Author: Ingjin

လုပ်ငန်းခွင်ဝင်ပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို မထိခိုက်အောင် သတိထား ဂရုစိုက်ရမယ့် အရာတွေရှိပါတယ်။ လုပ်ငန်းခွင်တိုင်းမှာ ကိုယ်ပိုင် စည်းမျဉ်းတွေနဲ့ လုပ်ထုံးလုပ်နည်း သတိပေးဆိုင်းဘုတ်တွေ အမှတ်အသားတွေရှိပါတယ်။အဲ့ဒါတွေကို သေချာနားလည်ပြီး မှတ်ထားဖို့လိုပါတယ်နော် ကိုယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေလို အမြင့်တွေပေါ်မှာလုပ်ရတဲ့အလုပ်တွေမှာ အန္တရာယ်ကင်းဖို့ ခါးပတ်နဲ့ အသက်ကယ်ကြိုးကို အမြဲတပ်ထားဖို့လိုပါတယ်။ ပြီးရင် လုပ်ငန်းခွင်ထဲမှာ မလုံခြုံတာမျိုး အန္တရာယ်ရှိတာမျိုး တခုခုတွေ့ရင်…

ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်လို့မရတဲ့ လုပ်ငန်းအမျိုးအစားတွေရှိပါတယ်။ ထိုင်းရိုးရာလက်မှုလုပ်ငန်းတွေအပါအဝင် ဆံပင်ညှပ်၊အလှပြင်လို လုပ်ငန်းမျိုးတွေလည်း ပါဝင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အစိုးရက အဆိုပါနေရာတွေမှာ ဝင်ရောက်လုပ်ကိုင်ခြင်းကို ဥပဒေပြဌာန်းကန့်သတ်ထားတာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားများ လုပ်လို့မရတဲ့ လုပ်ငန်းများ ရိုးရာ တူရိယာလုပ်ငန်း ရွှေထည်၊ငွေထည်လုပ်ငန်း ကြေးထည်လုပ်ငန်း ရိုးရာ အရုပ်ဖန်တီးခြင်းလုပ်ငန်း သပိတ်ပြုလုပ်ခြင်းလုပ်ငန်း ထီးလုပ်ငန်း ယက္ကန်းလုပ်ငန်း…

စကားလုံးတွေက တိုတိုလေးတွေမို့ မှတ်ရလွယ်ပြီး အသုံးဝင်ပါတယ်။ ထိုင်းစကားကို သေချာမသင်နိုင်သေးရင် ဒီစကားလုံးလေးတွေက အလုပ်ဖြစ်တာကို တွေ့ရမှာပါ။ ခ၊ခရပ် “ခ” ဆိုတာ “ရှင့်” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး “ခရပ်” ကတော့ “ဗျ” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဥပမာ ယောကျာ်းလေးဆိုရင် ဆဝါဒီခရပ် လို့ပြောရမှာဖြစ်ပြီး မင်္ဂလာပါဗျ လို့…

အမျိုးသမီးတွေအနေနဲ့ ထိုင်းမှာ အလုပ်ခွင်ဝင်တဲ့အခါ မသင့်တော်တဲ့အလုပ်တွေ ဥပဒေအရခိုင်းလို့မရတဲ့ အလုပ်တွေကို သိထားရမယ်နော်။ ဒါမှ အလုပ်သမားအခွင့်အရေးအရ တချို့အခြေအနေတွေမှာ ကာကွယ်ပေးနိုင်မှာ ဖြစ်သလို မလိုလားအပ်တဲ့ ပြသနာတွေကိုလည်း ကာကွယ် ပြီးသား ဖြစ်ပါလိမ့်မယ်။ မနိုင်ဝန်ထမ်းခိုင်းတာ အလုပ်ခွင်မှာ အမျိုးသမီးတွေကို ၂၅ ကီလိုဂရမ်ထက်ပိုတဲ့အလေးချိန်ရှိတာတွေကို သယ်ခိုင်း မ ခိုင်းလို့မရပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့…

ထိုင်းဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အနေနဲ့ အလုပ်ရှင်က အပြစ်တစ်စုံတစ်ရာမရှိဘဲ အလုပ်ဖြုတ်ခဲ့မယ်ဆိုရင် လျော်ကြေးငွေခံစားခွင့်ရှိပါတယ်။ ဒါပေမယ့် ခြွင်းချက်တွေလည်း ရှိပါတယ်။ အောက်ပါအချက်တွေကို လုပ်မယ်ဆိုရင် လျော်ကြေးငွေ ခံစားခွင့်မရှိပါဘူး။ ၁ အလုပ်ရှင်အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်း ၂ အလုပ်ရှင်ထိခိုက်ပျက်စီးစေရန် တမင်ရည်ရွယ်၍ ပြုလုပ်ခြင်း ၃ လုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ အလုပ်ကို သုံးရက်ဆက်တိုက်…

