြားကင်လို အကင်မျိုးကိုပါ မနက်ဘက်စားကြတာတွေ့ရပါတယ်။ ဒါပေမယ့် မနက်ပိုင်းအစားဆုံး အစားအစာတွေတော့ ရှိပါတယ်။ ဂျို့ ဆန်ကိုကြေသွားအောင် ပြုတ်ထားတဲ့ဆန်ပြုတ်မျိုးပါ။ တွဲဖက်စားတာတွေက စုံပါတယ်။ ဆားဘဲဥ၊ အီကြာကွေး၊ ဆေးဘဲဥ၊ကင်းမွန်ကင်၊ စတာတွေနဲ့ တွဲစားတတ်ကြပါတယ်။…

အုပ်ချုပ်ရေး ထိုင်းနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်ပြီး ဘုရင်ဟာလည်း နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေဟာ ဘုရင်ကို ရိုသေအလေးထားကြပါတယ်။ မြေအနေအထား ထိုင်းမြောက်ပိုင်းဟာ တောင်တန်းချိုင့်ဝှမ်းဒေသတွေဖြစ်ပြီး ပြည်နယ် ၁၇ ခု နဲ့ ဖွဲ့စည်းထားပါတယ်။ ထိုင်းတောင်ပိုင်းဟာ ကမ်းခြေနဲ့ ပင်လယ်ရှိရာ ဒေသတွေဖြစ်ပြီး ပြည်နယ် ၁၄ ခုရှိပါတယ်။…

လက်ရှိ ထိုင်းဝန်ကြီးချုပ်ဟာ ပေထုန်တန်ရှင်နာဝပ်ဖြစ်ပြီး ထိုင်းနိုင်ငံသမိုင်းမှာ အသက်ငယ်ဆုံးဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်ဖွား ဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံရေးမှာ ဩဇာကြီးတဲ့ ရှင်နာဝပ်မိသားစုကလာတာ ဖြစ်ပါတယ်။ အဖေဖြစ်သူ ဘီလျံနာသူဌေးကြီးသက်ဆင်ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံရဲ့ ၂၃ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး အဒေါ်ဖြစ်သူ ယင်လပ်ရှင်နာဝပ်ဟာလည်း ထိုင်းနိုင်ငံရဲ့ ၂၈ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ပေထုန်တန်…

မြန်မာမှာလက်အုပ်ချီတာက ကြာဖူးပုံစံလုပ်ပြီး အရိုအသေပေးတာလို သိကြပါတယ်။လက်အုပ်ချီခြင်းဟာ အရိုအသေပေးခြင်းပုံစံတစ်ရပ်ဖြစ်တာကတော့ မြန်မာနဲ့ ထိုင်းမှာ အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းလူမျိုးတွေမှာ လက်အုပ်ချီတဲ့အခါ အမျိုးအစား သုံးမျိုးရှိပါတယ်။ ဘုရားပုထိုး၊စေတီ၊ ဆင်းတုတော်နဲ့ သံဃာအရှင်သူမြတ်တို့ကို ရှစ်ခိုး လက်အုပ်ချီတဲ့အခါ လက်ကိုရင်ဘတ်မှာထားပြီး ခေါင်းငုံရပါမယ်။ မျက်ခုံးနှစ်ခုကြားဟာ လက်အုပ်ချီထားတဲ့ လက်မကို သွားထိရမှာ ဖြစ်ပါတယ်။…

ထိုင်းဘုရင့်နိုင်ငံတော်ရဲ့ အလံမှာ အရောင်သုံးမျိုးပါဝင်ပါတယ်။ အဖြူရောင်၊ အနီရောင်နဲ့ အပြာရောင်ဖြစ်ပါတယ်။ အနီရောင်ဟာ ထိုင်းပိုက်နက်နဲ့ ပြည်သူပြည်သားတွေကို ကိုယ်စားပြုပါတယ်။ အဖြူရောင်ဟာ ထိုင်းနိုင်ငံရဲ့ ဘာသာရေးကို ကိုယ်စားပြုပါတယ်။ အပြာရောင်ကတော့ တော်ဝင်ဘုရင်ကို ကိုယ်စားပြုတဲ့အရောင်ဖြစ်ပါတယ်။ ရာမ ၆ ဘုရင်ရဲ့ မင်္ဂလာရောင်လည်း ဖြစ်ပါတယ်။ လက်ရှိအလံကို ၁၉၁၇ စက်တင်ဘာ ၂၈…

