Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Ingjin
စမူပကန်မြို့က အသီးစက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေကြတဲ့အလုပ်သမား ၁၂၀ ဦးဟာ လစာနဲ့ အချိန်ပိုကြေးတွေ မရရှိပဲ အလုပ်ဆက်လုပ်ဖို့ ဖိအားပေးခံခဲ့ရတယ်လို့ သိရပါတယ်။ ဇူလိုင်လအတွက် လစာကို ဘတ် ၃၀၀၀ ပဲထုတ်ပေးပြီး အချိန်ပိုကြေး ၁လခွဲစာကိုလည်း လုံးဝမပေးတာကြောင့် အလုပ်သမားတွေအနေနဲ့ အခတ်အခဲတွေကြုံတွေ့ရခဲ့ပြီး MHAC ကိုအကူအညီတောင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် MHAC…
စမွတ်စခွန်၊ ကရထွန်ဘာအန်း မြို့နယ်မှာ အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ ပစ်ကပ်ထရပ်ကားတစ်စီးဟာ လမ်းဘေးမှာ လမ်းလျှောက်နေတဲ့ မြန်မာဇနီးမောင်နှံကို ဝင်တိုက်မိခဲ့တာကြောင့် နှစ်ဦးစလုံး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ အဖြူရောင် ပစ်ကပ်ကားတစ်စီးဟာ အရှိန်လွန်ပြီး လမ်းဘေးကို ချော်ထွက်သွားရာကနေ အဆိုပါ ဇနီးမောင်နှံကို တိုက်မိခဲ့တာလို့ ကားရှေ့ကင်မရာမှတ်တမ်းတွေအရ သိရပါတယ်။ အဲဒီနောက်မှာလည်း ကားက…
ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ထဲက စက်မှုဇုန်တစ်ခုမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွါးခဲ့ပြီး မြန်မာ ၄၃ အပါအဝင် နိုင်ငံခြားသားအလုပ်သမား ၅၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒီစစ်ဆင်ရေးဟာ နိုင်ငံတစ်ဝန်း တရားမဝင် အလုပ်သမားတွေကို နှိမ်နင်းဖို့ ရဲချုပ်ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။သြဂုတ်လ…
ဒီကနေ့ ဩဂုတ်လ ၈ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေနဲ့ နိုင်ငံထဲမှာ အလုပ်သမားပြတ်လပ်နေတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းအသစ်တွေ စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။ လက်ရှိမှာတော့ လုပ်ငန်းရှင်တွေဆီကနေ နိုင်ငံခြားသား အလုပ်သမား ဘယ်လောက် လိုအပ်တယ်ဆိုတာကို စာရင်းကောက်ခံနေပါတယ်။ ဒီအချက်အလက်တွေရရင်တော့ အလုပ်သမားအသစ် ၄၂,၀၀၀ ခန့်ကို လက်ခံနိုင်မယ်လို့ ခန့်မှန်းထားကြောင်း…
ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့နယ်က နေအိမ်တစ်ခုမှာ အွန်လိုင်းမှတစ်ဆင့် လိမ်လည်ပြီး ငွေကြေးခဝါချမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦးပါဝင်တဲ့ ဂိုဏ်းတစ်ခုကို ဗဟိုစုံစမ်းစစ်ဆေးရေးရုံး (CIB) က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးမှုအတွင်း ၎င်းတို့ရဲ့ နေအိမ်ကနေ ငွေသား ၄၆ သန်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ဒီအဖွဲ့ဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ…
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အုပ်ချုပ်ရေးဌာနအောက်ရှိ အထူးအဖွဲ့တစ်ဖွဲ့ဟာပထုန်ဌာနီခရိုင်ထဲက Skin Pub အမည်ရှိ နာမည်ကြီး ဘားတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ မူးယစ်ဆေးသုံးစွဲသူ အများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ဒီဖြစ်ရပ်ဟာ ပြည်သူတွေရဲ့ တိုင်ကြားချက်ကြောင့် စတင်ခဲ့တာဖြစ်ပြီး “ZERO DRUG” စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ဝင်ရောက်စီးနင်းချိန်မှာ ဘားထဲမှာ ပါတီပွဲကျင်းပနေသူ ၃၈၀ ကျော်လောက်ရှိနေပြီး…
ထိုင်းနိုင်ငံနခွန်ဆဝမ်ပြည်နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၄ ဦးနဲ့အတူ ၎င်းတို့ကိုသယ်ယူပို့ဆောင်ပေးသော ထိုင်းနိုင်ငံသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ CIB လက်အောက်ရှိ Highway Police အဖွဲ့က တရားမဝင် ရွှေ့ပြောင်းလုပ်သားများ သယ်ယူပို့ဆောင်မှုနဲ့ ပတ်သက်ပြီး သတင်းရရှိတာကြောင့် နခွန်ဆဝမ်ပြည်နယ်ရှိ အများပြည်သူသုံးလမ်းပေါ်တွင် စောင့်ဆိုင်းနေကြတယ်လို့…
ဩဂုတ်လ ၇ ရက်နေ့က ထိုင်းနိုင်ငံ၊ နရာဓိဝပ်ခရိုင်မှာ မလေးရှားသွားဖို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၄ ဦးနဲ့ ၎င်းတို့ကိုပို့ဆောင်ပေးတဲ့ ထိုင်းလူမျိုး ၃ ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်များက နရာဓိဝပ်ခရိုင်ရှိ လမ်းမကြီးတစ်ခုပေါ်မှာ သံသယဖြစ်ဖွယ် ကားနှစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အလုပ်သမားတွေကို…
ထိုင်းနိုင်ငံသားတွေ မပျော်မရွှင် ဖြစ်နေကြရမှု အခြေအနေ ပိုပြီး ဆိုးရွားလာတယ်လို့ အစီခံစာ တခုကဆိုပါတယ်။ မပျော်ရွှင်ဆုံး အသက်အရွယ်တွေက အသက် အသက် ၄၉ ကနေ ၅၉ ကြား လူကြီးအုပ်စုတွေပါ။Thai Health Promotion Foundation နဲ့ Mahidol တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်တဲ့ ဒီအစံရင်ခံစာက အဲလို…
တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ဦးကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရပါတယ်။ ဩဂုတ်လ ၆ ရက်နေ့က ဒေသ ၆ ရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်များက ဖုတ်ဖရမြို့နယ်၊ ဟွိုင်နမ်နတ်ရွာ အနီးတစ်ဝိုက်မှာ ကင်းလှည့်စဉ် သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့တာကြောင့်…