Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Ingjin
ထိုင်းနိုင်ငံရဲ့ ညဘက်ဖျော်ဖြေရေးနဲ့ အရက်ရောင်းချမှု စည်းကမ်းတွေ မကြာခင်မှာ ပြောင်းလဲဖွယ်ရှိနေပါတယ်။ ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်သူ အနုတင် ချာန်ဝီရာကူန် ကခရီးသွားလုပ်ငန်းကို မြှင့်တို့ဖို့ရည်ရွယ်ကာ ယမကာရောင်းချခွင့် ထိန်းချုပ်ထားတာာတွေကို ဖြေလျှော့ဖို့နဲ့ ညကလပ်တွေကို နံနက် ၄ နာရီအထိ ဖွင့်ခွင့်ပေးဖို့ စီစဉ်နေကြောင်း အစိုးရသတင်းရင်းမြစ်တစ်ဦးက ပြောတယ်လို့ khaosod သတင်းမှာ ဖော်ပြပါတယ်။ …
စမွတ်ပရာကန်ခရိုင်၊ စမ်ရုန်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအလုပ်သမားတွေနဲ့ ရှမ်းလူမျိုး လူငယ်တစ်ဦးခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အချင်းချင်းနောက်ပြောင်ရာက စခဲ့တဲ့ ပြဿနာဖြစ်တယ်လို့ ရဲစခန်းမှာ ထွက်ဆိုချက််အရ သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ ရှမ်းလူငယ်ဟာ ဦးခေါင်းမှာ ဓါးဒဏ်ရာပြင်းထန်စွာ ရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်ပြီးပြီးချင်းပဲ ရဲစခန်းကနေ စစ်ဆေးဖော်ထုတ်ပြီး တိုက်ခိုက်သူ မြန်မာအလုပ်သမား ၅ ဦးလုံးကို…
ချွန်ပူလီမြို့မှာ အလုပ်သွားဖို့ ကားစောင့်နေရင်း စက်ချို့ယွင်းတဲ့ကား ဝင်တိုက်ခံရကာ အသက်ဆုံးရှုံးခဲ့ရတဲ့ မြန်မာအလုပ်သမား ကိုစိုးလင်းဦးအတွက် အာမခံနစ်နာကြေး ဘတ် ၁၂ သိန်းလောက် မိသားစုက ပြန်လည်ရရှိမယ်လို့ သိရပါတယ်။ ချွန်ပူလီမြို့မှာရှိတဲ့ ဂျက်လစင်ဟွေ့ပါ ကွန်ဒိုအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့၊ မနက် ၆ နာရီခွဲလောက်က ဖြစ်ပွားခဲ့တာပါ။ …
တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်မှာ သဘာဝနယ်စပ်လမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၂၃ ဦးကို ရဲနဲ့ ပူးပေါင်းအဖွဲ့တွေက ဖော်ထုတ်ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ တာဝန်ရှိသူတွေဖြစ်တဲ့ ဖုတ်ဖရာရဲစခန်း၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဖုတ်ဖရာမြို့နယ်၊ ဝါလေတိုင် – မော်ကဲလ်ထိုင်း ကျေးရွာတစ်ဝိုက်မှာ ကင်းလှည့်နေစဉ် သံသယဖြစ်ဖွယ် ကားနှစ်စီးကို…
ဘန်ကောက်ရဲတပ်ဖွဲ့ဟာ မြို့လယ်ခေါင်က အာရပ်ဆံပင်ညှပ်ဆိုင် ဟန်ပြဖွင့်ထားတယ်လို့ ယူဆရတဲ့ ဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ရာ အတွင်းထဲမှာ လျှို့ဝှက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရာ နေရာတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း နဲ့ ဆက်စပ်နေသူ ရှစ်ဦးကို လက်ပူးလက်ဖမ်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဖမ်းဆီးရမိသူ ၈ ဦးထဲမှာ ထိုင်းနိုင်ငံသားတစ်ဦးအပြင် အီဂျစ်၊ မြန်မာ၊ ပါကစ္စတန်၊…
နယ်စပ်ပြဿနာကြောင့်ဟု အကြောင်းပြ ထိုင်းနိုင်ငံမှာရှိတဲ့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို မှတ်ပုံတင်ပေးမယ့် အစီအစဉ်ကို ခေတ္တရွှေ့ဆိုင်းလိုက်ပြီလို့ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန (DOE) က ကြေညာလိုက်ပါတယ်။ ဒီအစီအစဉ်ကို အစက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ စတင်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် DOE ရဲ့ ထုတ်ပြန်ချက်အရ…
ဖရာနခွန်စီအယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့နယ်၊ အာရှလမ်းမကြီးထွက်ပေါက်ရှိ ဖရာပင်း ၉ ရွာစီမံကိန်းရှေ့ လမ်းကူးမျဉ်းကျားပေါ်မှာ အောက်တိုဘာလ ၁၅ ရက်နေ့ ည ၇ နာရီခန့်က ဆေးရုံကပြန်လာတဲ့ မြန်မာနိုင်ငံသားတစ်ဦး ဆိုင်ကယ်တိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကို သွားရောက်စစ်ဆေးခဲ့ရာမှာ ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ပထမတစ်ဦးကတော့ အသက် ၃၅…
ATV ကား ၁၁ စီး သိမ်းဆည်းရမိ ကော့ဖန်ငန်ခရီးသွားရဲတပ်ဖွဲ့က အရေးပေါ်ဖုန်းနံပါတ်ကနေ တိုင်ကြားချက်ရရှိခဲ့တာကြောင့် တရားမဝင် ATV ခရီးသွားလုပ်ငန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာအပါအဝင် လိုင်စင်မဲ့ ခရီးသွားလမ်းညွှန် ၅ ဦးကို ဖမ်းဆီးရမိပြီး တန်ဖိုးသန်းချီတဲ့ ATV ကား ၁၁ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းမိတဲ့…
တရုတ် ၂ ဦးနဲ့ မြန်မာ ၁ ဦး ဖမ်းဆီးခံရ ထိုင်းနိုင်ငံ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန (DOE) က တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဝင်ရောက်စစ်ဆေးရာမှ အွန်လိုင်းကနေ ပစ္စည်းတိုက်ရိုက်ထုတ်လွှင့်ရောင်းချနေတဲ့ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ဘန်ကောက်၊ ဒင်နန်းခရိုင်၊ အင်တာမရာ…
ကြေးဟောင်းဖြုတ်စက်ရုံတစ်ခုမှာ မြန်မာအလုပ်သမားတစ်ဦးကို အလုပ်ရှင် တရုတ်နိုင်ငံသားနဲ့ လုံခြံဒရေးတွေ ရိုက်နှက်ခဲ့တာကို မကျေနပ်တဲ့အတွက် မြန်မာအလုပ်သမား ၂၀၀ ကျော်ဆန္ဒပြကြတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်က စက်မှုဇုန်တစ်ခုမှာ အောက်တိုဘာ ၁၄ ရက်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်က စက်ရုံမှာ…