Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Ingjin
ထိုင်းနိုင်ငံ ချွန်ပူရီမြို့နယ်၊ ဘန်းဘဲခရိုင်ရှိ ကားအပိုပစ္စည်းထုတ်လုပ်သော စက်ရုံတစ်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၇ ဦးအား ကြိုတင်အသိပေးခြင်းမရှိဘဲ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှစ၍ စက်ရုံပိတ်သိမ်းမယ်လို့ဆိုကာ အလုပ်ထုတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ အလုပ်သမားတွေအနေနဲ့ ၎င်း စက်ရုံမှာ လုပ်သက် ၇ နှစ်ကနေ ၁၃ နှစ်အထိကြာအောင် လုပ်ကိုင်ခဲ့ကြသူတွေဖြစ်ပြီး…
ကန်ချနာဘူရီ-ဆူဖန်ဘူရီ အမြန်လမ်းမပေါ်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၁၀ ဦးကိုသယ်ဆောင်လာတဲ့ ပစ်ကပ်ကားတစ်စီးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်ဘက်ကနေ တရားမဝင်အလုပ်သမားတွေကို ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းအချက်အလက်အရ အမြန်လမ်းရဲတပ်ဖွဲ့က သံသယရှိတဲ့ ပစ်ကပ်ကားတစ်စီးကို တားဆီးစစ်ဆေးခဲ့ရာမှ ခုလို ဖမ်းဆီးမိခဲ့တာပါ။ တာဝန်ရှိသူတွေအနေနဲ့ အမြန်လမ်းပေါ်မှာ စစ်ဆေးနေစဉ် မသင်္ကာစရာ ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့တာကြောင့် တားဆီး…
ဒီတစ်ပတ်မှာ ထိုင်းအစိုးရ ရုံးပိတ်ရက်ရှည် ရှိပါတယ်။ Asalha Bucha နေ့လို့ ထိုင်းမှာ ခေါ်ကြပြီး ဗုဒ္ဓဘာသာဝင်တွေအတွက် အရေးကြီးတဲ့ ဓမ္မစကြာနေ့ ဖြစ်ပါတယ်။ ထိုင်းမှာ ဒီလိုနေ့တွေကို ဘယ်လိုကျင်းပလဲ သူတို့ ရိုးရာဘာတွေ ရှိလဲ၊ ကိုယ်ရော ဘယ်လို ပါဝင်နိုင်လဲ ပြောပြပါမယ်။ဒီတစ်ပတ် ပိတ်ရက် ထိုင်းမှာ ဝါဆိုလပြည့်၊…
ဖူးခက်မှာ မကြာသေးခင်က မြန်မာမိသားစုဝင် ၇ ဦး ဆိုင်ကယ်တစ်စီးတည်း စီးနင်းခဲ့တဲ့ ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ ပုံထဲမှာ မိခင်ဖြစ်သူက ကလေးငယ်နှစ်ဦးကို ပွေ့ချီထားပြီး ကလေးတွေရဲ့ ခြေထောက်တွေက လမ်းနဲ့ထိလုနီးပါး ဖြစ်နေတာနဲ့ ဘယ်သူမှ ဦးထုပ်မဆောင်းထားတာအပြင် ဆိုင်ကယ်မဝင်ရတဲ့ ဥမင်လိုဏ်ခေါင်းထဲကနေ ဖြတ်သွားခဲ့တာကြောင့် ဝေဖန်သံတွေထွက်လာခဲ့တာပါ။ ဒီမိသားစုဟာ…
ထိုင်းနိုင်ငံမှာ လူငယ်တွေကြား HIV ကူးစက်မှုနှုန်း ထိုးတက်လာတာကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အလေးအနက်ထား စိုးရိမ်နေပါတယ်။ ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖို့အတွက် ကျောင်းတွေမှာ လိင်ကျန်းမာရေးဆိုင်ရာ ပညာပေးမှုတွေ လုပ်ဆောင်ပြီး ကွန်ဒုံးတွေ ဖြန့်ဝေပေးသွားဖို့ စီစဉ်နေပြီဖြစ်ကြောင်း ဒုတိယ ပြည်သူ့ကျန်းမာရေးဝန်ကြီး ချိုင်းချနား ဒက်ချ်ဒေချို က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဘာကြောင့် အခုလို လုပ်ဆောင်ရတာလဲ…
