Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Ingjin
ရုတ်တရက်ရေကြီးမှုတွေကို ဒီနေ့ကစပြီး မေ ၂၇ ရက်နေ့ထိ သတိထား၊ပြင်ဆင်ထားဖို့ ထိုင်းနိုင်ငံ ဘေးန္တရာယ်ကာကွယ်လျှော့ချရေး ဌာနက သတိပေးပါတယ်။ ထိန်းသိမ်းနိုင်တဲ့ ရေပမာဏ ၈၀ ရာခိုင်နှုန်းနဲ့အထက် ထိန်းသိမ်းထားတဲ့ ရေထိန်းရေလှောင်တမံတွေရှိရာနေရာတွေကို အထူးသတိပေးပါတယ်။ ဒီထဲမှာ မဲဟောင်ဆောင်၊ချင်းမိုင်၊ချင်းရိုင်၊လန်ဖွန်း၊လန်ဖန်းနဲ့ တာ့ခရိုင်တို့လည်း ပါပါတယ်။ အစိုးရဘေးအန္တရာယ်ကာကွယ်လျှော့ချရေးဌာနဟာ ဒေသဆိုင်ရာရုံးတွေကို အသင့်ပြင်ဆင်ထားဖို့ သတိပေးထားပြီးဖြစ်ပါတယ်။ ရေကြီး၊ရေလျှံဖြစ်တတ်တဲ့နေရာမှာနေထိုင်သူတွေကလည်း…
ဘန်ကောက်မှာ မေကနေ အောက်တိုဘာလောက်ထိ မိုးရွာတယ်။ မိုးရွာပြီဆို ရေကြီးကားပိတ်တာမျိုးတွေက ဖြစ်နေကျပဲ။ ဒါပေမယ့် ဘန်ကောက် မိုးတွင်းမှာ တခြား သတိထားသင့်တာတွေလည်း ရှိသေးတယ်။ အက်ဆီးဒင့် ဒီစာရေးနေတဲ့ အချိန်မှာတောင် ပြီးခဲ့တဲ့နှစ်ရက်လောက်က ဘန်ကောက်မှာဖြစ်ခဲ့တဲ့ သတင်းတစ်ပုဒ်ကို သတိရမိတယ်။ မိုးရွာထဲ ဆိုင်ကယ်မောင်းလာရင်း အက်ဆီးဒင့်ဖြစ်လို့ မြန်မာလူမျိုးလင်မယားနှစ်ယောက် ဆုံးသွားတယ်။ မိုးရာသီမှာ…
ထိုင်းနိုင်ငံမှာ အမျိုးသမီးအလုပ်သမားတွေကို အမျိုးသမီးဓမ္မတာခွင့်ပေးဖို နှိုးဆော်နေကြတာ ကြာပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအစိုးရက တိုက်တွန်းအားပေးတဲ့စာတစ်စောင် ပျံ့နှံ့လာပါတယ်။ မြောက်ပိုင်းကွန်ရက်အဖွဲ့ဆိုတဲ့ အဖွဲ့ဟာ အလုပ်သမားတွေရဲ့ အခက်အခဲနဲ့ပတ်သက်ပြီး ထိုင်းအစိုးရကို တင်ပြခဲ့ပါတယ်။ ဒီထဲက အချက်တစ်ချက်ဟာ အမျိုးသမီးတွေ ဓမ္မတာကြောင့် ယူရတဲ့ ခွင့်ရက်ကို ဓမ္မတာခွင့်အဖြစ်သတ်မှတ်ပေးဖို့၊ အဆိုပါခွင့်ရက်ကို လုပ်အားခလည်း မဖြတ်ဖို့၊ အမျိုးသမီးအလုပ်သမားတွေအားလုံး…
လက်အုပ်ချီပြီးနှုတ်ဆက်တာကို ထိုင်းဘာသာစကားနဲ့ “ဝိုင်း” (Wai) လို့ ခေါ်ပါတယ်။ လက်အုပ်ချီပြီးတဲ့အခါမှာ “ဆဝါဒီခ” လို့ ပြောဆိုပြီး နှုတ်ဆက်ရပါတယ်။ ဒါက ချစ်ခင်လေးစား ယဉ်ကျေးမှုကို ပြသတာဖြစ်ပါတယ်။ လုပ်ငန်းခွင်ကိုရောက်ရှိတဲ့အခါ ဒီလိုနှုတ်ဆက်ခြင်းနဲ့ တစ်ဦးပေါ်တစ်ဦးအလေးထားမှုကို ပြသရပါတယ်။ အကူအညီတစ်ခုရရှိပြီးတဲ့အခါ၊ ကျေးဇူးတင်စရာတစ်ခု ရှိတဲ့အခါ “ခေါခွန်ခ” လို့ ကျေးဇူးတင်ကြောင်း အမြဲပြန်လည်ပြောရပါတယ်။ …
