လိုင်စင် နံပါတ်ပြားအတုတွေပါ ဖမ်းမိ
အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့က တရားမဝင် နိုင်ငံခြားသားအလုပ်သမားတွေကို ခိုးသွင်းတဲ့ ကားနှစ်စီးကို ဖမ်းဆီးခဲ့ပြီး မြန်မာနဲ့တရုတ်လူမျိုး ၇ ဦး နဲ့ ယာဉ်မောင်းတွေ ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။ အာရှလမ်းမကြီးပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ ကားနှစ်စီးကို ရဲတွေက ရပ်တန့်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးမိခဲ့တာပါ။
ကားတွေကို စစ်ဆေးကြည့်တဲ့အခါ မြန်မာနိုင်ငံသားနဲ့ တရုတ်နိုင်ငံသား စုစုပေါင်း ၇ ယောက်ကို တွေ့ရှိခဲ့ပြီး ၎င်းတို့မှာ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) တရားဝင်မှတ်ပုံတင်စာရွက်စာတမ်းတွေ တစ်ခုမှ မပါရှိဘူးလို့ ဆိုပါတယ်။ဖမ်းဆီးမှုအတွင်း လိုင်စင်နံပါတ်အတုများကို တွေ့ရှိခဲ့ပြီး အဆိုပါယာဉ်မောင်းအနေနဲ့ ကီလိုမီတာ ၁၀၀ တိုင်းမှာ လိုင်စင်နံပါတ်ပြားတွေကိုအလဲအလှယ်ပြုလုပ်ပြီး ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးခြင်းကို ရှောင်ရှားရန် ကြိုးစားခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းရာမှာ ယာဉ်မောင်းနဲ့ လမ်းပြတွေက ဥတ္တရာဒစ်ခရိုင်မှ အယုဒ္ဓယသို့ သယ်ယူပို့ဆောင်ရန်အတွက် အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၅,၀၀၀ ဖြင့် ခေါ်ဆောင်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၎င်းတို့အနေနဲ့ စစ်ဆေးရေးဂိတ်များကိုရှောင်ရှားရန် လမ်းကြောင်းပြကားကိုပါ အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။
အလုပ်သမားများကမူ ပွဲစားခအဖြစ် ဘတ်ငွေ ၅,၀၀၀ မှ ၁၅၀,၀၀၀ အထိ အရစ်ကျပေးဆောင်ရန် လှည့်စားခံခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိသူအားလုံးကို မဟာရတ်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
သတင်း – highway police