Author: Ingjin

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ချိုင်ချနားက ရွှေ့ပြောင်းလုပ်သားတွေကို တကယ်တမ်း ကျန်းမာရေးစစ်ဆေးမှုမလုပ်ဘဲ လက်မှတ်အတုတွေ ထုတ်ပေးနေတဲ့ ဆေးရုံ ၄၁ ခုနဲ့ ဆရာဝန်တွေကို ဥပဒေအရ အရေးယူတော့မယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီလို ထုတ်ပေးထားတဲ့ လက်မှတ်ပေါင်း ၃ သိန်းလောက် ရှိနိုင်တယ်လို့ ခန့်မှန်းပြီး အဲဒီလက်မှတ်တွေ အားလုံးကို ပြန်ပြီး…

ထိုင်းနိုင်ငံရဲ့ အစိုးရအဖွဲ့ဖြစ်တဲ့ NESDC က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် ဒုတိယ ၃ လပတ်မှာ အလုပ်အကိုင်တွေ အနည်းငယ်တိုးလာပေမယ့် အလုပ်သမားတွေရဲ့ ပျမ်းမျှလစာကတော့ လျော့ကျသွားတယ်လို့ ဆိုပါတယ်။ အလုပ်အကိုင်နဲ့ လစာ အခြေအနေ အလုပ်အကိုင် ၀.၀၂% တိုးလာပြီး အထူးသဖြင့် စိုက်ပျိုးရေးမဟုတ်တဲ့ကဏ္ဍမှာ အလုပ်အကိုင်…

ထိုင်းအစိုးရအဖွဲ့က မြန်မာနိုင်ငံကနေ စစ်ဘေးရှောင်လာပြီး ယာယီခိုလှုံရာစခန်းတွေမှာနေထိုင်သူတွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ ခွင့်ပြုလိုက်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ လူသားချင်းစာနာမှုအပြင် ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက်ပါ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ အလုပ်အကိုင်ဦးစားဌာနက အဆိုတင်သွင်းခဲ့ပြီးနောက် အစိုးရက သဘောတူခဲ့တာလည်း ဖြစ်ပါတယ်။ ဘာကြောင့် အလုပ်လုပ်ခွင့်ပြုတာလဲ တရားမဝင်လုပ်သား ပြဿနာကို ဖြေရှင်းဖို့ စီးပွားရေး…

ထိုင်းစီးပွားရေး လုပ်ငန်းတွေမှာ တွင်ကျယ်နေတဲ့ “အခုယူ နောက်မှပေး” Buy now Pay Later အစီအစဉ်တွေကို ထိုင်းအစိုးရက အထူးစိုးရိမ်လျှက် ရှိပါတယ်။ အဲဒီစနစ်ဟာ အစားသောက်နဲ့ လောင်စာဆီလို နေ့စဉ်အသုံးပြုနေရတဲ့ ကုန်ပစ္စည်းတွေအထိ တွင်ကျယ်လာနေတာပါ။ ထိုင်းအစိုးရရဲ့ စီမံကိန်းယူနစ်ဖြစ်တဲ့ NESDC (National Economic and Social…

“ကာဂျီကီ” မုန်တိုင်းဒဏ်ကို ရင်ဆိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေအားလုံးကို အသင့်ပြင်ဆင်ထားဖို့ ရဲချုပ်ကြီး ကစ်တိရတ် ပန်ဖစ်ချ်က အရေးပေါ် ညွှန်ကြားလိုက်ပါတယ်။ ဒီညွှန်ကြားချက်ဟာ အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ကမ်းရိုးတန်း ဒေသတွေမှာ ဝင်ရောက်လာနိုင်တဲ့ မုန်တိုင်းကြောင့် ဖြစ်ပေါ်လာမယ့် သက်ရောက်မှုတွေကို ကြိုတင်ပြင်ဆင်ဖို့ ရည်ရွယ်ပါတယ်။ အင်အားနဲ့ပစ္စည်းတွေ အသင့်ပြင်ထားရန် ရဲတပ်ဖွဲ့ဝင်များ၊…

