Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Ingjin
နခွန်ဆ၀မ်ပြည်နယ်၊ အဝေးပြေးလမ်းမပေါ်မှာ တရားမဝင် မြန်မာအလုပ်သမား ၃၀ ဦးကျော်ကို တင်ဆောင်လာတဲ့ ကား ၃ စီးကို အဝေးပြေး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဟာ လျှို့ဝှက်သတင်းရရှိပြီးနောက် ချင်းမိုင်ကနေ ပြည်တွင်းမြို့ကြီးတွေဆီကို ဦးတည်လာတဲ့ သံသယဖြစ်ဖွယ် ကား ၃ စီးကို နခွန်ဆ၀မ်ပြည်နယ်၊ နောင်ဘူမြို့နယ်၊ အာရှလမ်းမကြီးပေါ်မှာ…
မြန်မာနိုင်ငံမှ မဟုတ်ဘူး။ ထိုင်းမှာလည်း အွန်လိုင်းက လိမ်တာတွေ အရမ်းကိုမှ များပါတယ်။ အလုပ်ရမယ်လို့ လိမ်တာ၊ ဘဏ်အကောင့်လိမ်တာ၊ ထီပေါက်တယ်၊ ကံစမ်းမဲ ပေါက်တယ်ဆိုပြီး လိမ်တာ အစုံရှိပါတယ်။ ၁။ အလုပ်ရမယ်လို့ လိမ်တာ ၂။ ဘဏ်အကောင့် ခိုးယူတာ သင့်ဘဏ်အကောင့်ထဲက ပိုက်ဆံတွေကို ခိုးယူဖို့အတွက် လိမ်လည်သူတွေက နည်းအမျိုးမျိုးသုံးကြပါတယ်။…
ထိုင်းနိုင်ငံမှာခရီးသည်တင်ယာဉ်အငှားဝန်ဆောင်မှုတွေအတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ စတင်အသက်ဝင်မယ့် ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းလိုက်ပါတယ်။ ဒီဥပဒေကြောင့် ခရီးသည်တွေဟာ အရင်ကထက် ပိုပြီး ဘေးကင်းလုံခြုံတဲ့ ဝန်ဆောင်မှုတွေကို ရရှိခံစားနိုင်မှာဖြစ်သလို အထောက်အထားပြရမယ့် အဆင့်တွေလည်း ရှိလာမှာ ဖြစ်ပါတယ်။ ကိုယ်ရေးအချက်အလက် အတည်ပြုခြင်း ယာဉ်မောင်းတဲ့သူရော၊ ခရီးသည်တွေပါ ကိုယ်ရေးအချက်အလက် အပြည့်အစုံနဲ့ မှတ်ပုံတင်အချက်အလက်တွေကို ပလက်ဖောင်းမှာ…
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်က ကြက်ကင်ရောင်းတဲ့သူတစ်ဦးဟာ ဆိုင်ကယ်ပျောက်တယ်လို့ အိပ်မက်မက်ပြီး ထီထိုးခဲ့ရာမှာ ဘတ် ၁၂ သန်းတန် ထီဆုကြီးကို ပေါက်ခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် မစ္စတာ ရေဝတ်ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ့ဆိုင်ကယ်ပျောက်သွားတယ်လို့ အိပ်မက်မက်ခဲ့ပါတယ်။ နိုးလာတော့ အိပ်မက်ကို အတိတ်နိမိတ်အဖြစ်ယူပြီး ဆိုင်ကယ်နံပါတ်ပြားက ဂဏန်း ၄၆ ကို…
ထိုင်းနိုင်ငံ၊ နခွန်ပထုံရှိ စက်ရုံတစ်ခုမှ အလုပ်သမားတွေကို အလုပ်ဆင်းရက်များ၊ ပိတ်ရက်များအတွက် လုပ်ခနှစ်ဆမပေးခြင်းနဲ့ ဆေးထောက်ခံစာပါတဲ့ ခွင့်ရက်များအတွက် လစာဖြတ်တောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီစက်ရုံမှ အလုပ်သမားတွေက သူတို့ရဲ့ဆန္ဒအရ တစ်ရက်သာနားခဲ့ခြင်းကြောင့် ကြိုတင်အကြောင်းမကြားဘဲ အတင်းအကျပ်လက်မှတ်ထိုးခိုင်းကာ အလုပ်မှ ထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ထုတ်ပယ်ခံရသူပေါင်း ၅၀ ကျော်ရှိပေမယ့် တိုင်ကြားမှု မပြုလုပ်ရဲကြတာကြောင့်…
