Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Ingjin
ဇွန်လအတွင်း မဲဆောက်နဲ့ ချင်းမိုင်မြို့တို့မှာ ဗီဇာသက်တမ်းကုန်တာနဲ့ စာရွက်စာတမ်းမပြည့်စုံတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို လူဝင်မှုဦးစီးဌာနနဲ့လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆေးဖမ်းဆီးတာတွေ တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေပါတယ်။ တရားဝင်စာရွက်စာတမ်းမပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေကို လမ်းပေါ်နဲ့ အလုပ်နေရာတွေမှာ အရင်ကထက် ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတာကြောင့် မြန်မာ လုပ်သား များအပြား စိုးရိမ်နေကြရတာပါ။ “သူများနိုင်ငံမှာ စီးပွားရှာရတာ မလွယ်ပါဘူးဗျာ။…
ထိုင်းယဉ်ကျေးမှုမှာ “မျက်နှာမပျက်အောင် ထိန်းခြင်း”( saving face) ဆိုတာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ နာမည်ဂုဏ်သတင်းနဲ့ လူမှုရေးအဆင့်အတန်းကို ကိုယ်စားပြုပါတယ်။ မြန်မာတွေအချင်းချင်းဆိုလည်း “မျက်နှာပျက်စရာတွေ ဖြစ်ကုန်ပါမယ်” ဆိုပြီး ပြောလေ့ ရှိကြတယ်မဟုတ်လား။ ကိုယ်က ထိုင်းမှာ အလုပ်ပဲ လုပ်လုပ်၊ ကျောင်းပဲတက်တက် ထိုင်းတွေနဲ့ နေ့စဉ် ထိတွေ့နေရမှာ ဆိုတော့…
ထိုင်းနိုင်ငံရေး မတည်ငြိမ်သဖြင့် အလုပ်ပြောင်း ကိစ္စများ သတိထားရမည် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ ချာချင်ဆောင် ၊နောင်စာတစ်ဆွယ် (၁) ရှိ မီးကြိုးအဟောင်းရုံတွင် ဇွန်လ ၁၅ ရက်နေ့က မြန်မာအလုပ်သမား ၁၈၀ ဦးကို ကြိုတင်အသိမပေးပဲ စက်ရုံပိတ်သိမ်းမယ်ဆိုကာ အလုပ်ထုတ်လိုက်ပြီး ၁၀ ရက်စာ လုပ်ခလစာလဲ မပေးဘူးလို့ သိရပါတယ်။…
MOU လမ်းကြောင်းနဲ့လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက အချို့အခြေအနေအရ ကန့်သတ်ထားတဲ့အလုပ်တွေကလွဲရင် အလုပ်ရှင်ပြောင်းလို့ ရပါတယ်။ဒါပေမဲ့ ဥပဒေအရ လုပ်ငန်းစဉ်တွေကို တိတိကျကျ လိုက်နာဖို့ အရေးကြီးပါတယ်။ အလုပ်ပြောင်းခွင့်ရဖို့လိုအပ်တဲ့အခြေအနေတွေကဘာတွေလဲ။ ၁။ စာချုပ်သက်တမ်းကျန်ရှိရမယ်။ ၂။ အထူးအခြေအနေတချို့ရှိရမယ်။ အလုပ်ပြောင်းဖို့အတွက် အခုလိုအခြေအနေတွေရှိဖို့လဲ လိုပါတယ်။ ဒါပေမယ့် လုပ်ငန်းအမျိုးအစားအပေါ်မူတည်ပြီး တားမြစ်ထားတဲ့အလုပ်တွေလည်း ရှိတတ်ပါတယ်။ဥပမာ – ပင်လယ်စာလုပ်ငန်း၊…
ဖုန်းပြောတဲ့ အသံဖိုင် ပေါက်ကြားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ပေထုတ်ထန်ကို ဖြုတ်ချဖို့ ဖိအားပေးမယ့် လူထုဆန္ဒပြပွဲတစ်ရပ် ဘန်ကောက်မြို့လယ်မှာ ပေါ်လာပါတော့မယ်။ အောင်ပွဲအထိမ်းအမှတ်ကျောက်တိုင် Victory Monument မှာ လာမယ့် စနေနေ့ မွန်းလွဲပိုင်းက စလို့ လူပေါင်းများစွာ စုရုံးဖို့ ပြင်ဆင်နေကြတာပါ။ ထိုင်းနိုင်ငံရေးသမားနဲ့ တက်ကြွလှုပ်ရှားသူ ဖရွမ်ပန်နဲ့…
