Author: william

မြန်မာနိုင်ငံကနေ ထိုင်းကိုရွှေ့ပြောင်းလုပ်ကိုင်ကြတာ ခေတ်အဆက်ဆက်ပဲဖြစ်ပါတယ်။ အရင်က ကရင်၊တနင်္သာရီ၊ဧရာဝတီနဲ့ ပဲခူးအနောက်ဘက် ဒေသကလူတွေဟာ အများဆုံးရွှေ့ပြောင်းလုပ်ကိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၂၂ လောက်ကစပြီး မန္တလေးနဲ့ ရန်ကုန်လိုဒေသက လူတွေပါ ထိုင်းနိုင်ငံထဲ ရွှေ့ပြောင်းလုပ်ကိုင်မှုဟာ မြင့်တက်လာခဲ့တယ်လို့ ၂၀၂၄ ဧပြီလက ထုတ်ပြန်တဲ့ IOM (International Organization for Immigration) စစ်တမ်းတစ်ခုမှာ…

ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ရဲ့ အထောက်အထားကတ်နဲ့ စာရွက်စာတမ်းတွေကို အလုပ်သမားရဲ့ ခွင့်ပြုချက်မပါဘဲ အလုပ်ရှင်က သိမ်းထားလို့မရပါဘူး။ အလုပ်ရှင်မှ မဟုတ်ဘဲ မည်သူတစ်ဦးတစ်ယောက်ကမှ အလုပ်သမားရဲ့ခွင့်ပြုချက်မပါဘဲ အလုပ်လုပ်ခွင့်လက်မှတ်တွေနဲ့ အထောက်အထားကတ်တွေကို သိမ်းဆည်းခွင့်မရှိပါဘူး။ တကယ်လို့ အလုပ်သမားရဲ့ခွင့်ပြုချက်နဲ့ သိမ်းထားမယ်ဆိုရင်လည်း အလုပ်သမားက ပြန်လည်တောင်းဆိုတဲ့အချိန်တိုင်းမှာ အသင့်ဖြစ်နေအောင် စီစဉ်ပေးထားရပါမယ်။ တကယ်လို့ ဒီစည်းကမ်းကိ ဖောက်ဖျက်ခဲ့မယ်ဆိုရင် ငွေဒဏ် ဘတ်…

MOU နဲ့ လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ဟာ တခြားအလုပ်ရှင်တစ်ယောက်ဆီမှာ ပြောင်းပြီး အလုပ်လုပ်လို့ရပါတယ်။ ဒါပေမယ့် အလုပ်သမားမှတ်ပုံတင်အရာရှိက စစ်ဆေးမှုပြုလုပ်ပြီး ခွင့်ပြုချက်ပေးမှ လုပ်လို့ရမှာ ဖြစ်ပါတယ်။ ပထမအလုပ်ရှင်ဆီမှာ လုပ်ခဲ့တဲ့စာချုပ်ပါသက်တမ်း ကုန်ဆုံးခြင်းရှိမရှိကို စစ်ဆေးပါမယ်။ အလုပ်ရှင်ကို နစ်နာကြေးပေးခြင်း ရှိမရှိ စစ်ဆေးပါမယ်။ နစ်နာကြေးမပေးဘဲ အလုပ်ရှင်အပြစ်ကြောင့် မလုပ်နိုင်လို့ ပြောင်းရတယ်ဆိုရင် အလုပ်ရှင်နဲ့ပတ်သက်ပြီး…

အလုပ်သမားဘက်က အပြစ်တစ်စုံတရာ မကျူးလွန်ဘဲ အလုပ်ဖြုတ်မယ်ဆိုရင် ထိုင်းဥပဒေအရ အလုပ်သမားဟာ နစ်နာကြေးခံစားခွင့်ရှိပါတယ်။ လုပ်ခဲ့တဲ့ ရက်ပေါင်း ၁၂၀ ဆက်တိုက်ရှိခဲ့ပြီး လုပ်သက်က ၁ နှစ်အောက် ရှိမယ်ဆို နောက်ဆုံးရရှိခဲ့တဲ့ လစာနှုန်းထားအတိုင်း ရက်ပေါင်း ၃၀ စာ လုပ်အားခနဲ့ညီမျှတဲ့ငွေကို အလုပ်သမားက ခံစားခွင့်ရှိပါတယ်။ တစ်နှစ် ဆက်တိုက် အလုပ်…

အချက် ၅ ချက်က လွဲပြီး အလုပ်သမားတစ်ယောက်ရဲ့ လုပ်ခလစာနဲ့ အချိန်ပိုကြေးထဲကနေ အလုပ်ရှင်က နှုတ်ယူဖြတ်တောက်မှုတွေ လုပ်လို့မရပါဘူး။ ဒါပေမယ့် ဥပဒေအရ သတ်မှတ်ထားတဲ့ အချက် ၅ ချက်တော့ ရှိပါတယ်။ ၁ ။ ဥပဒေအရ ပေးဆောင်စရာရှိတဲ့ ငွေကို ပေးဆောင်ခြင်း (သို့ )လုပ်ခလစာအရ ဝင်ငွေခွန်…

