စမွတ်စခွန်၊ ကရထွန်ဘာအန်း မြို့နယ်မှာ အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ ပစ်ကပ်ထရပ်ကားတစ်စီးဟာ လမ်းဘေးမှာ လမ်းလျှောက်နေတဲ့ မြန်မာဇနီးမောင်နှံကို ဝင်တိုက်မိခဲ့တာကြောင့် နှစ်ဦးစလုံး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ အဖြူရောင် ပစ်ကပ်ကားတစ်စီးဟာ အရှိန်လွန်ပြီး လမ်းဘေးကို ချော်ထွက်သွားရာကနေ အဆိုပါ ဇနီးမောင်နှံကို တိုက်မိခဲ့တာလို့ ကားရှေ့ကင်မရာမှတ်တမ်းတွေအရ သိရပါတယ်။ အဲဒီနောက်မှာလည်း ကားက ဆက်လက်ထိန်းမနိုင်ဘဲ အိမ်ရှေ့မှာ ရပ်ထားတဲ့ နောက်ထပ်ပစ်ကပ်ကားတစ်စီးကို ထပ်မံတိုက်မိခဲ့ပါသေးတယ်။ဒုတိယအကြိမ် တိုက်မိမှုကြောင့် အိမ်ရှေ့မှာ သစ်ပင်စိုက်နေတဲ့ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးနဲ့ သူ့ရဲ့သားနှစ်ဦးလည်း ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မတော်တဆဖြစ်ပြီးနောက်မှာ ယာဉ်မောင်းကို ဆေးရုံပို့ဆောင်ပေးခဲ့ရပြီး၊ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။လက်ရှိအချိန်အထိ ဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျမသိရသေးဘဲ ရဲတပ်ဖွဲ့ကတော့ ကားမောင်းသူကို စစ်ဆေးပြီး ပေါ့ဆစွာမောင်းနှင်မှုနဲ့ အမှုဖွင့်အရေးယူသွားမယ်လို့ ch7 သတင်းမှာ ဖော်ပြထားပါတယ်။