ထိုင်းနိုင်ငံသားလူငယ်တွေဟာ အိမ်ဝယ်ပြီးနေရတာထက် အိမ်ငှားပြီးနေရတာကို ပိုကြိုက်ပါတယ်။ လူငယ် ၆၆ ရာခိုင်နှုန်းလောက်က ဝယ်ပြီးနေတာထက် ငှားပြီးနေတာကို ပိုရွေးချယ်ကြပါတယ်။ LWS Wisdom and Solutions ဆိုတဲ့ စီမံခန့်ခွဲရေး အတိုင်ပင်ခံကုမ္ပဏီတစ်ခုက ဒီအကြောင်းကို စစ်တမ်းကောက်ခဲ့တာပါ။ ငှားနေရတာကို သူတို့ပိုကြိုက်ရတဲ့ အဓိကအကြောင်းရင်းတစ်ချက်က အပြောင်းအလဲများတဲ့ ဘဝနေထိုင်မှုပုံစံကြောင့်ပါ။ အလုပ်အကိုင်ပြောင်းပြီး နေရာခဏခဏ…
ထိုင်းနိုင်ငံတွင်း မုန်တိုင်းကျရောက် မိုးကြီးမှုတွေဟာ မေလကနေ ဇွန်လ အစောပိုင်းထိ ရှိနေမှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသဌာနက ယျေဘုယျခန့်မှန်းထားပါတယ်။ ဒီနေ့ မေ ၁၉ ရက်နေ့အတွက်ကတော့ နေရာတော်တော်များများမှာ နေသာနိုင်ပေမယ့် နေရာအချို့မှာတော့ မိုးကြီးနိုင်ဆဲဖြစ်တယ်လို့ ခန့်မှန်းပါတယ်။ တာ့ခ်ခရိုင်၊ချင်းရိုင်၊ချင်းမိုင်နဲ့ မဲဟောင်ဆောင် တို့မှာတော့ ရွာရန်ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်းလောက်ထိ…
သေဆုံးသူ ၁၉ ယောက်ထိ မြင့်တက်လာ ထိုင်းမှာ ကိုဗစ်-၁၉ ဖြစ်ပွားသူဦးရေဟာ ၇၁၀၆၇ ယောက် ရှိပြီဖြစ်ပါတယ်။ သေဆုံးသူဟာလည်း ၁၉ ယောက်ထိ ရှိလာပါတယ်။ဒီအရည်အတွက်ဟာ ဒီနှစ် ဇန်နဝါရီ ၁ ရက်ကနေ မေ ၁၄ ရက်အတွင်း ဖြစ်ပါတယ်။ ဖြစ်ပွားတဲ့နှုန်းကတော့ ဆုန်ခရန်ကာလအပြီးနောက်ပိုင်းမှာ မြင့်တက်လာနေတာပါ။ သေဆုံးမှုကလည်း…
ထိုင်းနိုင်ငံမှာ ကလေးမီးဖွားတဲ့အခါ မွေးစာရင်းမှတ်ပုံတင်တာကို ပြုလုပ်ရပါမယ်။ ကိုယ်မီးဖွားတဲ့ဆေးရုံကနေ မွေးစာရင်းထုတ်ပေးပါတယ်။ ဒီမွေးစာရင်းနဲ့အတူ မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မွေးတဲ့ ကလေးမှ မဟုတ်ဘဲ ကိုယ့်အုပ်ထိန်းမှုမှာရှိတဲ့ ကလေးအားလုံးကို မှတ်တမ်းတင်မှု ပြုလုပ်ထားရမှာလည်း ဖြစ်ပါတယ်။ ကလေးမွေးဖွားကြောင်းကို ကလေးမီးဖွားပြီး ၁၅ ရက်အတွင်း မိဘကိုယ်တိုင် (သို့) အုပ်ထိန်းသူက…