Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Ingjin
ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အခြေအနေအမျိုးမျိုးနဲ့ အခွင့်အရေး ချိုးဖောက်ခံရတာမျိုးတွေ ရှိနိုင်ပါတယ်။ ဥပမာ- လုပ်ခလစာ အပြည့်မရတာ၊ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ လုပ်ရတာ၊ အဓမ္မခိုင်းစေခံရတာ ဒါမှမဟုတ် ခွဲခြားဆက်ဆံခံရတာ မျိုးတွေပါ။ ဒီလို အခွင့်အရေးတွေ ချိုးဖောက်ခံနေရပြီလို့ ခံစားရရင် အကူအညီရယူဖို့ အတွက် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ချိုးဖောက်ခံရရင်ဘာလုပ်ရမလဲ သက်သေစုဆောင်းပါ…
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်မှာ မြန်မာအလုပ်သမားတစ်ဦး စက်ပြင်နေရင်း စက်အစိတ်အပိုင်းပြုတ်ကျပြီး ဦးခေါင်းဒဏ်ရာရခဲ့တာကြောင့် ဆေးရုံပို့ဖို့ ကြိုးစားခဲ့ပေမယ့် လမ်းမှာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူမှာ အသက် ၃၁ နှစ်အရွယ် ရဲအောင်ကြွယ်ဆိုသူဖြစ်ပြီး ၎င်းစက်ရုံမှာ စက်ပြင်သူအဖြစ် တာဝန်ယူနေသူဖြစ်တယ်လို့ သိရပါတယ်။ဇူလိုင်လ ၁၃ ရက်နေ့ ည ၈ နာရီခွဲခန့်က စက်ရုံထဲမှာ…
ခွန်ဖန်ခရိုင်၊ ဖာဟွန်ယိုထင်လမ်းမကြီးပေါ်မှာ မြန်မာရွေ့ပြောင်းအလုပ်သမားတွေတင်ဆောင်လာတဲ့ ဗင်ကားတစ်စီး လမ်းဘေးထိုးကျခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဉ်မှာ ချွန်ဘူရီ၊ ရယောင်းနဲ့ ဘန်ကောက်ကနေ မဲဆောက်နယ်စပ်ကို သွားမယ့် ဗင်ကားတစ်စီး လမ်းဘေးရှိ ကျွန်းပင်ကြီးတစ်ပင်ကို ဝင်တိုက်ခဲ့ပြီး လမ်းဘေးထိုးကျခဲ့တယ်လို့သိရပါတယ်။ ယာဉ်မောင်းအိပ်ငိုက်နေတာကြောင့် အခုလိုဖြစ်ပွါးခဲ့တာဖြစ်ပြီး ကားပေါ်ပါလာတဲ့ အသက် ၂ လသား ကလေးငယ်လေးကတော့ ဘာဒဏ်ရာမှမရခဲ့ပေမယ့်…
အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိများ ပူးပေါင်း၍ အားလပ်ရက်ရှည်အပြီး ပြန်လာသူများကြားတွင် ရောနှောကာ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့တဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို တင်ဆောင်လာတဲ့ ဗန်ကားတစ်စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းက အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့က တရားမဝင်နိုင်ငံခြားသားတွေ ဝင်ရောက်လာမယ်လို့ သတင်းရရှိတာကြောင့်…
ထိုင်းနိုင်ငံ ၊ စမွတ်ဆာခွန်ခရိုင် ၊ မဟာချိုင်နယ်မြေက ကော်ဇွန်းစက်ရုံ မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၅၀ ဦးအနေနဲ့ အချိန်ကာလ ၂ နှစ်နီးပါးလောက်ကြာအောင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာကြောင့် စားဝတ်နေရေးအဆင်မပြေတဲ့အထိ နစ်နာမှုတွေရှိလာတယ်လို့ သိရပါတယ်။ စက်ရုံဘက်က အလုပ်သမားတွေကို အလုပ်ချိန်တွေပိုခိုင်းတဲ့အပြင် ပိုခိုင်းတဲ့အချိန်တွေအတွက် လုပ်ခလစာမပေးတာ ၊လုပ်နိုင်စွမ်းထက်ပိုခိုင်းတာ ၊…
