လိမ်လည်မှုများ သတိထားရန်လို
အလုပ်သမားရေးရာဝန်ကြီးဌာနက လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် အလုပ်လုပ်ခွင့်ပါမစ်လျှောက်ထားတာကို လက်ရှိအချိန်ထိ မဖွင့်သေးဘူးလို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒီသတိပေးချက်ဟာ အလုပ်သမားတွေ လိမ်လည်ခံရတာနဲ့ ငွေကြေးဆုံးရှုံးတာတွေ မဖြစ်စေဖို့အတွက် ရည်ရွယ်ပါတယ်။
အရေးကြီးတဲ့ အချက်အလက်တွေကတော့
မှတ်ပုံတင်ခွင့် မဖွင့်သေးပါဘူး
- လက်ရှိအချိန်မှာတော့ တရားဝင်မှတ်ပုံတင်တာမျိုး မရှိသေးပါဘူး။ အကယ်၍ မှတ်ပုံတင်ခွင့်ဖွင့်မယ်ဆိုရင် အလုပ်သမားရေးရာဝန်ကြီးဌာနရဲ့ တရားဝင်သတင်းစာမျက်နှာတွေကနေ ကြေညာပေးမှာ ဖြစ်ပါတယ်။
လိမ်လည်မှုတွေကို သတိထားပါ
- အလုပ်သမားတွေအနေနဲ့ အလုပ်ရှာဖွေရာမှာ အကျိုးဆောင်ခကို ပုံမှန်ထက်ပိုတောင်းတာ၊ အလုပ်မစရသေးခင် ကြိုတင်ငွေအများကြီးပေးရတာ စတဲ့ မဟုတ်မမှန်တဲ့ ကိစ္စတွေကို လုံးဝ မယုံကြည်သင့်ပါဘူး။
အကူအညီတောင်းခံပါ
- အကယ်၍ လိမ်လည်လှည့်ဖြားခံရတာ ဒါမှမဟုတ် ခေါင်းပုံဖြတ်ခံရတာမျိုးတွေ ကြုံလာခဲ့ရင် ထိုင်းနိုင်ငံ အလုပ်သမားရေးရာဝန်ကြီးဌာနကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။ ဒါမှမဟုတ် အလုပ်သမားဟော့လိုင်းနံပါတ် ၁၅၀၆ ကိုလည်း တိုက်ရိုက်ခေါ်ဆိုပြီး အကူအညီတောင်းခံနိုင်ပါတယ်။
အလုပ်သမားဝန်ကြီးဌာနက မှန်ကန်တဲ့ အချက်အလက်တွေကို သိရှိနိုင်ဖို့အတွက် သူတို့ရဲ့ Facebook စာမျက်နှာကို Follow လုပ်ထားဖို့လည်း တိုက်တွန်းထားပါတယ်။