ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနက အရေးကြီးတဲ့ အွန်လိုင်း ဝန်ဆောင်မှုအသစ်တစ်ခုကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ ဒါကတော့ ပုဂ္ဂလိကလုပ်ငန်းတွေကို အသုံးပြုပြီး အလုပ်လုပ်ကိုင်ခွင့်လိုင်စင်လုပ်ခြင်း နဲ့ လျှောက်လွှာလက်ခံခြင်းစနစ်ပဲ ဖြစ်ပါတယ်။
ဘာကြောင့် ဒီစနစ်ကို စတင်ရတာလဲ
အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနက ပြောင်းလဲလာတဲ့ အလုပ်သမားကဏ္ဍနဲ့အညီ ဝန်ဆောင်မှုတွေကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ဖို့ လိုအပ်တယ်ဆိုတာကို နားလည်ထားပါတယ်။ ဒီစနစ်သစ်က နိုင်ငံခြားသားအလုပ်သမားဆိုင်ရာ ဝန်ဆောင်မှုတွေကို ပိုပြီး ခေတ်မီ၊ အဆင်ပြေ၊ မြန်ဆန်ပြီး ပွင့်လင်းမြင်သာအောင် လုပ်ဆောင်နိုင်ပြီး လုပ်ငန်းကဏ္ဍရဲ့ လိုအပ်ချက်တွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်ဖို့ နဲ့ ကုန်ကျစရိတ်သက်သာစေဖို့ ရည်ရွယ်ပါတယ်။
ဘယ်အချိန်မှာ စတင်မှာလဲ
ဒီစနစ်သစ်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တရားဝင် စတင်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ
အဆင်ပြေမြန်ဆန်ခြင်း
- အဓိကအချက်ကတော့ အွန်လိုင်းစနစ် ကနေ ဝန်ဆောင်မှုပေးမှာ ဖြစ်လို့ ၂၄ နာရီပတ်လုံး အွန်လိုင်းကနေ အလုပ်လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားနိုင်ပါမယ်။ အွန်လိုင်းကနေပဲ စိစစ်ခပေးဆောင်နိုင်ပြီး ကိုယ့်လျှောက်လွှာအခြေအနေကို ချက်ချင်း စစ်ဆေးနိုင်ပါလိမ့်မယ်။
လုံခြုံစိတ်ချရခြင်း
- လိုင်စင်ခွင့်ပြုချက်ရပြီဆိုရင် လက်ဗွေနဲ့ မျက်လုံးစကင်န်စနစ်လိုမျိုး ခေတ်မီနည်းပညာတွေနဲ့ အတည်ပြုထုတ်ပေးမှာမို့ အချက်အလက်လုံခြုံမှုကိုလည်း စိတ်ချရပါတယ်။
နေရာတိုင်းမှာ ရရှိနိုင်ခြင်း
- နိုင်ငံတစ်ဝှမ်းလုံးမှာ ဝန်ဆောင်မှုစင်တာ ၄၀ ခု (ဘန်ကောက်မှာ ၇ ခု နဲ့ နယ်မှာ ၃၃ ခု) ဖွင့်လှစ်မှာဖြစ်ပြီး၊ ရွေ့လျားယာဥ်ဝန်ဆောင်မှုတွေကိုလည်း ပြည်သူတွေဆီ ပိုမိုရောက်ရှိနိုင်အောင် စီစဉ်ပေးထားပါတယ်။
ဒီစီမံကိန်းက အလုပ်သမားတွေအတွက် အလုပ်လုပ်ကိုင်ခွင့်ရရှိရေး လုပ်ငန်းစဉ်တွေကို ပိုမိုလွယ်ကူချောမွေ့စေပြီး အစိုးရနဲ့ ဆက်သွယ်ရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုလည်း လျှော့ချပေးနိုင်မှာပါ။ ခေတ်မီနည်းပညာတွေကို အသုံးပြုပြီး အဆင့်မြင့် ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ လုပ်ဆောင်တာမို့ ဒါဟာ အလုပ်သမားကဏ္ဍအတွက် ကောင်းမွန်တဲ့ ပြောင်းလဲမှု တခု ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။