တာ့ခ်ခရိုင်၊ ဝမ်ချောင်မြို့နယ်ရှိ အိမ်တစ်အိမ်မှာ စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၇ နာရီခန့်က တရားမဝင် ခိုအောင်းနေတဲ့ နိုင်ငံခြားသားတွေကို လုံခြုံရေးအဖွဲ့တွေက ဝင်ရောက်စစ်ဆေးခဲ့ရာ စစ်ဆေးမှုအတွင်း အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၄၉ ဦးကို တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူအားလုံးမှာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သူများဖြစ်ပြီး အထောက်အထားစာရွက်စာတမ်းတွေလည်း မရှိကြဘူးလို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်း ဝင်ရောက်နေထိုင်မှုဖြင့် အရေးယူရန်အတွက် သက်ဆိုင်ရာဌာနတွေကို ဆက်လက်အပ်နှံခဲ့ပြီး ဝမ်ချောင်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူးများက တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုဖြစ်စဉ်တွေဟာ ထိုင်း-မြန်မာနယ်စပ်မှာမကြာခဏ ဖြစ်ပွါးလေ့ရှိတာဖြစ်ပြီး အလုပ်အကိုင်ရှာဖွေရန်နဲ့ အခြားသော အကြောင်းအရာတွေကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေကို ဖမ်းဆီးခြင်းဖြစ်ကြောင်း တာခ့်လူဝင်မှုကြီးကြပ်ရေး သတင်းအရ သိရပါတယ်။