Author: Ingjin

ဘူရီရမ်ခရိုင်မှာ စံချိန်မမီတဲ့ ဆံပင်အခြောက်ခံစက်ကြောင့် ဆယ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကြောင့် နောက်ဆက်တွဲအနေနဲ့ စက်မှုဝန်ကြီးဌာနဟာ လျှပ်စစ်ပစ္စည်း မှောင်ခိုဂိုဒေါင်တစ်ခုကို ဒီကနေ့မှာပဲ ဝင်ရောက်စီးနင်း သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟာ DSI အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန နဲ့ ပူးပေါင်းပြီး ပထုန်ဌာနီ ခရိုင်၊ ခလောင်းလူဝမ်မြို့နယ်ထဲက ဂိုဒေါင်တစ်ခုကို…

တာခ့်ခရိုင်၊ ဖုတ်ဖရာမြို့နယ်မှာ ဒီကနေ့ အောက်တိုဘာ၁၅ ရက်နေ့မနက် ၂ နာရီလောက်က တရားမဝင်လုပ်သားတွေ ဝင်လာမယ်ဆိုတဲ့ သတင်းကြိုရတာကြောင့် ရဲတပ်ဖွဲ့က စောင့်ဖမ်းရာမှ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၂၄ ဦး နဲ့ သူတို့ကို သယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖုတ်ဖရာက ထိုင်းယာဉ်မောင်းတစ်ဦးနဲ့ သူ့ရဲ့…

ဘန်ကောက်မြို့၊ ဆုခုမ်ဗစ်လမ်းမပေါ်က ညကလပ်တွေနားမှာ အောက်တိုဘာလ ၁၄ ရက်နေ့ ညက နိုင်ငံခြားသား ဧည့်သည်တွေကို လျှပ်စစ်စီးကရက် လိုက်ရောင်းနေတဲ့ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူဟာ အသက် ၃၂ နှစ်အရွယ် ကိုဇင်မင်းထွန်းဆိုသူ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ပြောပြချက်အရ ညကလပ်ဧရိယာတစ်ဝိုက်မှာ လှည့်ကင်းဆောင်ရွက်နေတုန်း…

ချွန်ပူရီမြို့၊ ဂျက်လစင်ဟွေ့ပါကွန်ဒိုနားမှာ အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၆ နာရီခွဲလောက်က မတော်တဆ ကားတိုက်မှုတစ်ခု ဖြစ်ပွါးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် မြန်မာအလုပ်သမားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး နောက်ထပ် သုံးဦးလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်အတွင်း သေဆုံးသွားသူက ဘန်ဝ၊ ဒယ်အိုးစက်ရုံမှာ အလုပ်လုပ်နေတဲ့…

မြန်မာလူငယ် ၄ ဦး အချင်းချင်း ရန်ဖြစ်ပွားပြီးနောက် တစ် ဦး ဒဏ်ရာရကာ ထိုင်းလူမျိုးတစ်ဦးရဲ့ ခေါက်ဆွဲဆိုင်တစ်ဆိုင်ပါ ပျက်စီးသွားတဲ့ ဖြစ်စဉ်တစ်ခု နွထဘူရီခရိုင်၊ ပက်ကရက်မြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ယမန်နေ့ည အောက်တိုဘ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ ရဲတွေ စစ်ဆေးတဲ့အခါ ရန်ဖြစ်သူ ၄ ဦးစလုံးဟာ အတူတူ…

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဆောက်လုပ်ရေးဆိုက်တစ်ခုမှာ အလုပ်လုပ်နေတဲ့ MOU/CI ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား ၂၁ ဦးဟာ သူတို့ရဲ့သူဌေးဖြစ်သူ ဆီကနေ တစ်နှစ်စာ လုပ်အားခတွေ မရတာကြောင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ မဟာမိတ်အဖွဲ့ (WAG) ရဲ့ အကူအညီနဲ့ ညှိနှိုင်းနိုင်ခဲ့ရတယ်လို့ သိရပါတယ်။ကျန်ရှိနေတဲ့ လုပ်အားခစုစုပေါင်းက ဘတ် ၁၄၀,၀၀၀၀ ခန့် ရှိတာပါ။ …

ထိုင်းနိုင်ငံ၊ ဖူးခတ်ကျွန်းအနောက်ဘက်ကမ်းရိုးတန်းရှိ ပါတောင်းမြို့ရဲ့ တောင်ဘက်ခြမ်း ဟိုတယ်တစ်ခု နောက်မှာ အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီ ဝန်းကျင်က ခိုးမှုနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဖမ်းမိသူဟာ အသက် ၂၂ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ သောကြာနေ့…

ခရီးသွားလုပ်ငန်းလုပ်ကိုင်ဖို့အတွက် ရေလှောင်ကန်ကိုရှင်းဖို့ ငှားရမ်းထားတဲ့ မြန်မာအမျိုးသား လုပ်သား ၂ ဦးဟာ ရေမှော်ပင်တွေနဲ့ ကျောက်ဆူးရေမှော်ပင်တွေ ထူထပ်နေတဲ့ ရေနက်ပိုင်းကို မတော်တဆ ပြုတ်ကျသွားခဲ့ပြီး ရေနစ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ၊ နခွန်ရာ့ချ်စီမာခရိုင်၊ ဝမ်နမ်ခီယိုဒေသက ဆန်ကမ်ဖိုင် ရေလှောင်ကန်မှာ အောက်တိုဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ စုံစမ်းချက်အရ အလုပ်သမားတွေဟာ…

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၁ ရက်နေ့မှာ မြန်မာလူငယ်တွေ ပါဝင်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ ကွန်ရက်တစ်ခုကို ဖြိုခွင်းခဲ့ပြီး မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အဖွဲ့ခေါင်းဆောင်ဖြစ်သူ တော့်ခန့်ထေ့ပ် (ခေါ်) မိုးသက်ဦးဆိုသူလည်း ပါဝင်ပြီး သူတို့ ၄…

ကန်ချနာဘူရီခရိုင်၊ ဆိုင်းရို့ အဝေးပြေးရဲတွေဟာ လမ်းမပေါ်မှာ အလေးချိန်များစွာ တင်ဆောင်ထားပြီး အရှိန်နဲ့ မောင်းလာတဲ့ သံသယဖြစ်ဖွယ် ကားတစ်စီးကို တွေ့ရှိခဲ့တာကြောင့် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၁၁ ဦးနဲ့ ယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီကားဟာ လမ်းဆုံမီးပွိုင့်မှာ မီးနီမိလို့ ရပ်တန့်နေတုန်း ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးခဲ့တာပါ။ စစ်ဆေးကြည့်ရာမှာ အသက် ၄၄…