ဒီနေ့မှာ MOU နဲ့လာရင် ရရှိနိုင်မယ့် အခွင့်အရေးတွေနဲ့ အခြေအနေတွေအကြောင်း ပြောပြပေးပါမယ်။ MOU ဆိုတာကတော့ နှစ်နိုင်ငံ အဖွဲ့အစည်းတွေအကြား နှစ်ဖက်နားလည်သဘောတူညီ မှုတစ်ခုပါ။ MOU နဲ့ ထိုင်းမှာ လုပ်ကိုင်နေတဲ့ သူတွေအတွက် ဘာအခွင့်အရေးတွေ ရနိုင်ပါမလဲ? MOU နဲ့လာတဲ့အခါ ဒီအခွင့်အရေးတွေ ရှိမယ် ၁။ Visa…
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တရားဝင်အလုပ်သမားစာရွက်များရှိသော်လည်း အလုပ်ရှင်အသစ်ပြောင်းလဲခြင်းအတွက် သက်ဆိုင်ရာအာဏာပိုင်တွေထံ သတင်းမပေးတာကြောင့် မြန်မာအလုပ်သမား ၂ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ ဇွန်လ ၂၃ ရက်နေ့က ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့ နှင့် အခြားသက်ဆိုင်ရာဌာနတွေပူးပေါင်းပြီး ချင်းမိုင်မြို့၊ မောင်စမွတ် လမ်းပေါ်ရှိ မွန်းမိုင်စျေးအတွင်း ဝင်ရောက်စစ်ဆေးရာမှ မြန်မာလုပ်သား ၂ ဦးကို ဖမ်းဆီးမိခဲ့တာပါ။ဖမ်းဆီးခံရသူတွေအနေနဲ့…
ဆိုင်ကယ် ဦးထုပ်ဆောင်းဖို့ စည်းကမ်းတင်းကြပ်လာပြီး ဒဏ်ကြေးတွေ တက်သွားချိန်မှာပဲ ထိုင်းနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေအပေါ် တန်းတူအရေးယူမှု မရှိဘူးဆိုတဲ့ ဝေဖန်သံတွေ ထွက်လာပါပြီ။ စည်းမျဉ်းသစ်အရ ဦးထုပ်မဆောင်းဘဲမော်တော်ဆိုင်ကယ်စီးသူတွေကို ဒဏ်ကြေး ၂,၀၀၀ ဘတ်အထိ ကောက်ခံနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရေးယူမှုမှာ နိုင်ငံခြားသားတွေအပေါ်သာ ငွေဒဏ်တပ်မှုတွေ ကောက်ခံပေမယ့် ထိုင်းတွေကိုတော့ သတိပေးပြီး ပြန်လွှတ်တယ်ဆိုတာကြောင့် တရားမျှတမှုမရှိဘူးဆိုပြီး…
ထိုင်းနိုင်ငံတဝှမ်း၌ ဇွန်လ ၂၄ ရက်နေ့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာသွန်းမှုများ ဖြစ်နိုင်ပြီး၊ တချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ ဘန်ကောက်နဲ့ အနီးတစ်ဝိုက်ဒေသများတွင်မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အချို့နေရာများတွင် မိုးကြိုးမုန်တိုင်းဖြစ်ပေါ်လာနိုင်ခြေ ၆၀%ခန့် ရှိကြောင်း သိရပါတယ်။ မဲဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင် ၊ တာခ့် အစရှိတဲ့ မြောက်ပိုင်းဒေသတွေမှာ ၇၀ %…
ထိုင်းနိုင်ငံ ချွန်ဖွန်ပြည်နယ်မှာ ဆီအုန်းစိုက်ခင်းအတွင်း တရားမဝင်ဖွင့်ထားတဲ့ ကြက်တိုက်လောင်းကစားကွင်း တစ်ခုကို ဖမ်းဆီးရာမှ မြန်မာအပါအဝင် ထိုင်းလူမျိုး စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၂၃ ရက်နေ့မှာ ချွန်ဖွန်ပြည်နယ် လှောင်ဆွန်းခရိုင်အတွင်းရှိ စိုက်ပျိုးရေးမြေအတွင်း ကြက်တိုက်လောင်းကစားကွင်း တစ်ခုကို တရားမဝင်ဖွင့်လှစ်ထားကြောင်း သတင်းရရှိတာကြောင့် သွားရောက်စစ်ဆေးရာမှ ခုလို…