ထိုင်းနိုင်ငံ ပါကျင်ဘူလီခရိုင်၊ ကဘင်ဘူလီမြို့၊ ဘိုထောင်ကျေးရွာရှိ တစ်ခါသုံးထမင်ဘူးစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ MOU အလုပ်သမားတစ်ဦးဟာ ဇူလိုင် ၁၁ ရက်နေ့က ညဆိုင်းအလုပ်လုပ်နေစဉ် စက်ချို့ယွင်းမှုကို ပြင်ပေးချိန်အတွင်း စက်ထဲမှာ ချော်ကျသွားပြီး မတော်တဆဖြစ်ခဲ့တဲ့ကိစ္စ စက်ရုံဘက်မှ လျော်ကြေးပေးဆောင်ဖို့ တာဝန်ပြန်ယူသွားတယ်လို့သိရပါတယ်။ အဆိုပါကိစ္စဖြစ်ဖြစ်ချင်းမှာ စက်ရုံကတာဝန်ယူလုပ်ဆောင်မပေးတာကြောင့် စက်ရုံအလုပ်သမား တွေက ဆန္ဒပြခဲ့ကြပြီး…
အခုလိုကာလတွေက လူလိမ်တွေအနေနဲ့ နည်းပညာတွေကို အသုံးချပြီး ပိုပြီးအဆင်ပြေပြေ လှည့်စားလာနိုင်တဲ့အချိန် ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံမှာလည်း အွန်လိုင်းနဲ့ဖုန်းလိမ်လည်မှုတွေ တနေ့ထက်တနေ့ များလာနေပြီး တစ်ခါတလေ မထင်မှတ်ဘဲ အလိမ်ခံလိုက်ရပြီး ငွေကြေးဆုံးရှုံးနေရတာမျိုးတွေ ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။ အဖြစ်များဆုံး လိမ်လည်နည်းများ အွန်လိုင်းစျေးဝယ်လိမ်လည်ခြင်း (၅၇%) ဆုရရှိသည်ဟု လိမ်လည်ခြင်း (၁၃%) အလုပ်အကိုင်အတု (၁၁%) ချေးငွေလိမ်လည်မှု…
အခုခေတ်မှာ လူတွေနဲ့ ဆက်သွယ်ဖို့ နည်းပညာတွေ အများကြီး ရှိနေပေမယ့်လည်း အထီးကျန်မှု ခံစားရသူတွေက ပိုများလာနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အထီးကျန်ခြင်းကို ကျန်းမာရေးခြိမ်းခြောက်မှု တစ်ခုအဖြစ် ကြေညာလိုက်တာပါ။ ဒီအခြေအနေကြောင့် တစ်နာရီကို လူ ၁၀၀ နီးပါး၊ တစ်နှစ်ကို ၈ သိန်းကျော် သေဆုံးနေရတယ်လို့လည်း ထုတန်ပြချက်မှာ…
ထိုင်းနိုင်ငံရဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုမှာ လေးစားမှု နဲ့ သဟဇာတဖြစ်မှုက အဓိကကျပါတယ်။ ဒီယဉ်ကျေးမှုတွေထဲမှာ ပွဲတော်တွေဟာ အလုပ်နဲ့ဘဝ မျှတအောင် နေထိုင်ရေးအတွက် အရမ်းအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒီပွဲတော်တွေက ဝန်ထမ်းတွေကို အနားယူခွင့်ပေးပြီး၊ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းစေကာ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို ဂုဏ်ပြုခွင့်ပေးပါတယ်။ ထိုင်းနိုင်ငံက စည်ကားတဲ့ ပွဲတော်တွေနဲ့ အပန်းဖြေလှုပ်ရှားမှုတွေကြောင့် ကျော်ကြားပါတယ်။…
ဘန်ကောက် ဒါမှမဟုတ် ကိုယ်နေထိုင်တဲ့ ဒေသမှာ ဟိုနားဒီနားသွားဖို့ ဆိုင်ကယ် ကယ်ရီစီးရတော့မယ် ဆိုပါစို့။ grab မဟုတ်ဘဲ လမ်းထိပ်က ကယ်ရီတွေ စီးတဲ့အခါ ဈေးနှုန်းက ပုံသေမဟုတ်တာမျိုး ဈေးက များနေလားဆိုပြီး တွေးမိတတ်ကြမှာပါ။ အခုပြောမယ့် အချက်တွေသိထားရင် ကယ်ရီဈေးနှုန်း များ၊ မများ သတိထားလို့ ပါပြီ။ တရားဝင်…