ထိုင်းတော်ဝင်မင်းသမီးကြီး မဟာချာကရီသီရိဒုံကို ၁၉၅၅ ခုနစ် ဧပြီလမှာ မွေးဖွားခဲ့ပါတယ်။ ယခင်ထိုင်းဘုရင်ကြီး ဘူမိဘောနဲ့ မိဖုရားကြီး သီရိခေတ်တို့ရဲ့ တတိယမြောက်ရင်သွေး ဖြစ်ပြီး လက်ရှိထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းရဲ့ ညီမ ဖြစ်ပါတယ်။ ထိုင်းတော်ဝင်မင်းသမီးကြီးဟာ ငယ်စဉ်ကတည်းက ပညာရေးကို စိတ်ဝင်စားသူဖြစ်ပြီး ပညာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ရရှိထားသူဖြစ်ပါတယ်။ သက္ကတနဲ့ ပါဠိ ဘာသာရပ်တွေအထူးပြုပြီး မာစတာ…

ဖုန်းနဲ့ စကန် (Scan)ဖတ်ပြီး ငွေပေးချေမယ်ဆိုရင် စကန်ခ/ခရပ် (စကန်ရှင့်/ဗျ) လို့ ကိုယ်ငွေပေးမယ့်သူကို ပြောရပါတယ်။ စကန် (Scan) ဖတ်ပြီး ငွေပေးချေတယ်ဆိုတာ အလွယ်ခြုံပြီးပြောရရင်တော့ မြန်မာနိုင်ငံက Kpay လို ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်တစ်ခု ဖြစ်ပါတယ်။ Prompt Pay ကွန်ယက်ကြီးထဲမှာ ရှိနေတာဖြစ်ပြီး ဒီကွန်ယက်ကြီးကို ထိုင်းနိုင်ငံရဲ့ ဗဟိုဘဏ်…

သေချာ စနစ်တကျ မလေ့လာနိုင်ခင်မှာ ဒါလေးတွေ အရင်ကြည့်ထားလိုက်ပါတယ်။လုပ်ငန်းခွင်ထဲ တကယ်သုံးပြီး မှတ်ရလွယ်တဲ့စကားလုံးလေးတွေပါ။ ငန် = အလုပ်ထမ်ငန် = အလုပ်လုပ်သည် ငန်ယေ့မိုင် = အလုပ်များလားယေ့ = များတယ်မိုင် ယေ့ = မများဘူး ဝေလာခေါက်ငန် = အလုပ်ဝင်ချိန်ဝေလာလိန်းငန် = အလုပ်ဆင်းချိန် လိန်ငန်လိရန်…

အပိုင်းလိုက် ဖော်ပြပေးသွားပါမယ်။ တစ်နေ့ ဆယ်လုံးလောက်မှတ်သွားရင်ကို လုပ်ငန်းခွင်မှာ အသုံးဝင်လာမှာပါ။ ငန် – အလုပ် ထမ် ငန် – အလုပ်လုပ်တယ် ထမ်ပင်န်မိုင် – လုပ်တတ်လား သောင့်ထမ် အန်နိမိုင် – ဒါ လုပ်ရမှာလား သောင့်ထမ် အန်နိ – ဒါလုပ်ရမယ် မိတ်သောင့်ထမ်…

ထိုင်းစကားကို သေချာမသင်နိုင်သေးရင် ဒီစကားလုံးလေးတွေက အလုပ်ဖြစ်တာကို တွေ့ရမှာပါ။ ခ၊ခရပ် “ခ” ဆိုတာ “ရှင့်” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး “ခရပ်” ကတော့ “ဗျ” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဥပမာ ယောကျာ်းလေးဆိုရင် ဆဝါဒီခရပ် လို့ပြောရမှာဖြစ်ပြီး မင်္ဂလာပါဗျ လို့ ဆိုလိုပါတယ်။ ဆဝါဒီခ ဆိုရင်တော့ မင်္ဂလာပါရှင့်…