Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Ingjin
ချင်းမိုင်မြို့မှာ တရုတ်လူမျိုးတွေကို လိမ်လည်နေတဲ့ ကြီးမားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ရာ နိုင်ငံခြားသား ၁၈ ဦး ဖမ်းမိခဲ့ပြီး တရုတ်လူမျိုး ၁၂ ဦးနဲ့ မြန်မာလူမျိုး ၆ ဦး ပါဝင်တယ်လို့ သိရပါတယ်။ချင်းမိုင်ခရိုင်တရားရုံးမှ ထုတ်ပေးထားတဲ့ ဖမ်းဝရမ်းအရ နည်းပညာရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့က ဇိမ်ခံအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့ရာမှ…
သီရိလင်္ကာ အလုပ်သမားများ ခေါ်ရန်ဆွေးနွေး ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား အလုပ်သမားတွေကြား ပြဿနာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး ရန်ပွဲ တစ်ခုသာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ ဖုန်ကဝင်က ဒီကနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ အလုပ်ရှင်နဲ့ အလုပ်သမားကြားက…
ချင်းမိုင်မှာ ထီဝယ်လိုအားက တော်တော်လေးကို မြင့်တက်နေပြီး ကံကောင်းတယ်လို့ ယုံကြည်ရတဲ့ ဂဏန်းတွေ နဲ့ နိုင်ငံရေးအဖြစ်အပျက်တွေနဲ့ ဆက်စပ်နေတဲ့ ဂဏန်းတွေ ကို လူတွေက ပိုပြီး စိတ်ဝင်စားနေကြပါတယ်။ အထူးသဖြင့် ထိုင်းစစ်တပ်က အဓိကနေရာ ၁၁ နေရာကို ထိန်းချုပ်နိုင်ခဲ့တဲ့ အထိမ်းအမှတ် ဂဏန်းတွေကလည်း အရမ်းကို ရေပန်းစားနေပါတယ်။ လူကြိုက်များတဲ့…
ထိုင်းအလံကိုင်ကာ ဆဲရေးတဲ့ လက်ဟန်အမူအရာပြုလုပ်ပြီး အလံကိုမြေပေါ်ချနင်းခဲ့တဲ့ ကမ္ဘောဒီးယားအမျိုးသမီးနှစ်ဦးရဲ့ TikTok ဗီဒီယို ပျံ့နှံ့လာပြီးနောက် ပရာချင်ဘူရီပြည်နယ် ရဲမှူးချုပ် ၎င်းတို့နှစ်ဦးကို အမြန်ဆုံး ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ ပရာချင်ဘူရီမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဖြစ်ခဲ့တာလို့ ယူဆထားကြပါတယ်။ TikTok မှာ ပျံ့နေတဲ့ ဗီဒီယိုထဲမှာ ကမ္ဘောဒီးယားအမျိုးသမီးနှစ်ဦးဟာ ဆောက်လုပ်ရေးလုပ်သားတွေလိုပဲ…
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်၊ သောင်ဖာပွန်မြို့နယ်မှာ မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ရန်အတွက် တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းတွေကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။ အာဏာပိုင်တွေဟာ သောင်ဖာပွန်ကို ဖြတ်သန်းသွားမယ့် တရားမဝင် မြန်မာလုပ်သားတွေရဲ့ သတင်းရရှိပြီးနောက် သံသယရှိတဲ့ လမ်းကြောင်းတွေတစ်လျှောက် ကင်းလှည့်ခဲ့ကြရာမှ တာခနွန်ရပ်ကွက်နားမှာ ဗန်ကားတစ်စီးကို သံသယရှိဖွယ် တွေ့ရှိခဲ့တာကြောင့်…
ဖူးခက်မြို့က ဖုန်းဆိုင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကတော့ ဖုန်းဆိုင်တွေသွားရင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ဓာတ်ပုံတွေကို ဘယ်လောက်အထိ သတိထားသင့်လဲဆိုတာကို သတိပေးလိုက်ပါပြီ။ အသက် ၂၂ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက Central Phuket မှာရှိတဲ့ ဖုန်းအရောင်းဆိုင်တစ်ခုမှာ သူ့ဖုန်းကို ပြင်ဖို့သွားခဲ့ရာကနေ ၎င်းရဲ့ ကိုယ်ပိုင်ဓာတ်ပုံတွေ အခိုးခံလိုက်ရတာလို့…
ထိုင်းနိုင်ငံ၊ ချွန်ပွန်ခရိုင်၊ ဖထီဝ်မြို့နယ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး “No Drugs No Dealers” စစ်ဆင်ရေးကို ပြုလုပ်ခဲ့ရာ မူးယစ်ဆေးရောင်းချသူ မြန်မာနိုင်ငံသား ၅ ဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒီစစ်ဆင်ရေးကို ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခြားအစိုးရဌာနတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး မူးယစ်ဆေးသုံးသူ ၆ ဦးအား…
မြန်မာနိုင်ငံသားတစ်ဦး ထိုးကြိတ်ခံရတဲ့ ဗီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် နစ်နာသူ အမျိုးသားအတွက် MHAC မဟာမိတ်အဖွဲ့က ကူညီပေးနေပြီး ဒီကနေ့ ရဲစခန်းမှာ စစ်ချက်ရယူလိုက်တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က ကျူးလွန်သူအမျိုးသားကို ဆင့်ခေါ်ပြီး ဆက်လက်စစ်ဆေးစုံစမ်းမယ်လို့ ပြောပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ပထုန်ဋ္ဌာနီမှ သားညီ ဆိုတဲ့…
မယ်ဆိုင်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဇူလိုင်လ ၂၈ ရက်နေ့က မယ်ဆိုင်မြစ်ရေ မြင့်တက်လာပြီး အနီးနားက အိမ်တွေအများအပြား ရေနစ်မြုပ်ခဲ့တာကြောင့် ဖာမောင်းတပ်ဖွဲ့ဝင်တွေက ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် ဒုက္ခရောက်နေတဲ့ ဒေသခံပြည်သူတွေကို သွားရောက်ကူညီခဲ့ရတယ်လို့ သိရပါတယ်။ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့တာကြောင့် မြစ်ရေ မြင့်တက်လာပြီး ကမ်းပါးဘောင် (big black) ကို…
အယုဒ္ဓယပြည်နယ် မဟာရတ်ခရိုင်အတွင်း ဟင်းသီးဟင်းရွက်တင်သည့် ကားအသွင်နှင့် မသင်္ကာစရာအဖြူရောင်ပစ်ကပ်ကားတစ်စီးကို ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ မြန်မာလုပ်သား ၃၀ ဦးကိုဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ယာဉ်မောင်းအနေနဲ့ ယခင်အလုပ်ရှင်ရဲ့ ကျေးဇူးကိုဆပ်ဖို့ အခုလို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ကားကို စစ်ဆေးကြည့်ရာမှာ ၄၅ နှစ်အရွယ်ယာဉ်မောင်း နဲ့ ၎င်းအလုပ်ရှင်ရဲ့ လက်ထောက်ဖြစ်သူတို့ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ကားအတွင်းပိုင်းကိုစစ်ဆေးရာမှာတော့…