ထိုင်းနိုင်ငံတွင်းနေတဲ့အခါ မရှိမဖြစ် ကိုယ့်ဖုန်းထဲမှာ မှတ်ထားသင့်တဲ့ အရေးကြီး ဖုန်းနံပါတ်တွေ ဖြစ်ပါတယ်။ လိုအပ်တဲ့အခါမှ အရေးပေါ်လိုက်ရှာရတာမျိုး မဖြစ်အောင်ပါ။ ၁၆၆၉ – အရေးပေါ်လူနာတင်ယာဉ်ဖုန်းနံပါတ် ၁၉၁ – ထိုင်းရဲတပ်ဖွဲ့ ၁၉၉ – မီးသတ်တပ်ဖွဲ့ ၁၅၅၄ – အရေးပေါ် ကယ်ဆယ်ရေး ၁၁၉၅ – ရာဇဝတ်မှုတိုင်းကြားရေး…

ထိုင်းနိုင်ငံမှာ ကလေးမီးဖွားတဲ့အခါ မွေးစာရင်းမှတ်ပုံတင်တာကို ပြုလုပ်ရပါမယ်။ ကိုယ်မီးဖွားတဲ့ဆေးရုံကနေ မွေးစာရင်းထုတ်ပေးပါတယ်။ ဒီမွေးစာရင်းနဲ့အတူ မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မွေးတဲ့ ကလေးမှ မဟုတ်ဘဲ ကိုယ့်အုပ်ထိန်းမှုမှာရှိတဲ့ ကလေးအားလုံးကို မှတ်တမ်းတင်မှု ပြုလုပ်ထားရမှာလည်း ဖြစ်ပါတယ်။ ကလေးမွေးဖွားကြောင်းကို ကလေးမီးဖွားပြီး ၁၅ ရက်အတွင်း မိဘကိုယ်တိုင် (သို့) အုပ်ထိန်းသူက…

ထိုင်းနိုင်ငံမှာ လမ်းကူးတဲ့အခါ ပထမဆုံးသိထားသင့်ကတော့ ထိုင်းနိုင်ငံရဲ့ ယာဉ်ကြောစနစ်ဖြစ်ပါတယ်။ ဘယ်မောင်းစနစ်ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ ကျင့်သားမရခင် လမ်းကူးဖို့ ကားကြည့်တဲ့အခါ သေချာလေးကြည့်ကူးဖို့ လိုပါတယ်။ လူကူးမျဉ်းကြားရှိရင် လူကူးမျဉ်းကြားက ကူးသင့်ပါတယ်။ လူကူးကုန်းကျော်တံတားရှိရင်လည်း လူကူးကုန်းကျော်တံတားကနေသာ ကူးသင့်ပါတယ်။ လူကူးမျဉ်းကြားမှာ အချက်ပြမီးစနစ်ရှိတယ်ဆိုရင် အချက်ပြမီးစနစ်ရဲ့ ခလုပ်ကိုနှိပ်ပြီး မီးစိမ်းတာကို စောင့်ရပါမယ်။…

ခွန်ထိုင်းတွေ မြန်မာအစားအစာကြိုက်လားမသိပေမယ့် ထိုင်းအစားအသောက်တွေကိုတော့ မြန်မာတွေ တော်တော်ကြိုက်ကြပါတယ်။ ဒီထဲကမှ မြန်မာတွေအကြိုက်ဆုံးဖြစ်ပြီး အမြဲစားတဲ့ ၅ မျိုးကို ဖော်ပြပေးပါမယ်။ ၁ ။တုံယမ်းဟင်းချို တုံယမ်းလို့ပြောလိုက်ရင် ချည်ချည်စပ်စပ် ဟင်းရည်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံက စားသောက်ဆိုင်တွေမှာ အလွယ်မှာလို့ရပါတယ်။ မူလတုံယမ်းဟာ အရည်ကြည်ဖြစ်ပြီး အုန်းနို့ပါတဲ့ပုံစံကတော့ နောက်ပိုင်းမှပေါ်လာတာလို့ သိရပါတယ်။ တုံယမ်းတစ်ပွဲမှာ ထိုင်းဂျင်း၊ထိုင်းသံပုရာရွက်၊…

မြန်မာနိုင်ငံက ထိုင်းစာရောင်းတဲ့စားသောက်ဆိုင်တွေမှာ ထိုင်းအနီရောင်ချက်လို့ မီနျူးထဲ ရေးထားတာတွေ့ရလေ့ရှိပါတယ်။ တချို့ဆိုင်တွေက မီနျူးထဲ ရေးထားပေမယ့်လည်း မှာလိုက်ရင် မရဘူးလို့ ပြောတာများပါတယ်။ ဒါပေမယ့် ထိုင်းစာသီးသန့်ရောင်းတဲ့ဆိုင်တွေနဲ့ တခြားစားသောက်ဆိုင်တွေက အနီရောင်ဟင်းဟာ အနံ့ရော၊အရသာရောပါ တော်တော်ကွာခြားပါတယ်။ ထိုင်းအနီရောင်ဟင်းကောင်းကောင်းတစ်ခွက်ဖြစ်ဖို့ သူ့မှာသုံးတဲ့ ပါဝင်ပစ္စည်းစစ်စစ်တွေရဖို့ လိုပါတယ်။ အနီရောင်ဟင်းရဲ့ အနှစ်ကိုလုပ်ဖို့ အဓိကဟာ ငရုတ်သီးအနီရောင်အခြောက်တောင့် ဖြစ်ပါတယ်။…