Author: Ingjin

နွန်ထဘူရီခရိုင်ရှိ ဝက်သားရောင်းဆိုင်တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးတစ်ဦးဟာ ဝက်သားကြိတ်စက်ထဲကိုဘယ်ဘက်လက် ညပ်မိခဲ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့က အချိန်မီ ကူညီကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၁ ရက်၊ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က ဘန်ဘူထောင်မြို့နယ်၊ ဘန်ဘူထောင်-ဆိုင်နွိုင်းလမ်းရှိ ဝက်သားရောင်းဆိုင်မှ စာရင်းကိုင်အမျိုးသမီးက ဝက်သားကြိတ်စက်မှာ…

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စုခမ်ဗစ် (၁) ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၄၃ ဦးဟာ လုပ်ခလစာ နှစ်လစာ နဲ့ စာရွက်စာတမ်းတွေ မရရှိတာကြောင့် အခတ်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ် ။ အဆိုပါ လုပ်ငန်းခွင်မှာ ၂ နှစ်မှ ၆ နှစ်အထိ အလုပ်လုပ်ကိုင်ခဲ့ကြတဲ့…

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့က ဝေါ့ပါမစ် သက်တမ်းကုန်သွားတဲ့သူတွေ ရှိပါတယ်။ နောက်ဆုံး တိုးရမှာ ဘယ်ရက်လဲ၊ ဘယ်လောက်ကုန်မှာလဲ? သတ်မှတ်ရက်အတွင်း သက်တမ်းမတိုးရင်ရော ဘာဖြစ်မှာလဲ ဒါတွေ ဒီနေ့ ပြောပြပါမယ်။ သက်တမ်းတိုးဖို့ နောက်ဆုံးရက်နဲ့ အကျိုးခံစားခွင့် အချိန်မီ သက်တမ်းမတိုးရင် ဘာတွေ ကြုံတွေ့ရမလဲ သက်တမ်းတိုးမြှင့်ခြင်း ဆောင်ရွက်ပုံနှင့်…

ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းကဘန်ကောက်မြို့ရှိ နာမည်ကျော် တိရစ္ဆာန်ရုံတစ်ခုမှာ တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦး ခြင်္သေ့တွေရဲ့ တိုက်ခိုက်တာကို ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ နံနက် ၁၁ နာရီခန့်က တိရစ္ဆာန်ရုံဝန်ထမ်းဟာ ကားပေါ်မှဆင်းပြီး လမ်းပေါ်ပြုတ်ကျသွားတဲ့ ပစ္စည်းတစ်ခုကို ကုန်းကောက်နေစဉ် နောက်ကျောမှ ခြင်္သေ့တစ်ကောင်က ရုတ်တရက် ခုန်အုပ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။…

ဘတ် ၃ သန်းကျော်ဖိုး သိမ်းဆည်းရမိ  ထိုင်းနိုင်ငံမှာ တရားမဝင် e-cigarette စက်ရုံတစ်ရုံကို ရဲက ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ အဲ့ဒီစက်ရုံမှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ဒီစက်ရုံက ဘန်ကောက်မြို့က ဂိုဒေါင်တစ်ခုကို ပြောင်းလဲပြီး ဖွင့်ထားတာပါ။ ရဲတွေက…

စက်တင်ဘာလ ၁၀ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ချိုင်းနတ်ပြည်နယ်ရှိ ကျောက်ဖရားဆည်မှ ရေထုတ်လွှတ်မှုနှုန်းကို တစ်စက္ကန့်ကို ကုဗမီတာ ၁,၉၀၀ အထိ တိုးမြှင့်လိုက်တာကြောင့် ဆည်အောက်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် ချိုင်းနတ်ခရိုင်၊ ဆန်ဖယာမြို့နယ်နဲ့ သုံးကို့ခ်မြို့နယ်တို့မှာ ရေဘေးဒဏ် အဆိုးဆုံး ခံစားနေရပါတယ်။ ချိုင်းနတ်ခရိုင်၊ ဆန်ဖယာမြို့နယ်မှာ ဆည်က ရေထုတ်လွှတ်မှု…