၁။ ဆေးလိပ်သောက်ဖို့ သတ်မှတ်ပေးထားတဲ့နေရာကလွဲပြီး ကျန်တဲ့နေရာတွေမှာ ဆေးလိပ်သောက်လို့ မရပါဘူး။ ၂။ လုပ်ငန်းခွင်ထဲမှာ ကွမ်းတံတွေးထွေးလို့မရပါဘူး။ တံတွေးလည်း ထွေးလို့မရပါဘူး။ ၃။ အမှိုက်ပစ်ဖို့ သတ်မှတ်ထားတဲ့နေရာမှာသာ အမှိုက်ပစ်ရပါမယ်။ ၄။ လုပ်ငန်းခွင်မှာ လုံလုံခြုံခြုံ ဝတ်ဆင်ရပါမယ်။ ၅။ လုပ်ငန်းခွင်မှာ စနောက်ကစားတာတွေ မလုပ်ရပါဘူး။ ၆။ စက်ပစ္စည်းတွေကို လုပ်ငန်းခွင်ပြင်ပကို…

ကိုယ်က ထိုင်းမှာ ဆိုင်ကယ်၊ ဒါမှမဟုတ် ကားမောင်းနေတဲ့သူ တစ်ယောက်ပါလား။ ဒါဆိုရင်တော့ ဒဏ်ကြေးဆောင်ရတာတွေ မဖြစ်အောင် ဘီကွန်မြန်မာက အခုပြောမယ့် ဖြူနီကျား သင်္ကေတတွေ အကြောင်းကို သိထားမှ ဖြစ်မယ်နော်။ အဖြူ အမည်း ဒီအရောင်တွေ တွေ့ရင်တော့ စိတ်ကြိုက် ကားရပ်လိုက်လို့ ရပါတယ်။ တခုပဲ သတိထားပေးပါ။ နှစ်ထပ်တော့…

မေလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခတ်မြို့ ရနောင်းလမ်းမှာ ရှိတဲ့ မြန်မာဖုန်းဆိုင်တစ်ဆိုင်ကိုထိုင်းရဲတွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ဒေသခံတွေဆီက တိုင်ကြားမှုတွေ လက်ခံရရှိခဲ့တာကြောင့် ဝင်ရောက်ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၃ ဦးဟာ ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၂၃ နှစ် နဲ့ ၃၂…

အဝယ်ဆုံးနိုင်ငံတွေထဲ ဒုတိယနေရာမှာရှိ ထိုင်းမှာ မြန်မာတွေ ကွန်ဒိုတိုက်ခန်းဝယ်တာ သိသိသာသာ မြင့်တက်လာပါတယ်။ ၂၀၂၅ ခုနှစ်ရဲ့ ပထမလေးလမှာတင် မြန်မာတွေရဲ့ ကွန်ဒိုဝယ်ယူမှုနှုန်းက ၁၂ ရာခိုင်နှုန်းထိ မြင့်တက်လာပါတယ်။ ဒါဟာ တရုတ်ပြီးရင် ဒုတိယဝယ်ယူမှုအများဆုံး နိုင်ငံဖြစ်လာတာပါ။ မြန်မာရဲ့ ဝယ်ယူမှုဟာ သိသိသာသာနဲ့ ဒုတိယနေရာထိ ခုန်တက်လာတာဖြစ်ကြောင်း ထိုင်းသတင်းတစ်ရပ်ဖြစ်တဲ့ The…

မေ ၁၅ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာ မိုးရာသီကာလ ရောက်ပြီဖြစ်ကြောင်း ထိုင်းအစိုးရက တရားဝင်သတ်မှတ်ကြေငြာပါတယ်။ မိုးရာသီနဲ့ပတ်သက်လို့ ယာဉ်မတော်တဆမှုတွေကို သတိထားဖို့လည်း ထိုင်းနိုင်ငံ ရောဂါကာကွယ်ရေးဌာန(DDC)က သတိပေးပါတယ်။ ထိုင်းနိုင်ငံတွင်း မိုးရွာတဲ့ကာလလို့ ပြောလို့ရမယ့် မေလကနေ အောက်တိုဘာလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်းဟာ ပျှမ်းမျှ တစ်လကို လူပေါင်း ၁၃၅၀ ရှိပါတယ်။…