Author: william

ဆုန်ခရမ်မှာ ရေပက်မခံချင်သူကို ရေအတင်းပက်မယ်ဆိုရင် ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ သိရပါတယ်။ အလုပ်ကိစ္စရှိသူတွေ၊ ဆိုင်ကယ်စီးလာရင်း မတော်တဆဖြစ်မှာကြောက်သူတွေနဲ့ ဒီလိုရေမကစားချင်သူတွေကို ရေပက်ခဲ့မယ်ဆိုရင် ဒဏ်ငွေ ဘတ် တစ်သောင်းကနေ ထောင်ဒဏ် တစ်လထိ ရှိပါတယ်။ ဒါ့အပြင် ရေပက်ခြင်းကြောင့် တခြားသူရဲ့ ပိုင်ဆိုင်မှုတစ်ခုခု ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပြီး တိုင်ကြားလာခဲ့မယ်ဆိုရင် ဖမ်းဆီးအရေးယူမယ်လို့ လည်း…

ထိုင်းမှာ အီးစီးကရက်သောက်တာ၊ ဗေ့ဖ်သောက်တာဟာ ဥပဒေနဲ့ ငြိစွန်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ တရားမဝင်ပါဘူး။ သောက်ရုံတင်မကဘဲ ဆက်စပ်ပစ္စည်းလက်ဝယ်တွေ့ရှိရင်လည်း ဒဏ်ကြေးကနေ ထောင်ဒဏ်ထိ ဥပဒေသတ်မှတ်ထားပါတယ်။ ကျန်းမာရေးနဲ့ တခြားအကြောင်းရင်းတွေကြောင့် ဒီတားမြစ်မှုကို ၂၀၁၄ ခုနစ်ကတည်းက ထိုင်းနိုင်ငံမှာ စတင်ခဲ့တာပါ။ ထိုင်းနိုင်ငံသားတွေတင်မကဘဲ ထိုင်းနိုင်ငံမှာ လာရောက်နေထိုင်သူ နိုင်ငံခြားသားတွေကိုပါ ဒီဥပဒေက သက်ရောက်ပါတယ်။ ထိုင်းနိုင်ငံ…

ဗေ့ဖ်(Vape)သောက်ခြင်း၊ အီးစီးကရက်သောက်ခြင်းကို ထိုင်းနိုင်ငံမှာ တားမြစ်ထားပါတယ်။ ဝယ်ယူရောင်းချမှုတွေပြုလုပ်ရင် ထောင်ဒဏ်၊ ငွေဒဏ်တွေ ချမှတ်ခံရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲ အီးစီးကရက်နဲ့ ဆက်စပ်ပစ္စည်းတွေကို လက်ကားတင်သွင်းသူတစ်ယောက်ဟာ အနည်းဆုံးထောင်ဒဏ် ဆယ်နှစ်ကျခံရနိုင်ခြေရှိပြီး တင်သွင်းပစ္စည်းတန်ဖိုးရဲ့ ငါးဆကိုလည်း ဒဏ်ကြေးဆောင်ရနိုင်ပါတယ်။ ဘန်ကောက်ပို့စ် သတင်းဌာနရဲ့ ၂၀၂၅ မတ်ချ်လတွင်း ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်အရ ထိုင်းအစိုးရဟာ အွန်လိုင်းကနေ အီးစီးကရက်မှောင်ခိုရောင်းချမှုတွေကို…

၁။ လမ်းမပေါ် ကို ကွမ်းတံတွေး မထွေးရပါဘူး။ လမ်းမပေါ်တင်မဟုတ်ပါဘူး။ မော်တော်ကား ကြမ်းပြင်ပေါ်၊ ရထားကြမ်းပြင်ပေါ်တွေကို ပလုတ်ကျင်းချတာ ၊ နှပ်ချေးညှစ်ချတာ၊ ကွမ်းတံတွေးထွေးချတာတွေ မလုပ်ရပါဘူး။ ၂။ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေ၊ တားမြစ်ထားတဲ့နေရာတွေမှာ ရေချိုးတာ၊ ရေသုံးသန့်ရှင်းဆေးကြောတာတွေမလုပ်ရပါဘူး။ ၃။ လမ်းဘေးက အုတ်နံရံတွေ၊ သစ်ပင်တွေ၊ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေ၊ အဆောက်အအုံ…

