Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Ingjin
ဇူလိုင်လ ၁၈ ရက်နေ့က ထိုင်းအလုပ်သမားဝန်ကြီး ဖုန်ကဝင်က ထိုင်းနိုင်ငံသားတွေအတွက် သီးသန့်သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေမှာ နိုင်ငံခြားသားအလုပ်သမားများ လုံးဝလုပ်ကိုင်ခွင့် မရှိစေဖို့ ပိုမိုတင်းကျပ်စွာ ကိုင်တွယ်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ၁၅ ဦးပါ ကော်မတီဖွဲ့၍ စစ်ဆေးမယ် တရားမဝင်လုပ်သား အသုံးပြုမှုတွေကို ကာကွယ်ဖို့နဲ့ နှိမ်နင်းဖို့အတွက် နိုင်ငံခြားသား အလုပ်သမားတွေရဲ့ အလုပ်အကိုင်တွေကို…
ရယောင်းပြည်နယ်၊ နီခွန်ဖတ်ထနာခရိုင်မှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အပါအဝင် တရုတ်နိုင်ငံသား၊ စုစုပေါင်း ၃၇ ဦးကို ထိုင်းခရီးသွားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ခရီးသွားရဲတပ်ဖွဲ့ ရဲမှူးချုပ်ရဲ့ ညွှန်ကြားချက်အရ ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်ပြီးနောက် ခရီးသွားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တရားရုံးခွင့်ပြုချက်နဲ့ ဝင်ရောက်ရှာဖွေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဇူလိုင်လ ၁၈…
ကန်ချနာဘူရီ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဟာ ကြိုတင်ရရှိတဲ့ သတင်းအရ တရားမဝင် မြန်မာလုပ်သားတွေကို သယ်ယူပို့ဆောင်နေတဲ့ ကားနှစ်စီးကို ဖမ်းမိခဲ့ပြီး မြန်မာအမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၂၀ ဦးတို့ကို ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဖမ်းမိတဲ့ကားတွေကတော့ ကန်ချနာဘူရီလိုင်စင်နံပါတ်ပါတဲ့ အဖြူရောင် တိုရိုတာ ရီဗို နဲ့…
ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော်က မိဘတွေအတွက် အလုပ်ခွင်မှာ ပိုမိုအထောက်အပံ့ပေးနိုင်မယ့် ဥပဒေအသစ်တစ်ရပ်ကို အတည်ပြုလိုက်ပါပြီ။ ဒီဥပဒေအရ အမျိုးသမီးဝန်ထမ်းတွေအတွက် မီးဖွားခွင့်ကို ၉၈ ရက်ကနေ ရက် ၁၂၀ အထိ တိုးမြှင့်ပေးလိုက်သလို ဖခင်တွေအတွက်ပါ ကလေးပြုစုစောင့်ရှောက်ဖို့ ခွင့်ရက်တွေ ရရှိတော့မှာပါ။ ဥပဒေအသစ်မှာ ဖခင်တွေအနေနဲ့ ကလေးစောင့်ရှောက်ဖို့အတွက် အလုပ်ရက် ၁၅ ရက်အထိ…
ကမ္ဘောဒီးယားဝန်ကြီးချုပ်က အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေကို နှိမ်နင်းဖို့ အမိန့်ထုတ်ပြန်ပြီး နှစ်ရက်အတွင်း သံသယရှိသူ ၈၀၀ ကျော်ကို ဖမ်းဆီးမိခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲ မြန်မာလူမျိုးတွေလဲ ပါဝင်တယ်လို့ သိရပါတယ်။ သတင်းအရ ဇူလိုင် ၁၆ ရက်နေ့မှာ ၇၄၆ ဦးကို ထိန်းသိမ်းခဲ့ပြီး ဇူလိုင် ၁၅ ရက်နေ့ကလည်း ဗီယက်နမ်နိုင်ငံသား ၆၃ ဦးကို…
ကန်ချနာဘူရီပြည်နယ်၊ ထောင်ဖာပွန်ခရိုင်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၄၈ ဦးကိုသယ်ဆောင်လာတဲ့ ကား ၃ စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ တရားမဝင်နိုင်ငံခြားသားတွေ ဝင်ရောက်လာတယ် ဆိုတဲ့သတင်းအရ အာဏာပိုင်တွေက သွားရောက်စစ်ဆေးခဲ့ရာ ဇူလိုင် ၁၇ ရက်နေ့ညမှာ ရာဘာခြံတစ်ခုအတွင်း မသင်္ကာဖွယ်ကား ၃ စီးကို တွေ့ရှိခဲ့ပြီး ကားအတွင်း အမျိုးသား…
ထိုင်းနိုင်ငံ၊ စတူးန်ပြည်နယ်၊ တန်ဘွန်ဂျေးဘီလန်ခရိုင်ရှိ ငါးဖမ်းဆိပ်ကမ်းအနီးမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုအတွက် သံသယရှိသူ မြန်မာအမျိုးသားတစ်ဦးကို ရေကြောင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ငါးဖမ်းလှေတွေကို မူးယစ်ဆေးရောင်းနေတယ်ဆိုတဲ့ သတင်းအရ ရေကြောင်းရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ဇူလိုင်လ၁၇ ရက်နေ့ နံနက်ပိုင်းမှာ “စင်းဒေချို” အမည်ရှိငါးဖမ်းလှေတစ်စင်း ငါးချရန် ဆိပ်ကမ်းသို့ဆိုက်ကပ်လာစဉ် ရေခဲစက်ဟောင်းအနီး ဆိုင်ကယ်နဲ့ ရပ်နေတဲ့…
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အသက် ၅၃ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦး ဒုတိယထပ်က ပြုတ်ကျတာကြောင့် ဆေးရုံမှာ ဆုံးပါးသွားခဲ့ပြီး ဒီကိစ္စနဲ့ပတ်သတ်လို့ အလုပ်ရှင်ဖြစ်သူက တာဝန်မယူဘူးလို့ သိရပါတယ်။ ကွယ်လွန်သူ အလုပ်သမားရဲ့ ဇနီးသည် ပြောပြချက်အရ အလုပ်ရှင်ဟာ နာရေးကို တစ်ကြိမ်ပဲ လာရောက်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ထပ်မံလာရောက်တွေ့ဆုံတာ၊ စုံစမ်းမေးမြန်းတာ၊…
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှာ ထိုင်းပါလီမန်က မစ္စတာ ရန်စီမန်ရုန်း ဦးဆောင်တဲ့ လုံခြုံရေးကော်မတီအနေနဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် အကူအညီပေးဖို့ နယ်စပ်ဒေသ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်ကို လက်ခံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘာတွေဖြစ်နေလဲ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒပြောင်းလဲမှုကြောင့် စစ်ဘေးရှောင်တွေ နေတဲ့ စခန်းတွေမှာ အကူအညီတွေ ဖြတ်တောက်ခံနေရတယ်လို့ ဆိုပါတယ်။…
ချင်းမိုင်မြို့ထဲက မြန်မာဈေးတစ်ခုထဲမှာ မြန်မာနိုင်ငံသားတွေ အများအပြား နေထိုင်အလုပ်လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းပေးချက်အရ အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၆ ရက်နေ့မှာ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး ဈေးထဲမှာ …