ထိုင်းဘဏ် (BOT) က သက်တမ်းပိုကြာရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ငွေကြေးစနစ်တစ်ခုအတွက် ဘတ် ၅၀ နဲ့ ဘတ် ၁၀၀ တန် ပေါ်လီမာ ငွေစက္ကူအသစ်တွေကို နိုဝင်ဘာလ ၂၁ ရက်နေ့ မှာ တရားဝင် စတင်ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။BOT အုပ်ချုပ်ရေးမှူးရဲ့ ပြောကြားချက်အရ ဒီပေါ်လီမာ ငွေစက္ကူအသစ်တွေဟာ စက္ကူတွေထက် ပိုခံနိုင်ရည်ရှိပြီး အစိုဓာတ်နဲ့ ဖုန်မှုန့်တွေကို ကောင်းကောင်းကာကွယ်နိုင်လို့ အမြဲသန့်ရှင်းနေမှာပါ။
သက်တမ်း ၈ နှစ်အထိ ခံနိုင်တဲ့အတွက် စက္ကူငွေစက္ကူတွေထက် ၄ ဆ ပိုကြာရှည်ခံပါတယ်။ ဒါ့ကြောင့် အစားထိုးထုတ်လုပ်ရတဲ့ အရေအတွက် တစ်နှစ်ကို သန်း ၃၅၀ လျှော့ချနိုင်လို့ ထုတ်လုပ်မှုစရိတ်ရော ပတ်ဝန်းကျင် ထိခိုက်မှုပါ လျော့ကျသွားတယ်လို့ ဆိုပါတယ်။ ဒါက ဘတ် ၂၀ တန် ပေါ်လီမာ ထုတ်ဝေပြီးနောက်ပိုင်း ဆက်လက်လုပ်ဆောင်တာ ဖြစ်ပါတယ်။ ငွေစက္ကူအသစ်တွေဟာ မူလပုံစံအတိုင်းပဲ ဖြစ်ပေမယ့် ငွေအတုပြုလုပ်တာကနေ ကာကွယ်ဖို့အတွက် နည်းပညာတွေ တိုးမြှင့်ထားပါတယ်။ အဓိက အချက်တွေကတော့
ဖောက်ထွင်းမြင်ရတဲ့ အပေါက်
- နှစ်ဖက်စလုံးက မြင်နိုင်ပြီး ငွေတန်ဖိုးကို ကြွနေအောင် ရိုက်နှိပ်ထားတဲ့ နေရာပါပါတယ်။
အရောင်ပြောင်းမှင်
- ငွေစက္ကူကို စောင်းကြည့်လိုက်ရင် အရောင်ပြောင်းသွားတာ မြင်ရမှာပါ။
မျက်မမြင်အမှတ်အသား
- ဘေးဘက်အနားတွေမှာ ကြွတက်နေတဲ့ အမှတ်အသားတွေပါလို့ အမြင်အာရုံချို့ယွင်းသူတွေအတွက် ငွေတန်ဖိုးကို အလွယ်တကူ ခွဲခြားနိုင်မှာပါ။
ဘယ်လိုရယူသုံးစွဲနိုင်မလဲ
ပေါ်လီမာ ငွေစက္ကူအသစ်တွေကို ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေမှာ ထုတ်ယူနိုင်ပါတယ်။ဘတ် ၁၀၀ တန်ကိုတော့ ATM နဲ့ CDM စက်တွေ ကနေလည်း ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။လက်ရှိ စက္ကူငွေစက္ကူတွေလည်း ပုံမှန်အတိုင်း ဆက်လက်သုံးစွဲနိုင်ပါတယ်။
သတင်း – Thaiger