ရေကြီးမှုဒဏ်ကြောင့် ပျက်စီးသွားတဲ့ ပစ္စည်းတွေအတွက် အလုပ်သမားဝန်ကြီးဌာနရဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DSD) ဟာ တောင်ပိုင်းဒေသမှာ ပျက်စီးသွားတဲ့ ပစ္စည်းတွေအတွက် ပြုပြင်ရေးစင်တာ ၄၈ ခုကို အရေးပေါ် ဖွင့်လှစ်ပြီး အားလုံးကို အခမဲ့ ပြန်လည်ပြုပြင်ပေးနေပြီလို့ သိရပါတယ်။
အလုပ်သမားဝန်ကြီး ထရီနုချ်သီယန်ထောင်ရဲ့ ညွှန်ကြားချက်အရ DSD ဟာ ရေဘေးသင့်ပြည်သူတွေ အတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်နေတာပါ။
DSD ညွှန်ကြားရေးမှူးချုပ်က ဆုန်ခလာကို ကိုယ်တိုင် ဆင်းပြီး အားပေးခဲ့ပြီးနောက် ရေကြီးစကတည်းက DSD ရုံးတွေမှာ အလုပ်သမားဝန်ကြီးဌာန ချက်ပြုတ်ခန်းတွေ ဖွင့်ပြီး ဒေသခံတွေကို အစားအစာတွေ မပြတ် ထောက်ပံ့ပေးခဲ့ကြောင်း ပြောပြပါတယ်။
ယခုအခါ ရေကျသွားပြီဖြစ်တာကြောင့် ဒေသခံတွေရဲ့ စီးပွားရေးနဲ့ နေ့စဉ်သုံး ပစ္စည်းတွေ ပြန်ကောင်းဖို့ကို အဓိကထားပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရေဘေးသင့်ခဲ့တဲ့ တောင်ပိုင်း ၉ ခရိုင် မှာ ပြုပြင်ရေးစင်တာ ၄၈ ခုကို ချက်ချင်း ဖွင့်လှစ်ထားပြီး တစ်နိုင်ငံလုံးက ပညာရှင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းကာ ပျက်စီးသွားတဲ့ ပစ္စည်းတွေ၊ ဥပမာ – အလုပ်လုပ်တဲ့ ကိရိယာတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ရေပိုက်စနစ် အားလုံးကို လုံးဝ အခမဲ့ စစ်ဆေးပြုပြင်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရေကြီးမှုဒဏ်သင့်ခဲ့တဲ့ ဒေသခံပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ပျက်စီးနေတဲ့ ပစ္စည်းတွေကို သတ်မှတ်ထားတဲ့ စင်တာတွေမှာ အခမဲ့ လာရောက် ပြုပြင်နိုင်ဖို့ DSD က ဖိတ်ခေါ်ထားပါတယ်။
သတင်း – matichon