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ အရက်ရောင်းချခွင့်မရှိတဲ့အချိန်မှာ ဆိုင်ထဲမှာ အရက်သောက်နေရင် ဘတ် ၁၀,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်တဲ့ ဥပဒေသစ်ကြောင့် ဖျော်ဖြေရေးလုပ်ငန်းတွေ အခက်တွေ့နေရပါတယ်။ ပတ္တရားမှာရှိတဲ့ ညပိုင်းလုပ်ငန်းရှင်တွေက ဒီဥပဒေဟာ အခုအချိန်မှာ အဆိုးရွားဆုံးဖြစ်နေတဲ့ စီးပွားရေးအခြေအနေကို ပိုဆိုးစေနိုင်တယ်လို့ ပြောပါတယ်။ ပတ္တရားဟာ ကမ္ဘာလှည့်ခရီးသွားမြို့ဖြစ်ပြီး ဘားနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကနေ အဓိက ဝင်ငွေရှာကြပါတယ်။…
ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်မှာ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကူးမှုတွေကြောင့် နိုင်ငံခြားသား ၃၁ ယောက်ရဲ့ နေထိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်နေပါတယ်။ ဒီအပြင် အဲဒီအမှုတွေမှာ ပါဝင်တဲ့ ထိုင်းနိုင်ငံသားတစ်ယောက်ရဲ့ နိုင်ငံသားအဖြစ်ကိုပါ ရုပ်သိမ်းဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။ သောင်ဖာပွန်ခရိုင်ရဲ့ အကြီးအကဲဖြစ်တဲ့ မစ္စတာ ချာခရစ် တန်ဖီရွတ်က ကန်ချနပူရီအုပ်ချုပ်ရေးမှူးရဲ့ အရေးပေါ်ညွှန်ကြားချက်အရ…
ဘတ်ငွေ ၅ သိန်းနီးပါး ဆုံးရှုံး ဘန်ကောက်မြို့က အသက် ၈၃ နှစ်အရွယ် အဖွားအိုတစ်ဦးဟာ ဖုန်းကနေ ငွေလိမ်လည်တဲ့ ဂိုဏ်းကို အကြိမ်ကြိမ်ငွေလွှဲပေးနေခဲ့တာကြောင့် ရဲတွေက သွားရောက်တားဆီးခဲ့ပေမဲ့ ရဲတွေကို မယုံကြည်ပဲ ငွေတွေထပ်လွှဲလိုက်တာကြောင့် အချည်းနှီး ဖြစ်ခဲ့ရပါတယ်။ ဖြစ်စဉ်အရ ဘဏ်တစ်ခုက အဖွားအိုရဲ့ ဘဏ်အကောင့်ထဲက ငွေတွေ ပုံမှန်မဟုတ်ဘဲ…
၂ ရက်အတွင်း မြန်မာ ၃၀၀ နီးပါး ဖမ်းဆီးခံရ ကန်ချနာဘူရီပြည်နယ်၊ သောင်ဖာပွန်မြို့နယ်မှာ ဒီကနေ့မနက်အစောပိုင်းက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၁၃ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြန်ပါတယ်။ဒီကနေ့မနက်ပိုင်းမှာတင် ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သား စုစုပေါင်း ၂၀၀ နီးပါးရှိလာပါတယ်။ယမန်နေ့ကလဲ မြန်မာလုပ်သား ၁၀၀ နီးပါးအဖမ်းခံခဲ့ရပြီး ဒီရက်ပိုင်းအတွင်းမှာတင် ဖမ်းဆီးခံရသူ…
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်မှာ မသင်္ကာစရာ အလုံပိတ်ဗင်ကားတစ်စီးကို ရဲတွေက ရပ်တန့်စစ်ဆေးရာမှ စာရွက်စာတမ်းမရှိတဲ့ မြန်မာလုပ်သား ၇ ဦးကို တွေရှိခဲ့ပြီး ဖမ်းဆီးခံခဲ့ရပြန်ပါတယ်။ မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ဖို့အတွက် ဝင်ရောက်ဖို့ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ အဝေးပြေးလမ်းမကြီးပေါ်မှာ ဖြည်းဖြည်းနဲ့ မသင်္ကာဖွယ် မောင်းလာတဲ့ ဗင်ကားတစ်စီးကို ရဲတွေက သတိထားမိပြီး ရပ်တန့်စစ်ဆေးခဲ့တာပါ။ ကားမောင်းသူမှာ…