ဘန်ကောက် မြို့၊ ဘန်ရတ်ခရိုင်ရှိ ကလပ်၂ ခုမှာ ဩဂုတ်လ ၃ ရက်နေ့က မူးယစ်ဆေးဝါး၊ လိုင်စင်မဲ့လုပ်ငန်းတွေနဲ့ဥပဒေချိုး ဖောက်တဲ့ နိုင်ငံခြားသားတွေ ရှိနေကြောင်း ထိုင်းအာဏာပိုင်တွေက စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့ရာ မြန်မာအပါအဝင် ၄၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ပထမဆုံး ဝင်ရောက်စစ်ဆေးခဲ့တဲ့ ဘားအံ (Pha An) ဘားတွင် အီလက်ထရောနစ်စီးကရက် ၂၄ ချောင်း ၊ဆေးခြောက်၁၅ လိပ်နဲ့ မြန်မာဆေးပေါ့လိပ် ၈ လိပ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အလုပ်ရှင်အမည်နဲ့ အလုပ်နေရာကို ၁၅ ရက်အတွင်း မှတ်ပုံတင်ရုံးကို အကြောင်းကြားရန် ပျက်ကွက်မှုဖြင့် အလုပ်သမား ၁၃ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် ဗီဇာသက်တမ်းလွန်နေသူ ၃ ဦးနဲ့ တရားမဝင်နေထိုင်သူ ၁ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒုတိယဆိုင်ဖြစ်တဲ့ စကိုင်းဘား(Skybar) ကို ဆက်လက်စစ်ဆေးရာမှာ လာရောက်လည်ပတ်သူ ၂၇ ဦးကို ဆီးစစ်ဆေးမှုများအရ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆိုင်နှစ်ဆိုင်လုံးရဲ့ ပိုင်ရှင်တွေကိုလည်း တရားဝင်လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူအားလုံးကို ဘန်ရတ်ရဲစခန်းသို့ ခေါ်ဆောင်သွား ပြီး တရားဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
သတင်း – Thai police