ထိုင်းမှာ ဆိုင်ကယ်စီးတဲ့ပုံစံက မြန်မာနိုင်ငံနဲ့ ကွဲပြားတာတွေရှိပါတယ်။ ဆိုင်ကယ်စီးပြီး အပြင်မထွက်ခင် သူ့နိုင်ငံ၊သူ့ယဉ်ကျေးမှုနဲ့ သူ့စည်းကမ်းလေးတွေကို သိထားသင့်ပါတယ်။ ယဉ်ကျေးမှု လမ်းဖြတ်ကူးသူရှိရင် ရပ်ပေးရပါမယ်။ ဒါက ယဉ်ကျေးတဲ့အပြုအမူလည်း ဖြစ်ပြီး ထိုင်းလူမျိုးတွေလည်း လိုက်နာကြပါတယ်။ လူကူးမျဉ်းကြားမှာ ကူးတဲ့သူရှိတဲ့အခါမှာလည်း မဖြစ်မနေ ရပ်ပေးရမှာပါ။ ဒီလိုရပ်ပေးတာမျိုး မလုပ်ရင် ဥပဒေအရ ဘတ် ၄၀၀၀…

ကားမောင်းနေသူဟာ ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းပြောလို့မရပါဘူး။ ဖုန်းသုံးတာလည်း လုပ်လို့မရပါဘူး။ ထိုင်းနိုင်ငံဥပဒေအရ ဒဏ်ငွေ ဘတ် ၄၀၀ ကနေ ၁၀၀၀ ထိ ပေးဆောင်ရနိုင်ပါတယ်။ ဒါ့အပြင် ကားစီးတဲ့အခါ ယာဉ်မောင်းသူပဲ ဖြစ်ဖြစ်၊လိုက်ပါစီးနင်းသူပဲ ဖြစ်ဖြစ် ထိုင်ခုံခါးပတ်ကို အမြဲပတ်ထားရပါမယ်။ ကိုယ်ပိုင်ကားဖြစ်ဖြစ်၊ အများသုံးကားဖြစ်ဖြစ် ထိုင်ခုံခါးပတ်ကို အမြဲပတ် ထားရ မှာဖြစ်ပါတယ်။…

၁။ ဆေးလိပ်သောက်ဖို့ သတ်မှတ်ပေးထားတဲ့နေရာကလွဲပြီး ကျန်တဲ့နေရာတွေမှာ ဆေးလိပ်သောက်လို့ မရပါဘူး။ ၂။ လုပ်ငန်းခွင်ထဲမှာ ကွမ်းတံတွေးထွေးလို့မရပါဘူး။ တံတွေးလည်း ထွေးလို့မရပါဘူး။ ၃။ အမှိုက်ပစ်ဖို့ သတ်မှတ်ထားတဲ့နေရာမှာသာ အမှိုက်ပစ်ရပါမယ်။ ၄။ လုပ်ငန်းခွင်မှာ လုံလုံခြုံခြုံ ဝတ်ဆင်ရပါမယ်။ ၅။ လုပ်ငန်းခွင်မှာ စနောက်ကစားတာတွေ မလုပ်ရပါဘူး။ ၆။ စက်ပစ္စည်းတွေကို လုပ်ငန်းခွင်ပြင်ပကို…

ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ အလုပ်လုပ်ခွင့် လက်မှတ်လိုပါတယ်။ လက်မှတ်မရှိဘဲ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ကို ပြစ်ဒဏ်အဖြစ် ဘတ်ငွေ ၅၀၀၀ ကနေ ၅၀၀၀၀(ငါးသောင်း) ထိ ဒဏ်ငွေချမှတ်လို့ရပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားလုပ်ခွင့်မရှိတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ ဒီလုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်မိမယ်ဆိုရင်လည်း ပြစ်ဒဏ်အဖြစ် ဘတ်ငွေ ၅၀၀၀ ကနေ ၅၀၀၀၀(ငါးသောင်း)…

ထိုင်းနိုင်ငံရဲ့ အလုပ်သမားကာကွယ်ရေးဥပဒေက နိုင်ငံတွင်းမှာရှိတဲ့ အလုပ်သမားအားလုံးကို အကာအကွယ်ပေးထားပါတယ်။ ဒါကြောင့် တရားဝင်ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အနေနဲ့လည်း ဥပဒေက ပြဌာန်းထားတဲ့ ဒီအခွင့်အရေးတွေကို ခံစားခွင့်ရှိပါတယ်။ ဒီထဲကမှ IOM ကပြန်လည်ထုတ်ပြန်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားလက်စွဲစာအုပ်ပါ သိသင့်တဲ့အချက်အချို့ကို ဖော်ပြပေးပါမယ်။ အလုပ်ချိန် အလုပ်ချိန် တစ်နေ့ ၈ နာရီထက် မပိုရပါဘူး။ ကျန်းမာရေးနဲ့ လုံခြုံရေးထိခိုက်နိုင်တဲ့ နေရာတွေမှာတော့…