Author: Ingjin

ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) က နခွန်ဆဝမ်ခရိုင်က အဝေးပြေးလမ်းမကြီးပေါ်မှာ မသင်္ကာတဲ့ ကားသုံးလေးစီး အရှိန်ပြင်းပြင်း မောင်းနှင်နေတာကို သတိပြုမိခဲ့ပြီး ဒီကားတွေဟာ ပုံမှန်ထက် ပိုလေးနေတာကိုလည်း သတိထားမိခဲ့တာကြောင့် လိုက်လံစစ်ဆေးရာမှ လူပွဲစား ၅ ဦးနဲ့ သူတို့တင်ဆောင်လာတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၃၄ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ဦးဆောင်မောင်းနှင်တဲ့…

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား လက်ကောက်ဝတ် ဖြတ်တောက်ခဲ့တဲ့ မြန်မာတစ်ဦးကို ရဲတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးလိုက်ပါတယ်။ ရဲတပ်ဖွဲ့က ဒီအမှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၈ ဦးကိုလည်း စက်တင်ဘာ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ ဖမ်းဆီးခဲ့ပြီး ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ စက်တင်ဘာလ ၁၆…

လန်ပန် – လန်ဖွန်း ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ အဝေးပြေးရဲတပ်ဖွဲ့က ကင်းလှည့်နေစဉ် ဘန်ကောက်-ဘန်ထာတွန်ခရီးစဉ်ပြေးဆွဲနေတဲ့ ဘတ်စ်ကားတစ်စီးကို သံသယဖြစ်လို့ ရပ်တန့်စစ်ဆေးခဲ့ရာ တရားမဝင်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကို တွေ့ခဲ့ရတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ကားကို စစ်ဆေးကြည့်တဲ့အခါ အသက် ၄၆ နှစ်အရွယ် ကားမောင်းသူအမျိုးသားနဲ့ အသက် ၄၂…

ကန်ချနပူရီ နဲ့ စူဖန်ဘူရီအဝေးပြေးလမ်းရဲတပ်ဖွဲ့ဟာ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေ တင်ဆောင်ကာမောင်းနှင်လာတဲ့ အနက်ရောင်ပစ်ကပ်ကားတစ်စီးကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံသား ၁၇ ဦးနဲ့ ထိုင်းယဉ်မောင်း တစ်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ရဲတပ်ဖွဲ့က ကန်ချနပူရီခရိုင်၊ ဆိုင်းယို့ခ် ၊ ဆင်းရပ်ကွက်ရှိ လမ်းမကြီးကို ရောက်လာချိန်မှာ ရပ်တန့်စစ်ဆေးခဲ့တာပါ။ ကားအတွင်း ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသားနဲ့အတူ မြန်မာနိုင်ငံသား ၁၇…

နခွန်နာယို့ခ်ခရိုင်၊ ဘန်နာမြို့နယ်မှာ အသက် ၇၉ နှစ်အရွယ် အဖွားအိုတစ်ဦးဟာ လူငယ်တွေနဲ့ မြန်မာအလုပ်သမားတွေကို မူးယစ်ဆေးဝါး ရောင်းချပေးနေတယ်ဆိုတဲ့ သတင်းကြောင့် မူးယစ်ဆေးဝါး နှိမ်နင်းရေး အထူးအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိသိရပါတယ်။ အဖမ်းခံရသူ အဖွားပင်မ်ဟာ ၁၀၀ ဘတ်နဲ့ စိတ်ကြွဆေးပြား ၃ ပြားကို ရောင်းချခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ဟာ…

ချင်းမိုင်မြို့မှာ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ပြီး တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့ က အထူးစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး အလုပ်လုပ်ခွင့် ဗီဇာမရှိတဲ့ ဩစတြေးလျနိုင်ငံသားတစ်ဦးနဲ့ နိုင်ငံခြားသားလုပ်ခွင့်မရှိတဲ့ ဧည့်ကြိုအလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို မနေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့က သတင်းပေးပို့ချက်ရရှိပြီးနောက် ချင်းမိုင်မြို့၊ ချန်းကလန်ရပ်ကွက်မှာရှိတဲ့ ဟိုတယ်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့တာပါ။…

နိုင်ငံတွင်း ကာလကြာရှည် နေထိုင်လာတဲ့ တိုင်းရင်းသားတွေနဲ့ နေရပ်စွန့်ခွာ ဒုက္ခသည်တွေရဲ့ ကလေးတွေကိုနိုင်ငံသားပေးတာနဲ့ မှတ်ပုံတင်ပြုလုပ်ပေးတဲ့ လုပ်ငန်းစဉ်တွေမှာ လာဘ်စားမှုတွေ ရှိနေကြောင်း ထိုင်း လွှတ်တော်အမတ်တွေက ပြောကြားလိုက်ပါတယ်။ ဒီလို လာဘ်စားမှုတွေကို စုံစမ်းပေးဖို့ ပြည်ထဲရေးဌာနကို တိုင်ကြားလိုက်တာလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့ လူပေါင်း ၄၈၃,၆၂၆ ဦးအတွက်…

ထိုင်းနိုင်ငံမှာ ညပိုင်း သတ်မှတ်ချိန်ကို ကျော်လွန်ပြီး အရက်သောက်သုံးသူတွေဟာ ဒဏ်ကြေးငွေ ဘတ် ၁၀,၀၀၀ အထိ ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။ ဒီစည်းကမ်းအသစ်ကို နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး အတည်ပြုကျင့်သုံးမှာပါ။ အရင်တုန်းကဆိုရင် သတ်မှတ်ချိန်ပြင်ပမှာ အရက်ရောင်းချတဲ့ဆိုင်တွေကိုသာ အဓိကအရေးယူခဲ့တာပါ။ အခုတော့ အရက်သောက်သုံးတဲ့သူတွေကိုပါ တိုက်ရိုက်အရေးယူဖို့ ဥပဒေကို ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။…

အိမ်မွေးတိများ ရွေ့ပြောင်းသယ်ယူခွင့်မရှိ ဘန်ကောက်မြို့၊ နောင်ချော့ခရိုင်မှာ ခွေးရူးပြန်ရောဂါ ကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေ သေဆုံးခဲ့တာကြောင့် ဒေသ ၁ မွေးမြူရေးရုံးက နေရာ ၇ ခုကို ရက် ၃၀ ကြာ ခွေးရူးပြန်ရောဂါ ယာယီ ကူးစက်မြေ အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒီကာလအတွင်း တိရစ္ဆာန်တွေကို ရွှေ့ပြောင်း သယ်ယူခွင့်မရှိဘဲ…

တာ့ခ်ခရိုင်၊ ဝမ်ချောင်မြို့နယ်ရှိ အိမ်တစ်အိမ်မှာ စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၇ နာရီခန့်က တရားမဝင် ခိုအောင်းနေတဲ့ နိုင်ငံခြားသားတွေကို လုံခြုံရေးအဖွဲ့တွေက ဝင်ရောက်စစ်ဆေးခဲ့ရာ စစ်ဆေးမှုအတွင်း အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၄၉ ဦးကို တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။…