ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်မှာ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကူးမှုတွေကြောင့် နိုင်ငံခြားသား ၃၁ ယောက်ရဲ့ နေထိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်နေပါတယ်။ ဒီအပြင် အဲဒီအမှုတွေမှာ ပါဝင်တဲ့ ထိုင်းနိုင်ငံသားတစ်ယောက်ရဲ့ နိုင်ငံသားအဖြစ်ကိုပါ ရုပ်သိမ်းဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။
သောင်ဖာပွန်ခရိုင်ရဲ့ အကြီးအကဲဖြစ်တဲ့ မစ္စတာ ချာခရစ် တန်ဖီရွတ်က ကန်ချနပူရီအုပ်ချုပ်ရေးမှူးရဲ့ အရေးပေါ်ညွှန်ကြားချက်အရ လုံခြုံရေးဆိုင်ရာ ပြစ်မှုတွေကျူးလွန်တဲ့သူတွေကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဒါဟာ ပြည်နယ်မှာ မူးယစ်ဆေးဝါးနဲ့ တရားမဝင်လုပ်သား သယ်ယူပို့ဆောင်မှုလိုမျိုး နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်တဲ့ ပြစ်မှုတွေ ပိုများလာလို့ ဖြစ်ပါတယ်။
စစ်ဆေးမှုတွေအရ သောင်းဖာပွန်ခရိုင်မှာ နိုင်ငံသားမရှိသူ ၃၀ ယောက်နဲ့ လတ်ရာ့ယတ်ရဲစခန်းက တစ်ယောက် စုစုပေါင်း ၃၁ ယောက်ဟာ ပြည်သူ့အေးချမ်းရေးနဲ့ နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီ ၃၁ ယောက်ရဲ့ ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့်ကို ရုပ်သိမ်းဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြထားကြောင်း khaosod သတင်းမှာ ဖော်ပြထားပါတယ်။