၆ ဦး အဖမ်းခံရပြီး ကုန်များအသိမ်းခံရ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ဖာဂျရွန်းဈေးမှာ မြန်မာနိုင်ငံသား ဈေးသည်တွေအချင်းချင်း ခိုက်ရန်ဖြစ်ပွါးခဲ့တဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့ခဲ့ပြီးနောက် ဩဂုတ်လ ၂၅ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် နှစ်ရက်ဆက်တိုက် ဈေးဝယ်သူတွေနဲ့ ယာဉ်အသွားအလာအခက်အခဲများကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။အွန်လိုင်းမှာ…

ထိုင်းနိုင်ငံ၊ ချွန်ဖွန်ခရိုင်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၃ ဦးနဲ့ မြန်မာယာဉ်မောင်းတစ်ဦးကို ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ အဝေးပြေးရဲတပ်ဖွဲ့ဟာ ချွန်းဖွန်ခရိုင်၊ ဆဝီမြို့နယ်နားမှာ ပစ်ကပ်ကားတစ်စီးကို သံသယရှိလို့ တားဆီးစစ်ဆေးရာမှ ဖမ်းမိခဲ့တာပါ။ အဆိုပါယာဉ်ဟာ လမ်းမပေါ်မှာ ပုံမှန်မဟုတ်ဘဲ မောင်းနှင်နေပြီး ကားမှန်တွေမှာလည်း မှန်အမည်းတွေ တပ်ထားတာကြောင့် ရဲတွေက မသင်္ကာဖြစ်ခဲ့တာပါ။…

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်ရှိ အာဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်းပြီး ခေါင်လမ်အမျိုးသားဥယျာဉ်အတွင်း ခြေရာခံလိုက်လံရှာဖွေရာ တရားမဝင် မြန်မာအလုပ်သမား ၁၀၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအလုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်ဖို့အတွက် ၄ ရက်ကြာ ခရီးနှင်ခဲ့ပြီးမှ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဩဂုတ်လ ၂၅ ရက်နေ့က ခေါင်လမ်အမျိုးသားဥယျာဉ်က ကင်းလှည့်အဖွဲ့ဟာ ဝချီရာလုံကွန်ဆည်အနီးက တောအုပ်တစ်ခုမှာ…

ကိုယ့်ရဲ့လစာကို သူဌေးက ပေးမယ် ပေးမယ်နဲ့ နေ့ရွှေ့ရက်ရွှေ့လုပ်နေတာမျိုး လစာမပေးပဲ အလုပ်တွေဆက်ခိုင်းနေတာမျိုး ကြုံနေရလား။ ထိုင်းဥပဒေအရဆိုရင် တစ်လကို အနည်းဆုံးတစ်ကြိမ် လစာရှင်းကိုရှင်းပေးရမှာပါ။ အလုပ်သမားတွေဘက်ကလုပ်နိုင်မယ့် လုပ်ပိုင်ခွင့်တွေ၊ ဥပဒေတွေလည်းရှိပါတယ်။ လစာမရလို့အခက်အခဲကြုံနေရင် တိုင်ကြားဖို့အတွက် ကိုယ့်ဘက်က လုပ်ဆောင်လို့ရမယ့် အချက်တွေထဲ အရေးအကြီးဆုံးကတော့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ရှိဖို့ပါပဲ။ ဘာတွေလဲဆိုတော့ အလုပ်စာချုပ်မိတ္တူ …

ချင်းမိုင်မြို့မှာ မူလအလုပ်ကနေ ထွက်ပြီး အလုပ်ရှင်အသစ်ဆီအလုပ်ပြောင်းလုပ်တာကို အသိမပေးတာကြောင့် မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့မှာ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ က မူဟီဒွန်လမ်းပေါ်က လုပ်ငန်းတစ်ခုမှာ နိုင်ငံခြားသားတွေ တရားမဝင်အလုပ်လုပ်နေတယ်ဆိုတဲ့ သတင်းရလို့ သွားရောက်စစ်ဆေးခဲ့တာပါ။ အဲဒီမှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရှိပေမယ့် အလုပ်ရှင်အသစ်နဲ့ အလုပ်လုပ်ကိုင်ဖို့…