အရေးပေါ် ကပ်ရောဂါဇုန်အဖြစ် ကြေညာ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘန်ကောက်နဲ့ စမူပရာကန်ပြည်နယ်အတွင်း ခွေးရူးပြန်ရောဂါ ကူးစက်ပြန့်ပွားနေတာကို တွေ့ရှိရလို့ အရေးပေါ်ကပ်ရောဂါဇုန်အဖြစ် ကြေညာလိုက်ပါတယ်။ ဒီအမိန့်ဟာ စက်တင်ဘာလ ၉ ရက်နေ့ကနေ အောက်တိုဘာလ ၈ ရက်နေ့အထိ အကျုံးဝင်မှာဖြစ်ပြီး ကပ်ရောဂါဇုန်အတွင်းက ခွေး၊ ကြောင်နဲ့ တခြားနို့တိုက်သတ္တဝါတွေကို သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရှိဘဲ ရွှေ့ပြောင်းတာမျိုး…

ကိုယ့်ဆီက ငွေလိမ်ခံရမှ လိမ်လည်ခံရတယ်လို့ ခေါ်တာ မဟုတ်ပါဘူး။ ထိုင်းမှာ ကိုယ်တောင် မသိလိုက်ဘဲ အလိမ်ခံနေရတာတွေ ရှိပါတယ်။ အထူးသဖြင့် အွန်လိုင်းကနေ ငွေကြေးလိမ်လည်သူတွေ သုံးကြတဲ့ နည်းလမ်းပါ။အသုံးများတဲ့ နည်းလမ်းတစ်ခုကတော့ ကိုယ့်ရဲ့ဘဏ်အကောင့်ကို လိမ်လည်သူတွေက သူတို့အတွက် ငွေလက်ခံတဲ့ အကောင့်တခုအဖြစ် အသုံးချကြတာပါပဲ။ အဲဒီ Mule Account လို့ခေါ်တဲ့…

လိမ်လည်မှုများ သတိထားရန်လို  အလုပ်သမားရေးရာဝန်ကြီးဌာနက လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် အလုပ်လုပ်ခွင့်ပါမစ်လျှောက်ထားတာကို လက်ရှိအချိန်ထိ မဖွင့်သေးဘူးလို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒီသတိပေးချက်ဟာ အလုပ်သမားတွေ လိမ်လည်ခံရတာနဲ့ ငွေကြေးဆုံးရှုံးတာတွေ မဖြစ်စေဖို့အတွက် ရည်ရွယ်ပါတယ်။ အရေးကြီးတဲ့ အချက်အလက်တွေကတော့ မှတ်ပုံတင်ခွင့် မဖွင့်သေးပါဘူး လိမ်လည်မှုတွေကို သတိထားပါ အကူအညီတောင်းခံပါ …

ဒီလို နေ့မျိုးမှာ ၉.၉ ဈေးရောင်းပွဲတော်တွေဟာ ဈေးဝယ်သူတွေအတွက် အခွင့်အရေးကောင်းတွေဖြစ်ပေမယ့် လိမ်လည်သူတွေအတွက်လည်း အခွင့်အရေးကောင်း ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် မလိုလားအပ်တဲ့ဆုံးရှုံးမှုတွေ မဖြစ်အောင် အွန်လိုင်းစျေးဝယ်ထွက်တဲ့အခါ ဒီလိုအချက်တွေကို သတိထားကြဖို့လိုပါတယ်။ မရင်းနှီးတဲ့ လင့်ခ်တွေကို သတိထားပါ ရောင်းချသူကို သေချာစစ်ဆေးပါ အလွန်အကျွံပရိုမိုးရှင်းတွေကို သတိထားပါ ငွေပေးချေမှုစနစ်ကို ဂရုစိုက်ပါ ကတ်အချက်အလက်တွေ မပေါ့ဆပါနဲ့…