ထိုင်းမှာ အလုပ်လုပ်ခွင့်ပါမစ်သက်တမ်းတိုးထားသူတွေနဲ့ ပန်းရောင်ကတ် ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်လုပ်ခွင့်ကာလ ၆ လထပ်မံ တိုးပေးဖို့ စီစဉ်နေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ ဖုန်ကဝင်က ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းက ပြောကြားလိုက်ပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထိုင်းအစိုးရ ဆုံးဖြတ်ချက်အရ သက်တမ်းတိုးစောင့်နေတဲ့…
တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ယခုရက်ပိုင်း အထောက်အထား မရှိသူတွေ ဆက်တိုက် ဖမ်းဆီးခံနေရပါတယ်။ ဇူလိုင်လ ၇ ရက်နေ့ တစ်ရက်တည်းမှာပဲ မဲဆောက်မှာ မြန်မာနိုင်ငံသား ၄ ဦးကို အထောက်အထားမရှိတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးလိုက်ကြောင်း လူမှုဝင်ကြီးကြပ်ရေးသတင်းက ဖော်ပြထားပါတယ်။ ဖမ်းဆီးခံရသူတွေက မြန်မာနိုင်ငံသား အသက် ၁၈ နှစ်အရွယ် အမျိုးသား…
နိုင်ငံခြားသားများ စီးပွားရေးကို သူဌေးအမည် ခံပေးသူများထောင်ချခံရမည်ဟု ထိုင်းအစိုးရ ခြိမ်းခြောက် ထိုင်းအစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အမည်ခံသူဌေး (နိုမီနီ) အဖြစ် လုပ်ကိုင်ခြင်းကို တင်းကျပ်စွာ သတိပေးလိုက်ပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ခရီးသွားလုပ်ငန်းလို ကဏ္ဍတွေမှာ နိုင်ငံခြားသားတွေအတွက် တရားမဝင် လုပ်ငန်းလုပ်ကိုင်ပေးတာကို တွေ့ရှိရင် ပြင်းထန်တဲ့ ဥပဒေကြောင်းအရ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့…
မြန်မာလုပ်သား အပါအဝင် ၁၂ ဦး ဒဏ်ရာရ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ မင်းဘူရီမြို့ရှိ မြို့တော် ရေလုပ်ငန်းအာဏာပိုင်အဖွဲ့ရဲ့ ရေသန့်စင်စခန်းမှာ တနင်္ဂနွေနေ့ ညနေပိုင်းက ရေလှောင်ကန်တည်ဆောက်နေစဉ်အတွင်း သံမဏိတန်းများပြိုကျမှုကြောင့် အလုပ်သမား ၁၆၀ ဦးအနက် မြန်မာအပါအဝင် အလုပ်သမား ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ၎င်းစတီးပြားတွေဟာ…
ထိုင်းနိုင်ငံ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေး ဦးစီးဌာန (DDPM) က ဇူလိုင် ၆ ရက်နေ့ ကနေ ၁၂ ရက်နေ့အထိ ပြည်နယ် ၃၃ ခုမှာ ရုတ်တရက် ရေကြီးခြင်း ၊မြေပြိုခြင်းတွေ ဖြစ်ပေါ်လာနိုင်ပြီး မဲခေါင်မြစ်ရေ မြင့်တက်လာနိုင်ခြေရှိကြောင်း အရေးပေါ် ရာသီဥတုသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီသတိပေးချက်ဟာ…