Author: Ingjin

ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝပ်က ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာနဲ့ပတ်သတ်ပြီးပြန်လည်မြှင့်တင်ဖို့ အရေးပေါ်မူဝါဒ ငါးချက်ချမှတ်လိုက်ပါတယ်။ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ခရီးသည်အရေအတွက်ကျဆင်းသွားပေမယ့် ဥရောပနဲ့အမေရိကန်ကလာတဲ့ ချမ်းသာတဲ့ခရီးသည်တွေကြောင့် နိုင်ငံရဲ့ ငွေပမာဏအမြတ်အစွန်းတွေတက်လာခဲ့တယ်လို့ဆိုပါတယ်။ ချမှတ်လိုက်တဲ့ အရေးပေါ်မူဝါဒ ငါးချက်ကတော့ နိုင်ငံရဲ့ပုံရိပ် ခရီးသွားတွေကို ဆွဲဆောင်နိုင်ရန်အတွက် နိုင်ငံတွင်း အပြင်အဆင်တွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ ကြော်ငြာတာတွေကို ပိုမို တိုးချဲ့ရန်။ လုံခြုံရေး နဲ့ ဝန်ဆောင်မှု …

ထိုင်းနိုင်ငံ အရှေ့ပိုင်းနယ်စပ်ပြည်နယ် Muang ခရိုင် တမ်ဘွန် Tha Yaek က အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှာ “ဒေါင့်သန်း” ရောဂါ ကူးစက်ခံထားကြောင်း တွေ့ရှိရတယ်လို့ ပြည့်သူ့ကျန်းမာရေးဌာနက ပြောပါတယ်။ အဆိုပါ အမျိုးသားရဲ့ ဦးခေါင်း ၊ လည်ပင်းနောက်နဲ့ ခြေလက်တွေမှာ ဒဏ်ရာတွေတွေ့ရှိခဲ့တာကြောင့်ဆရာဝန်က စမ်းသပ်ကြည့်ရာမှ…

ထိုင်းမှာ အနိမ့်ဆုံးတစ်ရက်လုပ်အားခ အများဆုံးရတာ ဘန်ကောက်လို့ ထင်ကြပေမယ့် ဒါက မဟုတ်ပါဘူး။ ဘန်ကောက်က ဒုတိယနေရာမှာတောင် မရှိပါဘူး။ လက်ရှိထိုင်းဥပဒေအရ အမြင့်ဆုံးရတာ ဖူးခက်ဖြစ်ပါတယ်။ အနိမ့်ဆုံးတစ်ရက်လုပ်အားခကို ဘတ်လေးရာနဲ့ ဖူးခက်၊ ချခွန်စော၊ ချွန်ဘူရီ၊ ရယောင်နဲ့ ကောစမွေတို့က အမြင့်ဆုံးမှာရှိပါတယ်။ သူတို့နောက်မှာ တစ်နေ့ ဘတ်၃၈၀ နဲ့ ချင်းမိုင်၊…

နောက်ကစီးသူပါ မဆောင်းရင် နှစ်ဆ ဆိုင်ကယ် စီးနင်းသူရော၊ နောက်က လိုက်သူပါ ဆိုင်ကယ် ဦးထုပ်မဆောင်းရင် ခြွင်းချက်မရှိ ဒဏ်ရိုက်ခံရတော့မယ် စီမံချက်ကို ဇွန်လ ၁ ရက်နေ့ဆိုရင် စတင်တော့မှာပါ။ ပိုသတိထားရမှာက နောက်က လိုက်စီးသူပါ ဦးထုပ်မဆောင်းထားရင် ဒဏ်ငွေက နှစ်ဆ ဖြစ်သွားနိုင်ပါတယ်။ ဒဏ်ကြေး အခု ထိုင်းမှာ…

လာလည်သူ ခရီးသွားတွေကို ရိုက်စားအလုပ်ဆုံးမြို့တွေထဲမှာ ဘန်ကောက်ပါ ပါတယ်။ ဒီအကြောင်း မနေ့က သတင်းတစ်ပုဒ်တက်ခဲ့ပါတယ်။ ဒီထဲမှာမှ ကားအငှားလုပ်ငန်းတွေနဲ့ တက္ကစီသမားတွေက အဆိုးဆုံးဖြစ်ပါတယ်။ သူတို့ရိုက်စားလုပ်တတ်တဲ့ ပုံစံတွေက ဒီလိုပါ။ တက္ကစီရိုက်စား – တက္ကစီမီတာသုံးဖို့ငြင်းပါတယ်။ ကျသင့်ငွေရှင်းတဲ့အခါ ဈေးကိုပိုတောင်းပါတယ်။ – လာလည်တဲ့ ခရီးသည်တွေဆို သူတို့ကို ကော်မရှင်ပေးထားတဲ့ဆိုင်တွေဆီပဲ ခေါ်သွားပါတယ်။…

