Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Ingjin
ထောင်ဖာဖွန်မြို့နယ်မှာ မလေးရှားနဲ့ ဘန်ကောက်သို့သွားရန်အတွက် တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၁ ဦးနဲ့ လမ်းပြ ၁ ဦးတို့ကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ တရားမဝင် ဝင်လာသူတွေကို သယ်ဆောင်လာတဲ့ယာဉ်ရှိကြောင်း သတင်းပေးချက်အရ မသင်္ကာစရာယာဉ်တစ်စီးကို စစ်ဆေးရာမှ ဇွန်လ ၂၃ ရက်နေ့ မနက် ၃ နာရီခွဲအချိန်မှာ တရားမဝင် ဝင်ရောက်လာတဲ့…
ထိုင်းမိုးလေဝသဌာနက ဇွန်လ ၂၂ ရက် ၊စနေနေ့ မှာထုတ်ပြန်တဲ့ သတိပေးချက်အရ ကပ္ပလီပင်လယ်ပြင်၊ ထိုင်းနိုင်ငံနှင့် ထိုင်းပင်လယ်ကွေ့ဒေသများတွင် အနောက်တောင် မုတ်သုန်လေသည် ပိုမိုအားကောင်းလာပြီး ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သတိပေးထားပါတယ်။ အထူးသဖြင့် မြောက်ပိုင်း၊ အရှေ့ပိုင်း နှင့် တောင်ပိုင်းဒေသအချို့တွင် နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းပါတယ်။ အနောက်မြောက်ပိုင်းတွင်လည်း…
ထိုင်းနိုင်ငံ ရနောင်းပြည်နယ်မှာ တာဝန်ရှိအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံသား ၆၀ ဦးကို ဇွန်လ ၁၉ ရက်နေ့က တရားမဝင်အလုပ်လုပ်မှုနဲ့ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ မြန်မာ ၄၇ ဦး မှာ အလုပ်လုပ်ခွင့်ရှိသူများဖြစ်သော်လည်း၊ ၎င်းတို့၏အလုပ်ရှင် ၊ အလုပ်လုပ်နေသည့်နေရာ၊ လုပ်ငန်းအမျိုးအစား စတဲ့အချက်အလက်များကို သက်ဆိုင်ရာအရာရှိထံ တရားဝင်အသိပေးမပြုခဲ့ခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး…
ထိုင်းနိုင်ငံအတွင်း ဘဏ်ဝန်ထမ်းဟန်ဆောင်ကာ ဘဏ်အကောင့်တွေ ပိတ်သိမ်းဖို့/ဖွင့်လှစ်ဖို့ ခြိမ်းခြောက် လိမ်လည်မှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ SCB ဘဏ်က ဖေ့စ်ဘွတ်လူမှုကွန်ရက်ကနေ သတိပေးထားတာ ဖြစ်ပါတယ်။ လိမ်လည်သူများမှာ SCB ဝန်ထမ်း အယောင်ဆောင်ပြီးနောက် ဘဏ်အကောင့်အကြောင်း မေးမြန်းကာ “အကောင့်ကို ခေတ္တရပ်ဆိုင်းဖို့လိုတယ်” ဆိုတဲ့ ခြိမ်းခြောက်မှုတွေ လုပ်လေ့ရှိတယ်လို့ ပြောပါတယ်။ အဲဒီနောက်…
ထိုင်းနိုင်ငံ၊ ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့တို့မှာ အနောက်တောင်မုတ်သုံလေ ပိုမိုအားကောင်းလာတာကြောင့် ထိုင်းနိုင်ငံတဝန်း မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လာနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးလိုက်ပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့တောင်ပိုင်း နဲ့ အလယ်ပိုင်းဒေသတွေမှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး အရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်း နဲ့ အနောက်တောင်ပိုင်းတွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ရနောင်း၊ ဖန့်င၊ ဖူးကပ် စတဲ့မြို့မှာ…
ထိုင်းတွေက အဖွဲ့လိုက်အလုပ်လုပ်တာကို ဘာကြောင့်သဘောကျလဲ ၊ ထိုင်းမှာ အလုပ်လုပ်နေပြီဆိုရင် ဒါက ဘာလို့ အရေးကြီးတာလဲ။ အလုပ်တာဝန်ကျေဖို့ လိုသလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတွဲညီဖို့လဲ လိုတာကြောင့် ဒီနေ့ လုပ်ငန်းခွင်က ထိုင်းတွေရဲ့ ပေါင်းသင်းဆက်ဆံရေး ဓလေ့ကို ပြောပြပါမယ်။ အလုပ်လုပ်ရင်း တခါတရံ “ကိုယ်လုပ်နေတဲ့အလုပ်က ကိုယ့်တာဝန်ပဲ။ ကိုယ့်ဘာသာလုပ်ပြီး ပြီးသွားရင်ရပြီ”…
ဘန်ကောက်မှာ အနိမ့်ဆုံး လုပ်ခလစာ ဘတ် ၄၀၀ ပေးဖို့ သတ်မှတ်ခြင်းဟာ မျှတမှု မရှိဘဲ တစ်နိုင်ငံလုံးက အလုပ်သမားအားလုံး ဒီ အနိမ့်ဆုံးလစာကို ခံစားခွင့် ရရှိသင့်တယ်လို့ ထိုင်းပြည််််သူ့ပါတီ (People’s Party) က တောင်းဆိုလိုက်ပါတယ်။ ထိုင်းအလုပ်သမားညီညွတ်ရေး အဖွဲ့ချုပ်ကလည်း ဒီတောင်းဆိုချက်ကို ထောက်ခံထားပါတယ်။ သတင်းအရ အလုပ်သမားလစာကော်မတီက…
ကန်ချနဘူရီပြည်နယ်၊ ထောင်ဖာဖွန်ခရိုင် က သစ်တောအတွင်းမှာ မြန်မာနိုင်ငံသား ၂၀ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။အမျိုးသား ၁၇ ဦး နဲ့အမျိုးသမီး ၃ ဦး စုစုပေါင်း ၂၀ဦး ကို ဖမ်းဆီးမိခဲ့တာပါ။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ ညပိုင်းမှာ တရားမဝင်ဝင်လာမယ့် နိုင်ငံခြားသားတွေ…
ပတ္တရား မြို့အလယ်ပိုင်းရှိ Holiday အမည်ရှိ ၈ထပ်အဆောက်အဦးကို ဇွန်လ ၁၇ ရက်နေ့က ရဲတပ်ဖွဲ့ က ဝင်ရောက်စစ်ဆေးရာမှ တရားမဝင်ဖျော်ဖြေရေးလုပ်ငန်းတွေ လုပ်နေတဲ့ နိုင်ငံခြားသား ၅၀ ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာ ၅ ဦးလည်း ပါဝင်ပါတယ်။ အဆောက်ဦးရဲ့ ဒုတိယထပ်မှာ တရားမဝင် လောင်းကစားခန်းမတစ်ခုရှိပြီး…
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းဝကနဲ့ လုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးလိုက်ပြီး အများစုဟာ စမ်လော့ (သုံးဘီး) မောင်းတဲ့သူတွေ ဖြစ်နေပါတယ်။တရားဝင် အထောက်အထားမရှိ၊ တရားဝင်အလုပ်လုပ်ကိုင်ခွင့်မရှိ စတာတွေကြောင့်လို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးက အကြောင်းပြပေမယ့် ယခုဖမ်းဆီးခဲ့သူ အများစု သုံးဘီးမောင်းနှင်နေကြသူတွေ…