Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Ingjin
ထိုင်းနိုင်ငံ ပတ္တရား ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ကွန်ကရစ်နံရံ ပြိုကျခဲ့တာကြောင့် မြန်မာအလုပ်သမားနှစ်ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တယ်လို့သိရပါတယ်။ ဇွန်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် အလုပ်သမားအများအပြားဒဏ်ရာရခဲ့ပြီး မြန်မာအလုပ်သမားနှစ်ဦးကတော့ ပြိုကျနေတဲ့ကွန်ကရစ်နံရံတွေအောက်ပိတ်မိသွားတာကြောင့် သွေးထွက်ဒဏ်ရာတွေနဲ့အတူ သတိလစ်မေ့မြောပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့တာပါ။ အခြား ထိုင်းအလုပ်သမား နှစ်ဦးကတော့…
ဆိုင်ကယ် ဦးထုပ် ဥပဒေနဲ့ ပတ်သက်လို့ ဆိုင်ကယ်ကယ်ရီသမားတွေဆီက တုန့်ပြန်သံတွေ ထွက်လာနေပါပြီ။ဒီကြားထဲ ခရီးသည်ကပါ မဆောင်းရင် ဒဏ်ငွေနှစ်ဆ ဘတ် ၄၀၀၀ ဆိုတာက အတော်လေး အခက်တွေ့စေတဲ့ နှုန်းထားဖြစ်လို့ ယာဉ်မောင်းတွေ ညည်းတွားနေကြတာပါ။ သူတို့က ဒဏ်ရိုက်တာကို သဘောတူပေမယ့် ဒဏ်ကြေးကို သဘောမတူကြတာပါ။ ဘာလို့လဲဆိုတော့ ခရီးသည် တွေက…
တရုတ်နိုင်ငံက အာဆီယံ ၁၀ နိုင်ငံ နဲ့ တီမောလက်စတေးအပါအဝင် ၁၁ နိုင်ငံအတွက် “အာဆီယံဗီဇာ”ကို ဇွန်လထဲမှာ စတင်မိတ်ဆက်ထားပါတယ်။ အာဆီယံ ဒေသတွင်းက လုပ်ငန်းရှင်တွေအတွက် အဓိက ခွင့်ပြုပေးသွားမယ့် ဒီဗီဇာဟာ ငါးနှစ်အထိ အကြိမ်ကြိမ် ဝင်ထွက်သွားလာနိုင်မှာ ဖြစ်ပါတယ်။ဘယ်သူတွေအတွက်လဲ၊ ဘာတွေ ခွင့်ပြုထားလဲ အဓိကအနေနဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက်…
ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအတွက် လစဉ်ကြေး ဘတ် ၃၀၀ သာကျသင့်မယ့် ထိုင်းဘာသာစကား သင်တန်းတစ်ခုကို ဖန်ငါခရိုင်၊ တာကွာပါမြို့နယ်မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ဒီသင်တန်းကို ပညာရေးနှင့် တိုးတက်ရေးဖောင်ဒေးရှင်း FED (foundation for Education and development ) ကနေ ထိုင်းရောက်မြန်မာလုပ်သားများအတွက် ရည်ရွယ် ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။ …
ထိုင်းတွေရဲ့ လုပ်ငန်းခွင်ဟာ ယဉ်ကျေးမှုဟာ မြန်မာတွေနဲ့ နီးစပ်သယောင် ရှိပေမယ့် အချို့ မတူတာလေးတွေ ရှိပါတယ်။ထိုင်းလုပ်ငန်းခွင်အတွင်း ကိုယ်က ရောက်နေပြီဆိုရင် ထိုင်းတွေဟာ လုပ်ငန်းခွင်မှာ ဘယ်လို စိတ်ထားတတ်ကြတယ်၊ သူတို့ ဘာတွေကို လေးစားကြလဲ၊ ဘာတွေကို တန်ဖိုးထားလဲ၊ ဝန်ထမ်းခြင်း ဆက်ဆံရေး ဘယ်လို ရှိတတ်ကြလဲ ဒါတွေ သိထားရပါမယ်။…
ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အနေနဲ့ ရက်၉၀ ပြည့်တိုင်း လူဝင်မှူကြီးကြပ်ရေးရုံးမှာ သွားရောက်သတင်းပို့ရပါတယ်။ ဒါကို ရက်ကိုးဆယ် ပြည့်တိုင်း လုပ်ရမှာဖြစ်ပါတယ်။ တကယ်တော့ ဒီလိုသတင်းပို့ရတာဟာ အလုပ်သမားဗီဇာနဲ့ ထိုင်းနိုင်ငံတွင်း နေထိုင်သူတွေမှ မဟုတ်ပါဘူး။ နိုင်ငံတွင်းနေ နိုင်ငံခြားသားတိုင်း ပြုလုပ်ရတာ ဖြစ်ပါတယ်။ မိမိလက်ရှိနေနေတဲ့ နေရပ်ကို သတင်းပို့ရတာ ဖြစ်ပြီး သက်တမ်းမကုန်ခင် ၁၅ ရက်၊…
နှစ်ရက်အတွင်း သုံးသောင်းနီးပါး ကူးစက်ခံရ ထိုင်းမှာ ဇွန်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ နှစ်ရက်အတွင်း ကိုဗစ်ဖြစ်ပွါးသူ အသစ်၂၈၂၉၄ ဦးရှိလာပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း ယခုချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူ ၆၉ ဦးအထိရှိလာပြီး ကိုဗစ်ကြောင့် သေဆုံးသူတွေထဲမှာ အသက်ကြီးသူတွေနဲ့ ရောဂါအခံရှိသူတွေအများဆုံးပါဝင်ပါတယ်။ အဓိကအနေနဲ့ လူနေထူထပ်တဲ့…
ဘန်ကောက်က အသီးဈေးရောင်းပွဲတော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Siam square မှာ သစ်သီးပွဲတော်ကျင်းပဖို့ရှိပါတယ်။ ဇွန်လ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့အထိပြုလုပ်သွားမှာ ဖြစ်ပြီးတော့တောင်သူလယ်သမားတွေဆီကတိုက်ရိုက်ရရှိတဲ့သစ်သီးတွေကို ခင်းကျင်းရောင်းချသွားမှာပါ။ ထူးခြားချက် ပွဲရဲ့ထူးခြားချက်အနေနဲ့ လူငယ်တွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ဒူးရင်းဘူဖေးကိုပါ ထည့်သွင်းရောင်းချသွားမှာပါ။ဒါ့အပြင် သစ်သီးတွေနဲ့ပြုလုပ်ထားတဲ့ဖျော်ရည် ၊ မုန့်တို့ကိုလဲ ရောင်းချပေးသွားမှာပါ။ …
ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝပ်က ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာနဲ့ပတ်သတ်ပြီးပြန်လည်မြှင့်တင်ဖို့ အရေးပေါ်မူဝါဒ ငါးချက်ချမှတ်လိုက်ပါတယ်။ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ခရီးသည်အရေအတွက်ကျဆင်းသွားပေမယ့် ဥရောပနဲ့အမေရိကန်ကလာတဲ့ ချမ်းသာတဲ့ခရီးသည်တွေကြောင့် နိုင်ငံရဲ့ ငွေပမာဏအမြတ်အစွန်းတွေတက်လာခဲ့တယ်လို့ဆိုပါတယ်။ ချမှတ်လိုက်တဲ့ အရေးပေါ်မူဝါဒ ငါးချက်ကတော့ နိုင်ငံရဲ့ပုံရိပ် ခရီးသွားတွေကို ဆွဲဆောင်နိုင်ရန်အတွက် နိုင်ငံတွင်း အပြင်အဆင်တွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ ကြော်ငြာတာတွေကို ပိုမို တိုးချဲ့ရန်။ လုံခြုံရေး နဲ့ ဝန်ဆောင်မှု …
ထိုင်းနိုင်ငံ အရှေ့ပိုင်းနယ်စပ်ပြည်နယ် Muang ခရိုင် တမ်ဘွန် Tha Yaek က အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှာ “ဒေါင့်သန်း” ရောဂါ ကူးစက်ခံထားကြောင်း တွေ့ရှိရတယ်လို့ ပြည့်သူ့ကျန်းမာရေးဌာနက ပြောပါတယ်။ အဆိုပါ အမျိုးသားရဲ့ ဦးခေါင်း ၊ လည်ပင်းနောက်နဲ့ ခြေလက်တွေမှာ ဒဏ်ရာတွေတွေ့ရှိခဲ့တာကြောင့်ဆရာဝန်က စမ်းသပ်ကြည့်ရာမှ…