တရားဝင်ရွှေ့ပြောင်းအလုပ်သမားအတွေနဲ့ တရားဝင်ခံစားခွင့်ရှိတဲ့ ခွင့်အမျိုးအစားတွေရှိပါတယ်။ တစ်ပတ်မှာ အနည်းဆုံး တစ်ရက် တရားဝင် အလုပ်ပိတ်ရက်အပြင် အခုလိုအခြေအနေတွေမှာလဲ ခွင့်ယူခွင့်ရှိပါတယ်။ ဖျားနာခွင့် ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အနေနဲ့ နေမကောင်းဖျားနာတဲ့အခါ ခွင့်ယူလို့ရပါတယ်။ ထိုင်းရဲ့ဥပဒေအရဆိုရင် ဖျားနာခွင့် တစ်နှစ်မှာ ရက် ၃၀ ယူလို့ရပါတယ်။ ဒါပေမယ့် တစ်ခါခွင့်ယူရင် ၃ ရက်ဆက်တိုက်ထက်တော့ ပိုယူလို့မရပါဘူး။ ၃…

လုပ်ငန်းခွင်ဝင်ပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို မထိခိုက်အောင် သတိထား ဂရုစိုက်ရမယ့် အရာတွေရှိပါတယ်။ လုပ်ငန်းခွင်တိုင်းမှာ ကိုယ်ပိုင် စည်းမျဉ်းတွေနဲ့ လုပ်ထုံးလုပ်နည်း သတိပေးဆိုင်းဘုတ်တွေ အမှတ်အသားတွေရှိပါတယ်။အဲ့ဒါတွေကို သေချာနားလည်ပြီး မှတ်ထားဖို့လိုပါတယ်နော် ကိုယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေလို အမြင့်တွေပေါ်မှာလုပ်ရတဲ့အလုပ်တွေမှာ အန္တရာယ်ကင်းဖို့ ခါးပတ်နဲ့ အသက်ကယ်ကြိုးကို အမြဲတပ်ထားဖို့လိုပါတယ်။ ပြီးရင် လုပ်ငန်းခွင်ထဲမှာ မလုံခြုံတာမျိုး အန္တရာယ်ရှိတာမျိုး တခုခုတွေ့ရင်…

ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်လို့မရတဲ့ လုပ်ငန်းအမျိုးအစားတွေရှိပါတယ်။ ထိုင်းရိုးရာလက်မှုလုပ်ငန်းတွေအပါအဝင် ဆံပင်ညှပ်၊အလှပြင်လို လုပ်ငန်းမျိုးတွေလည်း ပါဝင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အစိုးရက အဆိုပါနေရာတွေမှာ ဝင်ရောက်လုပ်ကိုင်ခြင်းကို ဥပဒေပြဌာန်းကန့်သတ်ထားတာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားများ လုပ်လို့မရတဲ့ လုပ်ငန်းများ ရိုးရာ တူရိယာလုပ်ငန်း ရွှေထည်၊ငွေထည်လုပ်ငန်း ကြေးထည်လုပ်ငန်း ရိုးရာ အရုပ်ဖန်တီးခြင်းလုပ်ငန်း သပိတ်ပြုလုပ်ခြင်းလုပ်ငန်း ထီးလုပ်ငန်း ယက္ကန်းလုပ်ငန်း…

စကားလုံးတွေက တိုတိုလေးတွေမို့ မှတ်ရလွယ်ပြီး အသုံးဝင်ပါတယ်။ ထိုင်းစကားကို သေချာမသင်နိုင်သေးရင် ဒီစကားလုံးလေးတွေက အလုပ်ဖြစ်တာကို တွေ့ရမှာပါ။ ခ၊ခရပ် “ခ” ဆိုတာ “ရှင့်” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး “ခရပ်” ကတော့ “ဗျ” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဥပမာ ယောကျာ်းလေးဆိုရင် ဆဝါဒီခရပ် လို့ပြောရမှာဖြစ်ပြီး မင်္ဂလာပါဗျ လို့…

အမျိုးသမီးတွေအနေနဲ့ ထိုင်းမှာ အလုပ်ခွင်ဝင်တဲ့အခါ မသင့်တော်တဲ့အလုပ်တွေ ဥပဒေအရခိုင်းလို့မရတဲ့ အလုပ်တွေကို သိထားရမယ်နော်။ ဒါမှ အလုပ်သမားအခွင့်အရေးအရ တချို့အခြေအနေတွေမှာ ကာကွယ်ပေးနိုင်မှာ ဖြစ်သလို မလိုလားအပ်တဲ့ ပြသနာတွေကိုလည်း ကာကွယ် ပြီးသား ဖြစ်ပါလိမ့်မယ်။ မနိုင်ဝန်ထမ်းခိုင်းတာ အလုပ်ခွင်မှာ အမျိုးသမီးတွေကို ၂၅ ကီလိုဂရမ်ထက်ပိုတဲ့အလေးချိန်ရှိတာတွေကို သယ်ခိုင်း မ ခိုင်းလို့မရပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့…